Saturday, June 13, 2015

လယ်ယာမြေလုပ်ပိုင်ခွင့်မှားယွင်းစွာချထားပေးမှုဖြစ်စဉ်ကြောင့် မြေစာရင်း များ မှန်မှန်ကန်ကန်ဆောင်ရွက်စေရေး ကြီးကြပ်ပေးရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌပြော


မြေစာရင်းဌာနမှ တောင်သူများအားလယ်ယာ မြေလုပ်ပိုင်ခွင့် မှားယွင်းစွာ ချထား ပေးမှုဖြစ်စဉ်ကြောင့် မြေစာရင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ပေးရန် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောသည်။
ဇွန် ၁၂ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ညိုက ပေါက်မြို့နယ် မျှားပိုင် ကျေးရွာအတွင်း တပ်မတော်ကာ ကွယ်ရေးပစ္စည်း စက်ရုံအနီးတွင် လယ်ယာမြေလုပ် ပိုင် ခွင့်မြေစာရင်း ပုံစံ(၇)ကို တောင်သူ များထံချထားပေးသည့်နေရာအား တပ်မတော်ကာ ကွယ်ရေးပစ္စည်းစက်ရုံ နယ်နိမိတ် အဖြစ် သတ်မှတ်စိုက်ထူမှုကိုဖယ်ရှား ပေးရန်ရှိ၊ မရှိမေးမြန်း ခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ကာ ကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ကာ ကွယ်ရေးပစ္စည်းစက်ရုံ စက်ရုံမှူး က ပေါက်မြို့နယ် မြေစာရင်းဦးစီးဌာန နဲ့တာဝန်ရှိသူများနှင့်အတူ စက်ရုံ နယ်နိမိတ်အဖြစ် သတ်မှတ်စိုက်ထူ ထားသည့်အုတ်တိုင် များအား မြေ ပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တပ်ပိုင်မြေအတွင်းပါဝင်သည့် လယ်မြေ ၈ဒသမ၂ ဧက၊ ယာမြေ ၁၅၁ ဒသမ ၅၄ ဧက၊ ကိုင်းမြေ ၂၈ ဒသမ ၅၉ဧက စုစုပေါင်း ၁၈၈ဒသမ ၃၄ ဧက အား မြို့နယ်မြေစာရင်းဦးစီးဌာန၏မှားယွင်း မှုကြောင့် လယ်ယာ မြေ လုပ်ပိုင်ခွင့်ပုံစံ(၇)ထုတ်ပေးခဲ့ခြင်း ဖြစ် ပြီး စက်ရုံနယ်နိမိတ်ကျောက်တိုင် များမှာ မှားယွင်းမှုမရှိကြောင်းပြန် လည်ဖြေကြားခဲ့ သည်။

ယင်းသို့ ဖြေကြားမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက''မြေစာရင်းပုံစံ (၇)ကို မြို့နယ်မြေစာရင်းက မှားယွင်း တယ်လို့ဖြေကြားသွားတာတွေ့ရပါ တယ်။ ဒီလိုမြေစာရင်းပုံစံ(၇)ကို ထုတ်ပေးမယ်ဆိုရင် မြို့နယ်မြေစာ ရင်းဌာနတွေက သေချာစွာစစ်ဆေး ပြီးမှသာ ထုတ်ပေးခြင်းဖြစ်သော ကြောင့်တောင်သူများဟာ လုပ်ပိုင် ခွင့်ပုံစံမြေစာရင်းပုံစံ(၇) ရရှိပြီးကာ ကျမှ ကာကွယ်ရေးပစ္စည်းစက်ရုံက ပြန်လည်သိမ်းယူခဲ့တယ်ဆိုတာက ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိသိလိုပါ တယ်''ဟု ထပ်ဆင့်မေးခွန်း မေးမြန်း ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးကမူ ပြန်လည်ပြီး တိုင်း ထားတာမှားယွင်းမှုမရှိကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ယင်းသို့ဖြစ်စဉ်အပေါ် ပြည် သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးနန္ဒ ကျော်စွာက''မြေစာရင်းဦးစီးဌာန ရဲ့ပုံစံ (၇)ထုတ်ပေးတာ မှားယွင်း တယ်ဆိုတာကတော့ကြားရတာလဲ မကောင်းပါဘူး။ သက်ဆိုင်ရာဌာန အနေနဲ့လဲ ဒီလိုမျိုးမှားယွင်းတယ် ဆိုရင် ယုံကြည်မှုတွေ ကင်းကွာလာ မှာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင် ရာမြေစာရင်းတွေကို မှန်မှန်ကန် ကန်ဆောင်ရွက်ဖို့၊ ညွှန်ကြားဖို့အ ကြံပေးလို ပါတယ်''ဟု ပြောကြားခဲ့ သည်။

အမှတ်(၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံအတွက် တပ်ပိုင်မြေ သိမ်းယူခြင်း တွင် ဦးပိုင်ပေါက်မြေ ၁၃၁ဧက၊ ယာမြေ ၃ဝ၆၆ဧကနှင့် ကိုင်းကျွန်းမြေ ၂ဝ၇ဧက၊ စုစုပေါင်း ၃၄ဝ၄ဧကကို သိမ်းဆည်းခဲ့ပြီး မြေ လျော်ကြေးပေး ငွေကျပ် ၁၇၄သိန်း ကျော်ပေးလျော် ခဲ့ကြောင်း စီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မရှိသည့်နေရာများနှင့်စက်ရုံများ၏လုံခြုံရေးထိခိုက် သောနေရာများရှိ လယ်ယာမြေ၂၈၁၈ဒသမ ၁၆ဧက ကို ပတ်ဝန်းကျင်ဒေသ ရှိ တောင်သူ များငွေကြေးတစ်စုံတစ်ရာမရရှိဘဲ အခမဲ့နှစ်စဉ်စိုက်ပျိုး လုပ်ကိုင်စေ လျက်ရှိကြောင်းကာကွယ်ရေးဝန် ကြီးဌာဒုတိယဝန်ကြီး၏ ပြောကြား ချက်အရ သိရသည်။

YM



No comments:

Post a Comment

My Blog List