Saturday, June 13, 2015

ပုဒ်မ ၅၉ နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို နောက်ကြောင်းပြန်ကြည့်ခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိဒါန်းတွင်ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်း တို့သည် အမျိုးသားညီလာခံက ချ မှတ်ပေးခဲ့သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများ နှင့်အညီ ဤပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်ဟု အတိအလင်းဖော်ပြထားသည့် အလျောက် ဖွဲ့စည်းပုံ အခြေခံဥပ ဒေပါ ပုဒ်မများသည် အခြေခံမူ များ၊ အသေးစိတ်အခြေခံရမည့်မူ များနှင့် အနှစ်သာရအားဖြင့် ရာ နှုန်းပြည့် ကိုက်ညီရ မည်ဖြစ်သည်။

အမျိုးသားညီလာခံစုံညီအ စည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အ ခြေခံရမည့် မူများကို ပြန်ပြောင်း လေ့လာမည်ဆိုလျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်အချို့သည် အခြေခံမူများ၊ အသေးစိတ်အခြေခံရမည့်မူ များ နှင့် ကွဲလွဲနေသည်ကို တွေ့ရှိရ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းနှင့် နိုင်ငံတော် အကြီးအကဲ အခန်းတို့နှင့် ပတ် သက်သောကွဲလွဲချက်များကိုပထ မဦးစွာသတိပြုမိသည်။

အမျိုးသားညီလာခံစုံညီအ စည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများ စာအုပ်ပါအ ခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပြင်ဆင်ခြင်း၊ အပိုဒ် ၄(က)တွင် နိုင်ငံတော်အခြေခံမူများ၊နိုင် ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တ ရားစီရင်ရေးဆိုင်ရာ ဖွဲ့စည်းမှု အ ပိုင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအခန်းတို့ရှိ ပြ ဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရန် သဘော တူလက်ခံပြီးနောက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက် ၀က်ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင် ရမည်ဟု အတိအလင်းဖော်ပြ ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်းအခန်းပါ အခြေခံမူများ နှင့် အသေးစိတ်အခြေခံရမည့်မူ များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ခြင်းနှင့်ဆက်စပ်၍ ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် လေးပုံသုံးပုံကျော်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲ ပေးပိုင် ခွင့်ရှိသူ၏ ထက်ဝက် ကျော်လိုအပ်သည့်အခန်းများကို ဖော်ပြရာ၌ နိုင်ငံတော်အကြီးအ ကဲအခန်းနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင် ဆင်ခြင်းအခန်းတို့ ပါရှိ သည်ကို မတွေ့ရှိရပေ။

သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးကော်မ ရှင်သည် နိုင်ငံတော်အကြီးအကဲ အခန်းပါ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ ပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတို့ကို ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက် ခံမှုအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအား လုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်ရမည်ဟူသောပြဋ္ဌာန်း ချက်အား အမျိုးသားညီလာခံစုံ ညီအစည်းအဝေးများက ချမှတ်ခဲ့ သည့် အခြေခံမူများ နှင့် အသေး စိတ်အခြေခံရမည့်မူများကိုကျော် လွန်လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေမူကြမ်း တွင် ထည့်သွင်း ရေးဆွဲခဲ့သည်ဟု မှတ်ချက်ပြုနိုင် သည်။

အမျိုးသားညီလာခံစုံညီအ စည်းအဝေးများက ချမှတ်ခဲ့သည့် အခြေခံမူများနှင့် အသေးစိတ်အ ခြေခံရမည့်မူများ အခန်း (၁၂)ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်း၊ အပိုဒ်၎(ခ)အရ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်အား လုံး၏ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲ ဖြင့် ပုဒ်မ ၅၉၊ ပုဒ်မ ၆၀နှင့် ပုဒ်မ ၄၃၆ တို့ကိုပြင်ဆင်နိုင်ရမည်ဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူ ကြမ်း၊ ပုဒ်မ ၄၃၆(က)ပါ ပြဋ္ဌာန်း ချက်အရ ပုဒ်မ ၅၉၊ ပုဒ်မ ၆၀-နှင့် ပုဒ်မ ၄၃၆ တို့ကိုပြင်ဆင်နိုင်ရန် ပိုမိုခက်ခဲသွားစေခဲ့သည်။ 

