အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဇွန်လနှောင်းပိုင်းတွင် ပါတီညီလာခံကျင်းပပြီးရွေးကောက်ပွဲအောင်နိုင် ရေးအတွက် အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုသိရသည်။ လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီက အောင်မြင်မှုရရှိပြီး လွှတ်တော်တွင် အမတ်နေရာ အများစုရလာပါက လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေ ရသည့် ဘင်္ဂါလီအရေး၊ မြစ်ဆုံအရေးအပါအဝင် နိုင်ငံရေးပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းရတော့မည်ဖြစ် သည်။
ယင်းအနေအထားနဲ့ပတ်သက်ပြီး NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား ရန်ကုန်မီဒီယာဂရု(ပ်)မှ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
*****
မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဇွန်လနောက်ဆုံးအပတ်မှာကျင်းပဖို့ရှိ တဲ့ ပါတီညီလာခံကနေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်စာရင်းကို ထုတ် ပြန်ပေးသွားဖို့ရှိသလား။
ဖြေ - ထုတ်ပြန်ဖို့မရှိဘူး။ ညီလာခံက ရွေးချယ်ရေးနဲ့လည်း မဆိုင်ဘူး။ တစ်နှစ် ကိုနှစ်ကြိမ်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးပါ။ အဓိကဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကတော့ ပါမှာပါ။ ဒီအတွက် ကျင်းပတဲ့အစည်းအဝေးတော့မဟုတ်ဘူး။
မေး - ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌက သမ္မတ မဖြစ်နိုင်တော့ ပါတီကနေ တခြားဘယ်သူ ကိုရွေးချယ်မှုတွေ ပြုလုပ်ထားတာရှိလဲ။ ဘဘဦးဉာဏ်ဝင်းကရော သမ္မတလုပ် ဖို့ မျှော်မှန်းထားတာရှိလား။
ဖြေ - ကျွန်တော်တို့ဆီမှာ ဒေါ်စုသမ္မတမဖြစ်နိုင်ရင် ဘယ်သူသမ္မတဖြစ်မှာလဲ ဆိုတဲ့ပြဿနာကို ဆွေးနွေးဆုံးဖြတ်ထားတာမရှိဘူး။ ၅၉(စ)အရ ငြိအောင် ရေးဆွဲထားတာပဲ။ အဲဒါကြောင့်လည်း ငြိနေပါတယ်။ အဲဒါက တစ်ကဏ္ဍပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ရေးမှာ ၅၉(စ)ပါမယ်၊ ၄၃၆ပါ မယ်၊ အဲဒါတွေက အရေးကြီးတာတွေပါ။
မေး - ဘဘကရော ၂ဝ၁၅မှာ သမ္မတလုပ်ဖို့ရှိလားခင်ဗျ။
ဖြေ - ကျွန်တော်ကိုယ်တိုင်လုပ်ဖို့လည်းမရှိဘူး။ ရွေးကောက်ပွဲလည်းမဝင်ဘူး။
မေး - လာမည့်ရွေးကောက်ပွဲကာလမှာ ပါတီရဲ့ အဓိကစိန်ခေါ်မှုတွေက ဘာတွေဖြစ် နိုင်လဲ။ ပြီးခဲ့တဲ့ ကြားဖြတ်မှာလည်း ပြဿနာများစွာပေါ်ပေါက်ခဲ့တဲ့သာဓက တွေ ရှိခဲ့တော့။
ဖြေ - ကျွန်တော်တို့ရဲ့စိန်ခေါ်မှုက ပထမဆုံးက လောလောဆယ်တွေ့နေရ တာတွေက မဲဆန္ဒရှင်စာရင်းပါ။ အဲဒီစာရင်းတွေ စိစစ်ရေးလုပ်လိုက်တဲ့အခါမှာ မှားယွင်းမှုတွေများပါတယ်။ အဲဒီလိုမှားယွင်းမှုတွေကို ဘယ်သူမှလဲ အပြစ် မတင်ပါဘူး။ ဒါပေမဲ့ တာဝန်ရှိတဲ့ရွေးကောက်ပွဲကော်မရှင်ကိုတော့ သွားပြော ပါတယ်။ သူတို့လည်း သေချာနားထောင်ပါတယ်။ သူတို့ပြုပြင်နိုင်တာပြုပြင် မယ်လို့လည်း ပြောပါတယ်။
မေး - ပါတီအနေနဲ့ ၂ဝ၁၅အလွန်မှာ လွှတ်တော်တွေမှာ အမတ်အများဆုံးရရှိခဲ့ရင် ယခုလက်ရှိ ဘင်္ဂါလီ အရေးကို ဘယ်လိုကိုင်တွယ်သွားဖို့ရှိလဲ။
