Thursday, June 11, 2015

ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ဆူပူမှုဖြစ်အောင် မဖန်တီးရန်လိုကြောင်း သမ္မတဦးသိန်းစိန်ပြော



၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်တွင် ဆူပူမှုဖြစ်အောင် လုပ်ကြံဖန်တီးခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။ တောင်ကြီးမြို့ မြို့တော်ခန်း မတွင် ဇွန်လ ၁၀ရက် နံနက်က သမ္မတဦးသိန်းစိန်နှင့်ဒေသခံပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနား၌၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ရွေးကောက်ပွဲမတိုင်မီကာ လမှာ တိုင်းပြည် ဆူဆူပူပူဖြစ် အောင် မဖန်တီးဖို့လိုတယ်။ အရင် တုန်းကလည်း ရွေးကောက်ပွဲမ တိုင် ခင်ကာလမှာ အချင်းချင်းသတ်တာဖြတ်တာတွေ ဖြစ်ခဲ့၊ ရှိခဲ့ဖူးတယ်’’ဟု ဦးသိန်းစိန်က ၎င်း၏အ မှာစကားတွင်ပြောကြားသည်။

ယခင်အတိတ်ကာလကကဲ့ သို့ ဆူပူမှုမျိုးမဖြစ်ပွားရန် ရွေး ကောက်ပွဲကော်မရှင်၊အုပ်ချုပ် ရေးပိုင်းမှသာမက ပြည်သူလူထု နှင့် ပါတီများကပါ ၀ိုင်းဝန်းကူညီ ပေးကြရန်လိုအပ်ကြောင်းဦးသိန်း စိန်က ဆက်လက်ပြောသည်။

‘‘ရွေးကောက်ပွဲအောင်မြင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ ရွေး ကောက်ပွဲကော်မရှင်တစ်ခုတည်း လုပ်နေလို့လည်း မရပါဘူး’’ ဟု ၎င်းကပြောသည်။

ထို့အပြင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုသည်ကို တစ်ကမ္ဘာလုံးကမျက်စိ ဒေါက်ထောက်ကြည့်ရှုနေပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်ပြီးတရားမျှတရန် ကြိုးစားနေသည်ဟု သမ္မတဦးသိန်းစိန်ကပြောသည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကို အောက်တိုဘာလ ကုန်(သို့မဟုတ်)နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ကပြောကြားထားသည်။

ဇွန်လ ၁၀ရက်ကတောင်ကြီး မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ သည့် နိုင်ငံတော်သမ္မတဦးသိန်း စိန်နှင့် တောင်ကြီးဒေသခံပြည်သူ များတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန် ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန် ကြီးများ၊ မြို့ရွာ၊ ရပ်ကွက်ဖွံ့ဖြိုးမှု အထောက်အကူပြု ကော်မတီ များ၊ တိုင်းရင်းသားစာပေယဉ်ကျေး မှုအသင်းများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများအပါအ၀င်စုစု ပေါင်း လူဦးရေ ငါးရာခန့်တက်ရောက်ခဲ့ ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်အဖြစ် ဇွန်လ ၉ရက်က သမ္မတဦးသိန်းစိန်သည်ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့ သွားရောက် ခဲ့ပြီး အင်းစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းနေ့ ညနေတွင် ကျောက် တစ်လုံးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယကဦးအောင်ခမ်းထီနှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန် တောင်ကြီးမြို့ခံများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ − MOI)
7Day Daily

No comments:

Post a Comment

My Blog List