အကယ် စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းရေးဆွဲရေးကော်မရှင်သည် အမျိုးသားညီလာခံက ချမှတ်သည့် အခြေခံမူများ နှင့်အသေး စိတ်အခြေခံရမည့် မူများကို ပြင် ဆင်ခွင့်၊ ပြုပြင်ပြောင်းလဲနိုင်ခွင့် ရှိမည်မဟုတ်ပေ။ ကော်မရှင် သည် အခြေခံမူများ နှင့်အညီ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေး ဆွဲရေးကိုသာ အဓိကအလေးထား ဖော်ဆောင်ရမည်ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ၃ ရက် တွင် အမျိုးသားညီလာခံစုံညီအ စည်းအဝေးများ အောင်မြင်စွာပြီး ဆုံးခဲ့သည်။ အမျိုးသားညီလာခံ ကိုယ်စားလှယ်များ ကိုယ်စား က ချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင် အို) ကိုယ်စားလှယ် ဒေါက်တာ မနန်တူးဂျာသည် အမျိုးသား ညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အ သေးစိတ်အခြေခံရမည့်မူများ သ မိုင်းမှတ်တမ်းစာအုပ်ကို အမျိုး သားညီလာခံကျင်းပရေးကော်မ ရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီအတွင်းရေးမှူး (၁)ဒုတိယဗိုလ် ချုပ်ကြီး သိန်းစိန်(ယခုနိုင်ငံတော် သမ္မတကြီး)ထံပေးအပ်ခဲ့ သည်။ အဆိုပါအခြေခံမူများနှင့် အသေး စိတ်အခြေခံ ရမည့်မူများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေး ဆွဲရာတွင် တစ်သဝေမတိမ်းလိုက် နာရမည့် မူဘောင်များပင်ဖြစ် သည်။ အတွင်းရေးမှူး (၁)ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်(ယခုနိုင်ငံ တော်သမ္မတကြီး)သည် ၂၀၀၃ ခုနှစ် စက်တင်ဘာ ၆ ရက်မှစ၍ ၂၀၀၇ စက်တင်ဘာ ၃ ရက်ထိ လေးနှစ်နီးပါး အမျိုးသားညီလာခံ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၇ အောက်တိုဘာ ၁၈ ရက် တွင် အဖွဲ့ဝင် ၅၄ ဦးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ ဥက္ကဋ္ဌသည် တရားသူကြီးချုပ် ဦးအောင်တိုး ဖြစ်ပြီး ကော်မရှင်၏အတွင်းရေး မှူးသည် ဥပဒေရေးရာဆေးပညာ ရှင် ဒေါက်တာသောင်းမြင့်ဖြစ် သည်။ 

ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို တိတ် တိတ်ဆိတ်ဆိတ် ရေးဆွဲခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် တွင် နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲပြီးစီးပြီဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ကြေ ညာခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံ နှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်းသည် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရာတွင် အ ခြေခံရန် အမျိုးသား ညီလာခံစုံညီ အစည်းအဝေးများကချမှတ်သည့်အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများ စာအုပ်ကို ၂၀၀၇ စက်တင်ဘာတွင် အင်္ဂ လိပ်ဘာသာ၊ မြန်မာဘာသာဖြင့် အုပ်ရေ ၅၀၀ ခန့် ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ အဆိုပါစာအုပ် တွင် ဖော် ပြထားသည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့် မူများ သည် တိုင်းရင်းသား ပြည်သူလူ ထုအကြား ကျယ်ကျယ် ပြန့်ပြန့် ရောက်ရှိ နိုင်မှုအပိုင်းတွင် အလွန်အမင်းအားနည်းခဲ့သည်မှာ ငြင်းမရသောအချက်ဖြစ် သည်။

အချုပ်အားဖြင့်ဆိုသော် အ မျိုးသားညီလာခံစုံညီအစည်းအ ဝေးများတွင် အစိုးရအလိုကျကိုယ် စားလှယ်အများစုပါဝင်သည့် အ လျောက်အခြေခံမူ များနှင့်အသေး စိတ်အခြေခံရမည့် မူများကို အ တည်ပြုဆုံးဖြတ်ရာတွင် တစ်ဖက် သတ်အားသာချက်ရယူခဲ့ သည်။ စိတ်တိုင်းကျရေးဆွဲအတည်ပြုခဲ့ သော အခြေခံမူများပင်ဖြစ်လင့်က စား ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းရေး ဆွဲရာတွင် ဘေးဖယ် ထားခဲ့သည့် ပြဋ္ဌာန်းချက်များ၊ အ ပြောင်းအလဲလုပ်ခဲ့ သည့် ပြဋ္ဌာန်း ချက်များရှိနေသည့်အလျောက် လက်ငင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအကျပ်အတည်း ကျော်လွှားနိုင် ရေးကို ဗျူဟာမြောက်ချဉ်းကပ်ရာ တွင် အမျိုးသားညီလာခံမှစ၍ မ ဖြစ်မနေ တစ်စစီပြန်ဆွဲထုတ်နိုင် မှသာ တော်ကာကျမည်ဖြစ်ပါ ကြောင်း မီးမောင်းထိုးတိုက်တွန်း လိုက်ရပါသည်။

7Day News Journal



No comments:

Post a Comment

My Blog List