Saturday, June 13, 2015

နယ်စပ်ဒေသစီမံခန့်ခွဲမှုအပေါ် တရားဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်ကြိုးပမ်းဆောင်ရွက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တရုတ်သံအမတ်အားပြော


နယ်စပ်ဒေသစီမံ ခန့်ခွဲမှုအပေါ်တရားဥပဒေနှင့် အညီ ငြိမ်းချမ်းစွာဆောင် ရွက်နိုင်သည့် နည်းလမ်းကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကြိုး ပမ်းဆောင်ရွက်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်အား ပြော ကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ကိုးကန့်ဒေသ ပြဿနာ မှာ တပ်မတော်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ ဖုန်ကြားရှင်အဖွဲ့ ကလက်နက်ကိုင် ပဋိပက္ခကိုဖန်တီးပြီး အာဏာရယူရန်ကြိုးစားမှုဖြစ်သည်ဟုပြောကြားခဲ့ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး ယန်ဟို့လန် သည် တာဝန်ပြီးဆုံးပြီး တရုတ်နိုင်ငံသို့ ပြန်လည်မထွက် ခွာမီ ဇွန် ၁၂ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံလာရောက် တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းတွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံ ဆက်ဆံရေးတွင် အစိုးရချင်း၊ နိုင်ငံ ချင်းပြဿနာကြီးကြီး မားမားမရှိခဲ့ ဘဲနယ်စပ်ဒေသရှိ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏လုပ်ဆောင်ချက်များ အပေါ်မူတည်ပြီး အခက်အခဲဖြစ် သည်ဟု ရှုမြင်ပါကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ငြိမ်း ချမ်းစွာဆောင်ရွက်နိုင်သည့်နည်းလမ်းကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောကြားခဲ့မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးယန်ဟို့လန်က တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသက် တမ်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်း အခြေအနေများဘယ်လိုပြောင်း ပြောင်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အခြေအနေ ပြောင်းလဲရန်မရှိပါ ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီိးမှုမှာလည်း မဟာဗျူဟာ မြောက်ဆက်ဆံရေးတွင် များစွာအရေးပါပါကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက် ပိုင်းဒေသတွင် တည်ငြိမ်အေးချမ်း မှုအမြန်ရရှိစေလိုပါကြောင်း၊ တည် ငြိမ်အေးချမ်းမှသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်နိုင်ပါကြောင်း၊ ဖုန်ကြား ရှင်ဦးဆောင်သည့် တပ်ဖွဲ့ များဝင် ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား အနှောင့်အယှက် များစွာပေးခဲ့ပါ ကြောင်း၊ ချစ်ကြည်ရင်းနှီးသည့် အိမ် နီးချင်းကောင်း နိုင်ငံများဖြစ်သည် နှင့်အညီအခက်အခဲများကို အချိန်မီ ဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ ဖုန်ကြား ရှင်ကိုဆက်သွယ်၍ ကိုးကန့်ဒေသတွင်ဖြစ် ပေါ်ခဲ့သည့်တိုက်ပွဲများရပ် စဲရန်၊ ပြဿနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်တောင်းဆိုခဲ့ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများသည် နှစ် နိုင်ငံစလုံးအတွက်အနှောင့်အယှက် ဖြစ်စေ၍ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များကို အခိုင်အမာထောက်ခံအားပေး ပါသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ကလည်း MNDAA ၏အပစ်အခတ်ရပ်စဲ သည့်သတင်းကို ကြားသိရကြောင်း၊ ယင်းပြဿနာ မှာ တပ်မတော်မှစ ခဲ့ခြင်းမဟုတ်ဘဲ ဖုန်ကြားရှင်အဖွဲ့မှ လက်နက်ကိုင် ပဋိပက္ခကိုဖန်တီးပြီး အာဏာရယူ ရန်ကြိုးစားမှုဖြစ်ကြောင်း၊ မိမိနိုင်ငံ တော်အစိုးရ၏အစိတ် အပိုင်းနှင့် မိမိ တပ်ကိုလာရောက်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ထုတ် ရခြင်းသာဖြစ် ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံအားလုံးနှင့်မိတ်ဝတ် မပျက် ဆက်ဆံရေးငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးမူများအပေါ် အခြေခံ ပြီး အိမ်နီးချင်းနိုင်ငံတစ်ခု၏အကျိုး စီးပွားကို ထိခိုက်စေမည့်ကိစ္စရပ် များ ကို လုပ်ဆောင်မှုမရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။




No comments:

Post a Comment

My Blog List