Friday, May 08, 2015

စစ်အင်အားပိုမိုတောင့်တင်းအောင် တည်ဆောက်နေခြင်းက ဒုတိယကမ္ဘာစစ်က အဖြစ်ဆိုးမျိုးထပ်မံမကြုံတွေ့ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တရုတ်ပြောကြား


ဒုတိယကမ္ဘာစစ်က အဖြစ်ဆိုးမျိုး ထပ်မံမကြုံတွေ့စေရေး အာမခံချက် ရှိစေရန် တရုတ်သည် ပိုမိုအင် အားတောင့်တင်းသော စစ်တပ် တစ်ခုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း မေ ၈ က စစ်တပ်၏ သတင်း စာတွင်ဖော်ပြခဲ့သည်။ထိုစဉ် တရုတ်သမ္မတ ရှီကျင်ပင်းမှာ ကမ္ဘာစစ် အထိန်းအမှတ် များအတွက် ရုရှားသို့ သွားရောက်နေသည်။


စတဲ့လ်သ်ကိုယ်ပျောက်တိုက်လေယာဉ်နှင့် ဂြိုဟ်တုဖျက်ဒုံးများ တီထွင်တည်ဆောက်မှုတို့ပါဝင်သောတရုတ် ၏ စစ်အင်အားတည်ဆောက်မှု သည်ဒေသတွင်းနှင့် ၀ါရှင်တန်ကို ချောက်ခြားစေခဲ့ပြီး ယင်းဖြစ်စဉ်တို့မှာ အထူးသဖြင့် ၂၀၁၃ခုနှစ်က ရှီကျင်းပင်အာဏာရပြီးနောက်ပိုင်းဖြစ်သည်။ ထို့အပြင် တရုတ်သည် ပင်လယ် တွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍ ပိုမိုသဘောထားတင်းမားသည့် ရပ်တည်ချက်ကို ရွေး ချယ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်း တရုတ်နိုင်ငံ၏ အစိတ်အပိုင်းများ ကိုသိမ်းယူခဲ့မှုအတွက် ဂျပန် သည်အပြစ်ပြေရာပြေကြောင်းပြုလုပ် ရန်ပျက်ကွက်သည်ဟု တရုတ်က ယူဆသည့်အတွက် တရုတ်-ဂျပန် ဆက်ဆံရေး ဆိုးဝါးနေသည်မှာ ကာလကြာမြင့်နေပြီဖြစ်သည်။

စစ်ပြီးသည့် အထိမ်းအမှတ်အတွက် နိုင်ငံအကြီးအကဲများတက်ရောက်မည့် ပွဲများကျင်းပမည်ဟု အစိုးရ က ပြောကြားထားပြီး စက်တင်ဘာလတွင်ပေကျင်းတွင် ပြုလုပ်မည့် စစ်ရေးပြအခန်းအနားလည်းပါဝင် မည်ဖြစ်သည်။

သမ္မတရှီသည် စနေနေ့ မော်စကိုတွင်ပြုလုပ်မည့် အလားတူစစ်ရေးပြအခန်းအနားသို့ တက်ရောက် မည်ဖြစ်ပြီး ယင်းအခန်းအနားတွင် တရုတ်စစ်သားများလည်း ချီတက်မည်ဖြစ်သည်။ ဂျပန်၏ ကျူးကျော် မှုကြောင့် တရုတ်အရှက်ရခြင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ထိုစဉ်က နိုင်ငံမှာ အားနည်းပြီး စစ်ရေးအရ လည်းခေတ်နောက်ကျ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တရုတ်စစ်တပ် သတင်းစာ၏ အယ်ဒီတာ အာဘော်တွင်ဖော်ပြထားသည်။ နိုင်ငံအားနည်းချိန်မှာ စစ်တပ်ကလည်း အားနည်း ဒီလိုဖြစ်ချိန်မှာ အနိုင်ကျင့်ခံရပါလိမ့်မယ် ဟု အာဘော်တွင်ရေးထားသည်။

ဒီကနေ့ကမ္ဘာမှာ ငြိမ်းချမ်းရေး လောက်လောက်လားလားမရှိသေးပါဘူး။ နိုင်ငံတကာယှဉ်ပြိုင်မှုမှာ တောရိုင်းဥပဒေ (အားကြီးသူက ဗိုလ်ကျခြင်း)ကို လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ပြောင်းလဲမှုမရှိသေးပါဘူး ဟုလည်း ရေး သားခဲ့သည်။

အချို့နိုင်ငံများမှာ အခြားနိုင်ငံများကို အင်အားအသုံးပြုပြီး ခြိမ်းခြောက်ရန် လူဆိုးဂိုဏ်းသားယုတ္တကို အသုံးပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

ဒီလိုအခြေအနေတွေကြောင့် အင်အားတောင့်တင်းတဲ့နိုင်ငံတစ်ခုဖြစ်ရေးဆိုတဲ့ အချက်ပေါ် အခြေခံပြီး စစ်တပ်ကိုတောင့်တင်းဖို့ ကျွန်တော်တို့ လျင်လျင်မြန်မြန် လုပ်ခဲ့တာဖြစ်တယ် ဟုသတင်းစာကရေးသား ခဲ့သည်။

စစ်တပ် နောက်ကျကျန်ရစ်တာနဲ့ နိုင်ငံ၏ လုံခြုံရေးအပေါ် ပျက်သုန်းစေမည့် အကျိုးသက်ရောက်မှုရှိလာ မှာဖြစ်တယ် ဟုလည်းရေးသားခဲ့သည်။

တရုတ်သည် ယခုနှစ်တွင် စစ်အသုံးစရိတ် ၁၀ဒသမ၁ရာခိုင်နှုန်းအထိတိုးသုံးမည်ဖြစ်ပြီး စစ်အသုံး စရိတ် ယွမ် ၈၈၆ဒသမ၉ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၄၂ ဘီလျံ )အထိရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List