Friday, June 12, 2015

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်မသင့်သေးကြောင်း တပ်ချုပ် ပြောကြား


 ပြည်သူ ငါးသန်းကျော် က ပြင်ဆင်ရန် ဆန္ဒပြုလက်မှတ် ရေးထိုးထားသော အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သော့ချက်ဖြစ် သည့် ပုဒ်မ ၄၃၆ သည် လက်ရှိကာလ၌ ပြင်ဆင်ရန်မသင့်သေး ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။ဇွန်လ ၉ ရက်တွင် ပြုလုပ်သည့် ဂျပန်နိုင်ငံ The Mainichi သတင်းဌာနနှင့် အင်တာဗျူး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်းထည့် သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၄၃၆ နှင့် ၅၉ (စ)အပါ အ၀င် အခြေခံဥပဒေပါ အချက် အချို့ပြင်ဆင်ရန် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန်လ ၁၁ ရက်တွင် အဆိုပါ အင်တာဗျူး ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

‘‘ဒီအချိန်ကတော့ ပြင်ဖို့မ သင့်သေးတဲ့ အချိန်တစ်ခုလို့ ပြော ရပါလိမ့်မယ်။ အခြေအနေပေါ်မူ တည်ပြီးတော့မှ တိုင်းပြည်တစ်ခု ရဲ့ အခြေအနေ မယိမ်းယိုင်အောင်ဆိုတာ ကျွန်တော်တို့က ပြန်ပြီး ထိန်းရတာဖြစ်တဲ့အတွက်ကြောင့် အခြေအနေအရပ်ရပ်တွေ အား လုံးကောင်းလာတဲ့အခါမှာ ဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာက အဓိကမဟုတ်တော့ဘူးဆိုတာ အဲဒီ အချိန်ကျရင် သဘောပေါက်လာ ပါလိမ့်မယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း ဖြစ်ပေါ် လာသည့် နိုင်ငံ၏ အပြောင်းအလဲ များကို လက်ရှိပကတိအခြေအ နေထိဖြစ်လာစေရန် တပ်မတော် က လုပ်လာခဲ့ခြင်း ဖြစ်သည့်အ တွက် လက်ရှိအခြေအနေကို ယိမ်း ယိုင်သွားစေမည့် မည်သည့်ကိစ္စ ရပ်မဆို တပ်မတော်အနေဖြင့် မည်သို့မျှ လက်ခံ၍မရကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့က လက်ရှိ တည်ငြိမ်နေတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်။ နောက်အချုပ် အခြာအာဏာရှိတဲ့ နိုင်ငံတစ်ခုအ နေနဲ့ ခိုင်ခိုင်မာမာရပ်တည်နိုင် အောင် လုပ်နေတယ်။ ဒီလိုအခြေ အနေမျိုးရောက်အောင် တပ်မ တော်က လုပ်ခဲ့တာဖြစ်တဲ့အ တွက်ကြောင့် ဒီအခြေအနေမျိုး ထိခိုက်တာကိုတော့ ကျွန်တော်တို့ တွေဟာ ဘယ်လိုမှ အရောက်မခံ နိုင်ပါဘူး’’ ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အင်တာဗျူး တွင် ဆက်လက်ပြောကြားသည်။

အခြေခံဥပဒေတစ်ရပ်သည် အခြေအနေ အချိန်အခါအရပြုပြင်ရန်လိုအပ်သည် မှန်သော် လည်း လွယ်လွယ်ကူကူပြုပြင်နိုင် မည့် အနေအထားမျိုးဖြစ်လာ လျှင် ကောင်းမွန်မှုမရှိနိုင်ကြောင်း ၎င်းက ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်၏သဘောတူညီမှုမပါဘဲ ပြင်ဆင် ရန်မှာ မည်သို့မျှဖြစ်နိုင်ခြေမရှိသ ဖြင့် ထိုကဲ့သို့ မဖြစ်စေရန် ညှိနှိုင်း သည့်အနေဖြင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရန်တောင်းဆိုနေချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းသည် တပ်အနေဖြင့် ယခင်ရပ်တည်ချက်ကိုပင် ဆုပ်ကိုင်ထားခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့က သုံးသပ်သည်။

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် အရေးကြီးသော  ပုဒ်မ ၉၀ ကျော်ကို ပြင်ဆင်လိုပါ က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံမှသာ လူထု ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဦးရေထက်ဝက်ကျော် ၏ ထောက်ခံမှုရရှိမှသာ ပြင်ဆင် နိုင်မည်ဖြစ်ရာ ထိုအချက်များပြင် လိုလျှင် ပြည်ထောင်စုလွှတ်တော် ရှိ တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး တစ်ဦး၏ ထောက်ခံမှု ကို မဖြစ်မနေလိုအပ်နေသည်။

‘‘ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးလမ်းကြောင်းပေါ်ရောက် အောင် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ရေး အဆိုကို အတည်ပြုခဲ့တယ်။ ဒီခြောက်ပွင့်ဆိုင်ရဲ့ တစ်ဆို့မှု ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ် မလာခဲ့ရင် သမိုင်းတွင်မယ့် အမှားတစ်ခုဖြစ်သွားမှာ စိုးတယ်။ ပြည်ထောင်စုလွှတ်တော် မှာ တင်မယ့် ဖွဲ့စည်းပုံဥပဒေကြမ်း မှာ ၂၅ ရာခိုင်နှုန်းဘက်က က မောက်ကမဆွေးနွေးပြီးမှ ပြည်သူ ရဲ့ ရပ်တည်ချက်သည် ပြောင်းပြန် ဖြစ်သွားမယ့် မြင်ကွင်းမျိုးကို ထုတ်ဖော်ပြလာတဲ့အခါ စစ်ဘက်၊ အ ရပ်ဘက်ဆက်ဆံရေးပျက်ယွင်း သွားနိုင်တယ်’’ဟု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် တိုင်းရင်းသားများ အတွက် ကိုယ်စားပြု ပါဝင်သူ ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။

မိမိတို့ပူးပေါင်းဆောင်ရွက် ထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ရရှိထားသော လက်မှတ် ငါးသန်းအပေါ် တာဝန်ယူမှု၊ တာ ၀န်သိမှုတို့ဖြင့် အကောင်အထည် ပေါ်ရေး ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း မေလ ၂၇ ရက်တွင် NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့ ပူးတွဲထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးသည့်အခါ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် အများပြည်သူပြင်ဆင်ရန် ဆန္ဒရှိသော အချက် များကို ကန့်ကွက်မဲပေးနေပါက ရရှိလာမည့် အဖြေသည် သမိုင်း တွင် ပေါ်လွင်လာမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

‘‘တပ်မတော်ကနေ အကုန် လုံးကို မပြင်ချင်ဘူးဆိုပြီး အကုန် လုံးကန့်ကွက်မဲပေးနေရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရား သဖြင့် ပြင်ဆင်နိုင်ရေးက ဘယ် အဖွဲ့အစည်းက ဘယ်လိုကန့် ကွက်လို့လဲဆိုတဲ့ အဖြေက သမိုင်းမှာ ပေါ်လာလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)တို့ အပါအ၀င် ပုဒ်မအချို့ကို ပြင်ဆင်ထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်သို့ ဇွန်လ ၁၀ ရက်တွင် တင်သွင်းထားသည်။

7Day Daily


No comments:

Post a Comment

My Blog List