သမ္မတဦးသိန်းစိန်သည် မြန်မာဘောလုံး အသင်းနှစ်သင်း၏ပွဲစဉ်အားလုံးနီးပါးကို နေပြည် တော်သမ္မတအိမ်တော်မှ တောက် လျှောက် ကြည့်ရှုအားပေးခဲ့ ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ယှဉ်ပြိုင်ခဲ့သော မြန်မာအသင်း၏ ပွဲစဉ်များနှင့် စင်ကာပူ နိုင်ငံ၌ ယှဉ်ပြိုင်နေသည့် ဆီးဂိမ်း ယူ-၂၃ ၏ ပွဲစဉ်တိုင်းနီးပါးကို မိသားစုနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြောင်း သမ္မတအိမ်တော်မှ သိရသည်။
တီဗီရှေ့တွင် ထိုင်ခုံတစ်လုံး ဖြင့်ထိုင်ကာ မြန်မာအသင်းဂိုး ပြတ်အနိုင်ရခဲ့သော မြန်မာ- ဖိလစ်ပိုင်ဆီးဂိမ်းဘောလုံးပွဲစဉ် ကို လက်ခုပ်တီးအားပေးနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး သမ္မတဦးသိန်းစိန် နှင့်အတူ မိသားစုဝင်များလည်း အားပေးခဲ့ကြောင်း သမ္မတအိမ် တော်မှ သိရသည်။
မြန်မာ ယူ-၂၀ အသင်း၏ ပထမဆုံးပွဲစဉ်ဖြစ်သည့် အမေရိ ကန်အသင်းနှင့် ပွဲစဉ်ကိုမူ သမ္မတ ဦးသိန်းစိန်သည် ပုသိမ်မြို့တွင်ပြု လုပ်သည့် ကျေးလက်ဖွံ့ဖြိုးရေး အခမ်းအနားသို့ တက်ရောက်နေ၍ မကြည့်ရှုလိုက်ရသော်လည်း ကျန် မြန်မာပွဲစဉ်အားလုံးကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် ပြုလုပ်ကျင်းပသည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်နေကြသည့် မြန်မာ့ဂုဏ် ဆောင် အားကစားအဖွဲ့အားလုံး ကျန်းကျန်းမာမာရှိစေရန် ဆုမွန် ကောင်းတောင်းပါကြောင်း နိုင်ငံ တော်သမ္မတက ဂုဏ်ပြုအားပေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားအဖွဲ့သည် ဇွန်လ ၈ ရက်ထိ ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ် ၁၆ ခု စုစုပေါင်း ဆုတံဆိပ် ၄၀ ခု ရယူ ထားပြီး အဆင့် (၆) နေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာ ယူ-၂၃ ဘောလုံးအသင်းမှာ သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ် ဖြင့် အုပ်စုပထမရရှိထားကာ အဆိုပါ ဗိုလ်လုပွဲသို့ တက်ရောက် ရန် သေချာနေပြီဖြစ်သည်။
သမ္မတဦးသိန်းစိန် ရုပ်သံမှ ထုတ်လွှင့်ပြသသော ဘောလုံးပွဲကို ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ − သမ္မတရုံး ၀က်ဘ်ဆိုက်)
7Day Daily
No comments:
Post a Comment