အသေအပျောက်စာရင်းမှာ ၄၀၀ကျော်အထိ မြင့်တက်လာခဲ့ပြီးနောက်တွင် နှစ်ပေါင်း၇၀နီးပါးအတွင်းတွင် အဆိုးရွားဆုံး သင်္ဘောနှစ်မြုပ်မှုကပ်ဘေးတွင် ကြမ္မာငင်သူများကို ဂါရ၀ပြုသည့်အနေဖြင့် သင်္ဘောဟွန်းသံများ ညံစီလာချိန် တနင်္ဂနွေနေ့ (ဇွန် ၇ရက်)နံနက်ခင်းတွင် ရာနှင့်ချီသည့် ကယ်ဆယ်ရေးသမားများမှာ အလေးပြုသည့်အနေဖြင့် ဦးခေါင်းများကို ငုံ့ထားကြသည်။
ယန်စီမြစ်ပေါ်တွင် တနင်္လာနေ့နှောင်းပိုင်းက ခရီးသည်တင်သင်္ဘော Eastern Star နစ်မြုပ်ပြီးနောက် သေဆုံးသွားခဲ့ရသည့် လူ ၄၃၁ယောက်ကို သတိရအောက်မေ့သည့်အနေဖြင့် ကယ်ဆယ်ရေးသမားများ ငြိမ်ရပ်နေသည့် ပုံများကို နိုင်ငံပိုင်ရုပ်သံ စီစီတီဗီက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။
စီစီတီဗီနှင့် နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီ၏ တနင်္ဂနွေနေ့က သတင်းပို့ချက်အရ သေဆုံးသူဦးရေမှာ ၄၀၆ဦးအထိ မြင့်တက်လာခဲ့ပြီး နောက်ထပ်၁၁ဦးမှာလည်း ပျောက်ဆုံးနေသေးသည်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေါင်ပြည်နယ်၊ ကျန်းလီခရိုင်ထဲရှိ မြင်ပြင်ပေါ်တွင် သင်္ဘောမှောက်စဉ် ကုန်းပတ်ပေါ်တွင် ရှိနေခဲ့သည့် ကမ္ဘာလှည့်အများစုဖြစ်သည့် ခရီးသည် ၄၅၆ဦးအနက် ၁၄ယောက်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်။
ဤအသေအပျောက်စာရင်းအရ SS Kiangya သင်္ဘော ရှန်ဟိုင်းအနီးတွင် နစ်မြုပ်စဉ်က သင်္ဘောပေါ်လိုက်ပါလာသည့် လူပေါင်း ၄၀၀၀ကျော် သေဆုံးခဲ့ရသည့် ၁၉၄၈ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး သင်္ဘောနစ်မြှုပ်မှုဖြစ် သည်ဟု ဆိုသည်။
Ref: AFP
Mizzima - News in Burmese
No comments:
Post a Comment