Thursday, June 11, 2015

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းနှင့် ပတ်သက်သည့် ထူးထူးခြားခြား ဖြစ်စဉ်များ


ပြီးခဲ့သည့် မေလက ကျောင်းသား/ သူ ၅၉၇၉၄၆ဦး ဝင်ရောက် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီး ဌာနမှ ဇွန်လ ၆ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။ ယင်း အောင်စာရင်း တွင်အောင်မြင်သူ ၂၂၄၈၄၇ ဦးနှင့် ကျရှုံးသူ ၃၇၃ဝ၉၉ ဦး ရှိခဲ့သည်။ ယခုနှစ် အောင်မြင်ခဲ့သည့် နှုန်းသည် ၂ဝ၁ဝ-၂ဝ၁၁ ပညာ သင်နှစ် အပါ အဝင် ၅နှစ်တာ ကာလ အောင်စာရင်း တို့နှင့်နှိုင်းယှဉ်ပါလျှင် အောင် ချက် ၃၇ ဒသမ ၆ဝ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်သွားခဲ့သည်။

ထို့အတူ ဂုဏ်ထူးရ ဦးရေမှာလည်း ၅နှစ် တာကာလ အတွင်း ယခုနှစ်က ၉၃၂၂၅ ဦးနှင့် အများဆုံး ဖြစ်ခဲ့ သည်။

ပြီးခဲ့သည့်နှစ် များက ဂုဏ်ထူးရသူ တို့မှာ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်က ဦးရေ ၂၈၆၁၂ဦး၊ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်က ၃၉ဝဝ၂ ဦး၊ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် က ၃၈၂၁၇ ဦးနှင့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် က ၄၅၅၈၇ ဦး ရှိခဲ့သည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၏ အောင်ချက်များ မှာလည်း တက်လာသည်ကို တွေ့ရသည်။

အထူးသဖြင့် အောင်ချက် ရာခိုင်နှုန်း ဆက်တိုက် ကျဆင်းနေသည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့၏အောင်ချက် မှာ သိသိသာသာ တက်လာပြီး ကချင်ပြည် နယ်မြစ်ကြီးနား၊ ရွှေကူမိုးညှင်း တို့မှဝင် ရောက် ဖြေဆိုသည့်ကျောင်းသား/သူ အချို့မှာ တစ်နိုင်ငံလုံး ဘာသာတွဲ အလိုက် အမှတ် အများဆုံးရ စာရင်းထဲပါဝင်ခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့မှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ဦးတို့သည် ဝိပ္ပံ ဘာသာတွဲ အ တွက် တစ်နိုင်ငံလုံး အမှတ် အများ ဆုံး ၄ဝ စာရင်း တွင် ပါဝင်ခဲ့သည် အထိ ထူးခြားမှု ရှိခဲ့သည်။

အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် ပုသိမ် စစ်ကြောင်း ထဲ၌ စာကျက်ရင်း ဆန္ဒပြသည့် ကျောင်းသူ မချောစုစံ သည်လည်း စာမေးပွဲ အောင်စာရင်းထဲ ပါဝင် ခဲ့သည်။

ယခုနှစ် အမှတ်ပေါင်း ၅၆၆ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ် အများဆုံး ရခဲ့သည့် မအိရတနာနိုင် သည် ပြီးခဲ့သည့်နှစ်က တစ်နိုင်ငံ လုံး အမှတ် အများဆုံးရခဲ့သူ၏ ညီမ အရင်းဖြစ်နေသည်ကလည်း ယခုနှစ်အ တွက် ထူးခြားမှုတစ်ရပ် ဖြစ်ခဲ့သည်။

ထိုမျှမကသေး ယခုနှစ် ကျရှုံးခဲ့သူ ၃၇၃ဝ၉၉ ဦးထဲမှ တောင် တွင်းကြီး ကျောင်းသူ တစ်ဦးနှင့် ရေနံချောင်း ဘော်ဒါဆောင် ကျောင်းသူ တစ်ဦးတို့မှာ လည်း ဆေးသောက် ၍ သေကြောင်း ကြံ စည်မှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ကျရှုံးခဲ့၍ မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့သူ ကျောင်းသူ တစ်ဦးကဲ့သို့ အထက်ပါ ကျောင်းသူနှစ်ဦးမှာ မသေဆုံး ခဲ့ပေ။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေး မြို့နယ်ထဲမှ ကျေးရွာ တစ်ရွာတွင်တော့ အစ်မဖြစ်သူ၏ အောင်စာရင်း သွားကြည့်ပေးသည့် နဝမတန်း ကျောင်းသူ တစ်ဦးမှာအဓမ္မကျင့် ခံခဲ့ရသည်။ ယခင်နှစ်က ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပု လမ်းဆုံမီးပွိုင့်တွင် အောင်စာရင်း သွားကြည့်သည့် ကျောင်းသား တစ်ဦး ကား တိုက်သေဆုံး သွားခဲ့ပြီး ယခုနှစ် တွင် ကွမ်းခြံကုန်းမြို့လယ်ကောင်၌ လူငယ်များ ရန်ပွဲတစ်ခုဖြစ်ခဲ့သည်။

လူမသေဆုံးခဲ့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော ရန်ပွဲတစ်ခုဟု မျက်မြင်တို့က ဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List