Tuesday, May 05, 2015

မယ်ကမ္ဘာမြန်မာ ၂၀၁၅ ပြိုင်ပွဲအတွက် ဆန်ခါတင်အလှမယ် နှစ်ဆယ်ရွေးချယ်


မယ်ကမ္ဘာမြန်မာ ၂၀၁၅ ပြိုင်ပွဲ (Miss Myanmar World) လျှောက်ထားသူများအနက် ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်ပွဲပြု လုပ်ခဲ့ရာ ပရိသတ်ရင်းနှီးပြီးသား အနုပညာရှင်များပါဝင်သကဲ့သို့မျက်နှာသစ်ပြိုင်ပွဲဝင် များလည်း ရွေးချယ်ခံခဲ့ရသည်။
ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်ခြင်းကို မေလ ၄ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် တွင် ပြုလုပ် ခဲ့ပြီး လျှောက်ထားသူ ၇၀ ကျော်အနက် ပဏာမအဆင့် ရွေးချယ်ထားသည့်ပြိုင်ပွဲဝင် ၄၀ အနက်မှ ထပ်မံရွေး ချယ်ခဲ့ခြင်း ဖြစ်သည်။

ဆန်ခါတင်အလှမယ်စာ ရင်းတွင် ပရိသတ်သိသည့် မော် ဒယ်များဖြစ်သော နိုနိုကေ၊ နန်း စန္ဒာလှထွန်း တို့ ပါဝင်သကဲ့သို့ အလှမယ်ပြိုင်ပွဲမဝင်ဖူးသည့် မျက်နှာသစ်များလည်း ရွေးချယ် ခံခဲ့ရသည်။

ဆန်ခါတင်ရွေးချယ်ခံရသူများကို မေလ ၅ ရက်မှစ၍ မယ်ကမ္ဘာမြန်မာ၏ တရားဝင်ဖေ့စ် ဘွတ်ခ်စာမျက်နှာ တွင် အွန်လိုင်းစနစ်ဖြင့် မဲပေးနိုင်မည်ဖြစ်ပြီး ဖုန်းဖြင့်လည်း SMS မဲများစတင်ပေး ပို့နိုင်မည်ဖြစ်သည်။

အွန်လိုင်းနှင့် SMS မဲအများ ဆုံးရရှိသည့် အလှမယ်သည် နောက်ဆုံးအဆင့် ဆန်ခါတင် အလှမယ် ၁၀ ဦးစာရင်းသို့ အလို အလျောက်ပါဝင်မည်ဖြစ်သည်။

ဆန်ခါတင် ၂၀ ကို တစ်လခွဲကြာ စခန်းသွင်းလေ့ကျင့်မှုပြု လုပ်မည်ဖြစ်ပြီး နည်းပြအဖြစ် မစ္စတာဘရိုင်ယန် က တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကာ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ လေ့လာ ရေးခရီးသွားရောက် ရမည်ဖြစ်သည်။

‘‘ဒီနှစ်မှာ Miss Myanmar World အနေနဲ့ ဖောင်ဒေးရှင်း လေးတစ်ခု လုပ်ဖို့ရှိတယ်။ ဖူးခက် မှာလည်း မိဘမဲ့ကလေးကျောင်း တစ်ခုမှာလည်း သွားပြီးလှူဖို့အစီ အစဉ်ရှိတယ်’’ဟု အဆိုပါပြိုင်ပွဲ ကို ဦးစီးကျင်းပ သည့် Forever Bec-Tro Country မန်နေဂျာ ကိုစိုးသူရက ပြောသည်။

မယ်ကမ္ဘာမြန်မာ ၂၀၁၅ ၏ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ် ရန်လျာထားပြီး နေရာ အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ယင်းပြိုင်ပွဲကို ၂၀၁၄ တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆုရွေးချယ်မှုအပိုင်းနှင့် ပတ်သက်၍ ဝေဖန် မှုများထွက် ပေါ်ခဲ့သည်။

Miss Myanmar World 2014 ဆုကို ဝိုင်းလေးကရရှိခဲ့ပြီး (၆၄)ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲကို လန်ဒန်မြို့ သို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။


7Day daily


No comments:

Post a Comment

My Blog List