Monday, June 08, 2015

၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူ ၂ဝအား ဂျပန်နိုင်ငံလေ့လာရေး ပို့ဆောင်ပေးသွားမည်


၂၀၁၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့်ဘက်စုံထူးချွန် ကျောင်းသားအယောက် ၂၀ အား မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု၊ ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အဖြစ် ပို့ဆောင် ပေး သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်းမှ သိရသည်။

အဆိုပါခရီးစဉ်ကို ဒုတိယအ ကြိမ်မြောက်အဖြစ် ပို့ပေးခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ်ကလည်း ဂျပန်နိုင်ငံ တောင်ပိုင်းကိုပို့ပေးခဲ့ကြောင်း၊ ယခု နှစ်တွင် ဂျပန်နိုင်ငံသို့ ခုနစ်ညအိပ် ရှစ်ရက်လေ့လာရေးခရီးစဉ်ဖြစ်ပြီး၊ စက်တင်ဘာလပထမပတ်တွင် စတင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

''အရင်နှစ်ကတော့ ဂျပန်တောင် ပိုင်းကို လေ့လာရေးပို့ခဲ့တယ်။ ဒီနှစ် မှာတော့ တိုကျိုမှာ သုံးရက်နေမယ်၊ ကျန်ရက်တွေမှာ ဂျပန်မြောက်ပိုင်း ကိုသွားမယ်။ အသေးစိတ်ကတော့ ညှိနှိုင်းဆဲဖြစ်တယ်။ တိုကျိုသုံးညမှာ Students Exchange Program တစ်ခုရှိမယ်။ နောက်တစ်ခါ General Science Museum ကို လေ့လာဖို့ တစ်ခုပါတယ်။ မြောက်ပိုင်းကိုရောက်ရင်တော့ Home Stay နေတာတွေ ပါမယ်''ဟု မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်း က ပြောသည်။

အဆိုပါကျောင်းသား၊ ကျောင်း သူများ ပဏာမရွေးချယ်မှုအဖြစ် ကျောင်းသား၊ ကျောင်းသူ ၉၅ဦးကို ရွေးချယ်ပြီး ယင်းထဲမှ ၂ဝကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ (နေ ပြည်တော်ကောင်စီနယ်မြေအပါအဝင်)အလိုက် ဘက်စုံထူးချွန်သူတစ်ဦး စီဖြင့် ၁၅ဦး၊ တစ်နိုင်ငံလုံးတွင် သိပ္ပံ ဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိ သည့် ထူးချွန်သူ ၁ဝဦးအနက်မှ ဘက်စုံထူးချွန်သူ သုံးဦး၊ တစ်နိုင်ငံ လုံး ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်အ များဆုံးရရှိသည့် ထူးချွန်သူ ၁ဝဦးအ နက်မှ ဘက်စုံထူးချွန်သူ နှစ်ဦး စုစု ပေါင်း အယောက် ၂ဝကို သတ်မှတ် ခွဲဝေရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အမှတ်စာရင်းများအား ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှတရား ဝင်ဆက်သွယ် ရယူပြီး လျှင် ပညာရည်ထူးချွန်ဆု လျှောက် ထားနိုင်ရေးအတွက် ပဏာမစာရင်း ဝင်သူများအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံခရီးစဉ်အတွက် ပဏာမစာရင်းဝင်သူ ၉၅ ဦးစာရင်း များကို မြန်မာ-ဂျပန်အသင်းမှ ထုတ်ပြန်ကြေညာ၍ သက်ဆိုင်ရာများသို့ ဆက်သွယ် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း၊ စာရင်းဝင်သူများအနေဖြင့် ပညာရည်ထူးချွန်ဆု အတွက် သတ်မှတ်ထားသော အဆို ပြုလွှာပုံစံများအား ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ ပညာရေးမှူးရုံးများ တွင်ဖြစ်စေ၊ မြန်မာ-ဂျပန်အသင်း ရန်ကုန်ရုံးတွင်ဖြစ်စေ ဆက်သွယ်ရ ယူပြီးလျှင် မိမိတို့ဆန္ဒ အလျောက် မြန်မာ-ဂျပန်အသင်းရုံး၊ ရန်ကုန်မြို့သို့ (၁၀-၇-၂၀၁၅)ရက်နေ့ အရောက် ပေးပို့လျှောက်ထားနိုင်ကြောင်း၊ လူ တွေ့စစ်ဆေးခြင်းနှင့် အတည်ပြုရွေး ချယ်ခြင်းတို့ကို ဇူလိုင်လတွင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအစီ အစဉ်ကို ကမ္ဘောဇဘဏ်မှ အဓိက ကူညီပေးခြင်းဖြစ်ကာ ဂျပန်နိုင်ငံမှ ကုမ္ပဏီတချို့နှင့် မြန်မာနိုင်ငံမှ SKY NET ရုပ်သံတို့မှလည်း ပူး ပေါင်းပါဝင်ကြောင်း သိရသည်။

မြန်မာ-ဂျပန်အသင်း၏ ပညာ ရည်ထူးချွန်ဆု၊ ဂျပန်နိုင်ငံလေ့လာ ရေးအစီအစဉ်ကို ဆောင်ရွက်ရခြင်း မှာ နှစ်နိုင်ငံပြည်သူအချင်းချင်းကူးလူး ဆက်ဆံမှုကို ကျောင်းသား၊ ကျောင်းသူများ ချစ်ခင်ရင်းနှီးမှုမှ တစ်ဆင့် တိုးမြှင့်စေရန်၊ မြန်မာနိုင်ငံ၏အနာ တ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့မှ ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ပြီး၊ နိုင်ငံ တော်ကိုယ်စား၊ မိဘပြည်သူများ အ စိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ဂုဏ် ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဂျပန်အသင်းကို၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ကာ လူမှု ရေးနှင့် ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၄ခု နှစ်မှစတင်ကာ တက္ကသိုလ်ဝင်တန်း ဘက်စုံထူးချွန်သူများကို ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

Photo Caption: ၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြည့်ရှုနေကြသူများ။
MMA
#Democracytoday



No comments:

Post a Comment

My Blog List