Wednesday, June 10, 2015

နောင်လာမည့် သမ္မတသည် ပြည်သူမုန်းတီးသူမဖြစ်ဖို့လိုကြောင်း ဦးခင်အောင်မြင့်ပြော



နောင်တက်လာမည့် သမ္မတသည် ပြည်သူများလိုလား လက်ခံသူ၊ ပြည်သူများမုန်း တီးခြင်းမခံရသူဖြစ်ဖို့လိုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦး ခင်အောင်မြင့်က ပြောကြားသည်။သမ္မတနေရာအတွက် စည်း ရုံးရေးကောင်းသော ပုဂ္ဂိုလ်ဖြစ် ရန်လိုအပ်ပြီး ပြည်သူမလိုလား သူ ဖြစ်လာပါက တိုင်းပြည်ငြိမ် သက်မှုမရှိနိုင်ဟု ပြောကြားသည်။

‘‘တိုင်းရင်းသားအဖွဲ့အစည်း တွေ အားလုံးက လိုလားလက်ခံ သူ၊ ပြည်သူတွေရဲ့ မုန်းတီးခြင်းမ ခံရသူဖြစ်ဖို့လိုတယ်။ နောက် ကြောင်းရာဇ၀င်လည်း ရှင်းလင်း သူဖြစ်ဖို့လိုတယ်’’ဟု ဇွန်လ ၉ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး၌ သတင်း မီဒီယာငါးခုက မေးမြန်းမှုကိုပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ခေါင်း ဆောင်သူသည် ဗိုလ်ချုပ်အောင် ဆန်းကဲ့သို့ စည်းရုံးရေးကောင်း သော၊ ပြည်သူအားလုံးယုံကြည် ခြင်းကို ရရှိသော ခေါင်းဆောင် မျိုးရရှိရန် လိုအပ်ကြောင်း ဦးခင် အောင်မြင့်က ဆိုသည်။ ‘‘အဲဒီလို ခေါင်းဆောင်မျိုးကို ရမှရမယ်။ တို့လူမျိုးက သိပ်ကွဲတတ်တာ။ လူသုံးယောက်ရှိရင် နှစ်ပါတီဖွဲ့ ချင်တာ’’ဟု ၎င်းက ဆိုသည်။ စည်းရုံးရေးကောင်းသည့် ပုဂ္ဂိုလ် ဟုဆိုသောကြောင့် ဒေါ်အောင် ဆန်းစုကြည်ဖြစ်နိုင်သလားဟု မေးမြန်းသောအခါ‘‘ရွေးကောက် ပွဲက  အဆုံးအဖြတ်ပေးလိမ့်မယ်။ အဖြေမှန်ကလေ 
အဘပြောရင် ခန့်မှန်းခြေဖြစ်လိမ့်မယ်’’ဟု ဦး ခင်အောင်မြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့်လည်း ‘‘၅၉(စ) မပြင်နိုင် ရင်လည်းလွှတ်တော်ဥက္ကဋ္ဌဆိုရင် လည်း မဆိုးပါဘူး။ ဒါလည်းကာ လုံမှာ ပါတာပဲ။ ဟိုးအရင်က တည်းက စိတ်ကူး။ ၀န်ကြီးချုပ်လို ရာထူးတစ်ခုလောက်ဖော်ချင်တာ ပေါ့။ ဒါပေမဲ့ အခု တင်မယ့်ထဲမှာ မပါဘူး။ ဆန္ဒပြုတုန်းက ပါတယ်။ ကော်မတီအဆင့်မှာ  ပြုတ် သွား တယ်ထင်တယ်။ ၀န်ကြီးချုပ်ဆို ရင် ၅၉(စ)နဲ့ လွတ်တယ်လေ’’ ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ယခုလွှတ်တော်ကာလအတွင်းတင်သွင်းမည့်  ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်မည့် ဥပဒေ ကြမ်းတွင်လည်း ၅၉(စ)ကို ပြင် ဆင်နိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်ရမည်ဟု ဆိုသည်။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သမ္မတနေရာ ၀င်ရောက်ရွေးချယ်ပိုင်ခွင့်ရှိ သင့်ကြောင်း အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက ပြည်ပခရီးစဉ်တစ်ခုတွင်လည်း ပြောကြားထားခဲ့ သည်။

7Day News Journal


No comments:

Post a Comment

My Blog List