ဖြေ - ကျွန်တော်တို့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ရင် ကြေညာချက်ထုတ်ပြန်ပေး ထားပါတယ်။ အဲဒီမှာပြော ထားတဲ့အချက်ခုနစ်ချက်ကိုလုပ်နိုင်ရင် ဘင်္ဂါလီအ ရေးက ပြေလည်သွားမယ်။ သို့သော်လည်း မျက်လှည့်ပြ သလို ချက်ချင်းလုပ် ချက်ချင်းပျောက်သွားမှာတော့ မဟုတ်ဘူး။ ဒီအရာတွေကဖြစ်တာလည်း အခုမှဖြစ်တာ မဟုတ်ဘူး။ အနှစ် ၄ဝလောက်ကတည်းကဖြစ်နေတာပါ။ အဲဒီ တော့ နောက်ထပ်စိတ်ရှည်စွာနဲ့ ဥပဒေနှင့် အညီလုပ်ဖို့လိုပါတယ်။ အဲဒါကြောင့် အခုလိုကြေညာချက်ထုတ်တာပါ။
မေး - လက်ရှိပေါ့။ မြစ်ဆုံစီမံကိန်းက လက်ရှိသမ္မတဦးသိန်းစိန်လက်ထက်မှာပဲ ဆိုင်းငံ့ ထားတော့ ဒီစီ မံကိန်းက မြန်မာပြည်အတွက် အကောင်အထည်ဖော်သင့်တဲ့စီမံ ကိန်းလား။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက် အနေနဲ့ရော နိုင်ငံသားတစ်ယောက် အနေနဲ့ပါဆိုရင် ဘယ်လိုသဘောထားရှိလဲ။
ဖြေ - ကျွန်တော် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်တော့မသိဘူး။ တစ်ခု ပြောနိုင်တာကတော့ ကျွန်တော်တို့ရဲ့ပြည်သူလူထုကို အသိမပေးဘဲနဲ့ တိုင်းပြည် ရဲ့ အရေးကြီးတဲ့မြစ်ဆုံကိစ္စကို ဆောင်ရွက်ခဲ့တဲ့ အစိုးရကို ကျွန်တော်အပြစ် တင်တယ်။ ဒီလိုအရေးကြီးတဲ့ဧရာဝတီက မြန်မာလူမျိုးတွေရဲ့အသက်ပါ။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူကိုအသိမပေးဘဲနဲ့ ဒီလိုစာချုပ်တွေချုပ်ခဲ့တာတွေက မှား တယ်လို့ယူဆတယ်။
မေး - မြန်မာနိုင်ငံရဲ့ စီမံကိန်းအတော်များများမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တွေပြုလုပ်တယ်။ အဲဒီလိုစီမံကိန်းပြုလုပ်တဲ့နေရာတိုင်းနီးနီးမှာ ဒေသခံတွေက ကန့်ကွက်မှုတွေပြုလုပ်တယ်။ အဲဒီလိုဖြစ်ရပ် တွေရှိတော့ ပါတီက ကိုယ်စားလှယ် တွေ လွှတ်တော်မှာ အများဆုံးရောက်ရှိခဲ့ရင် ဘယ်လိုဖြေရှင်းသွားနိုင် မှာလဲ။
ဖြေ - ကျွန်တော်တို့က ဖြေရှင်းမယ်၊ မဖြေရှင်းလို့မရဘူး။ အရင်းနှီးများတာက သတ်သတ်။ တစ်ဖက်သက်အ ကျိုးအမြတ်ယူတာကသတ်သတ်။ ကျွန်တော်တို့ လည်း ပညာရှင်တွေမွေးရမယ်။ သူတို့နဲ့တိုင်ပင်ပြီးလုပ်မယ် ။ နိုင်ငံရေးသမား ကလည်း စိတ်ကူးစိတ်သန်းပဲရှိမယ်။ ကျွန်တော်တို့က ပညာရှင်တွေအားကိုးပြီး လုပ်ဖို့လို တယ်။
မေး - ပါတီဥက္ကဋ္ဌကြီးက တရုတ်ပြည်ခရီးစဉ်သွားဖို့ရှိတော့ တရုတ်-မြန်မာဆက်ဆံ ရေး ဘယ်လိုရှိလာနိုင် လဲ၊ မြန်မာလူထုအတွက် ဘယ်လိုရလဒ်တွေရလာနိုင်လဲ။
ဖြေ - တရုတ်နဲ့မြန်မာက ပိုမိုပြီးနွေးထွေးတဲ့အခြေအနေရှိဖို့တော့လိုတယ်။ ဘာ ဖြစ်လို့လဲဆိုရင် နွေးထွေးမှု မရှိဘူး။ အချင်းများနေကြရင် နှစ်ဖက်စလုံးအကျိုး မရှိဘူး။ နယ်စပ်မှာ အင်မတန်အရေးကြီးတဲ့ကိစ္စ ရပ်တွေ ရှိတယ်။ ကမ္ဘာနဲ့ချီတဲ့ ပြဿနာတွေရှိတယ်။ မူးယစ်ဆေးဝါးတွေ၊ အဲဒါတွေက တစ်နိုင်ငံတည်းနဲ့လုပ် လို့မရ ဘူး။ ပူးပေါင်းပြီးလုပ်ရမှာ။ အဲဒီဂယက်က ကျွန်တော်တို့နိုင်ငံကို ထိခိုက်တယ်။
မေး - လက်ရှိ တရုတ်-မြန်မာ နယ်စပ်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေလုပ် နေတော့ စိုးရိမ်မှုတွေ ရှိလား။ ပါတီဥက္ကဋ္ဌကြီးရဲ့ ခရီးစဉ်မှာရော ဆွေးနွေးဖို့ရှိ နိုင်လား။
ဖြေ - ရှိမရှိတော့ ရိုးရိုးသားသားပြောရင်မသိပါဘူး။ နိုင်ငံရေးသမားတွေဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်ဆက် နွှယ်တာတွေ ဆွေးနွေးကြမှာပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ရန်ကုန်မီဒီယာဂရု(ပ်)ကနေ ကျေးဇူးတင်ပါတယ်။
TheYangonTimes
No comments:
Post a Comment