Wednesday, May 06, 2015

ထိုင်းအစိုးရအတွက် ခေါင်းခဲစရာ ဖြစ်လာသည့် လူမှောင်ခိုဂိုဏ်းများ


မလေးရှားနိုင်ငံနှင့် နယ်နိမိတ် ဒေသအနီး သစ်တောကြီးထဲ၌ အလောင်း အများအပြား မြှုပ်နှံထားသည့် သင်္ချိုင်းနေရာများ ရှာဖွေတွေ့ရှိခဲ့ခြင်းသည် လူကုန်ကူးမှု တိုက်ဖျက်ရေးလှုပ်ရှားနေသည့် ထိုင်းအာဏာ ပိုင်များအတွက် အကြီးကျယ်ဆုံး ထိုးနှက်ချက်ဖြစ်လာခဲ့သည်။ 


ထို့အပြင် လူကုန်ကူးမှုလုပ်ငန်းတွင် ထိုင်းအာဏာပိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ကိုယ်တိုင် ပါဝင်နေကြောင်း ဖော်ထုတ်တွေ့ရှိလာသည့်အခါ ခြစားမှုများနှင့် နာမည်ဆိုး ထွက်နေသည့် အဆိုပါ ကဏ္ဍတွင် အဖတ်ဆယ်စရာ ရှာမရလောက်အောင်ဖြစ် လာသည်။

ပြီးခဲ့သည့် သီတင်းပတ်အ တွင်းက မလေးရှားနယ်စပ်အနီး သစ်တောထဲ၌ လူမှောင်ခိုဂိုဏ်း သားများ အသုံးပြုသည့် တော တွင်းလျှို့ဝှက်စခန်းတစ်ခု၌ မြှုပ် နှံထားသည့် အလောင်းအများအ ပြားကို ဖော် ထုတ်တွေ့ ရှိခဲ့သည့်သတင်းက လူမှောင်ခိုဒုစရိုက်မှု များ၏ အမှောင်မိုက်ဆုံး အစိတ်အပိုင်းများကို မြင် သာလာစေခဲ့ သည်။ ထိုင်းရဲတပ်ဖွဲ့သည် ဆွန် ခလာဒေသရှိ အဆိုပါတောတွင်း စခန်းကို ကိုင်တွယ် ထိန်းချုပ်နေသည်ဟု ယူဆရသူလေးဦးအား ဖမ်းဆီးခဲ့သည်။ အဆိုပါလေးဦး အနက် သုံးဦးသည် ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး ကျန်တစ်ဦးမှာ မြန်မာနိုင်ငံသား စိုးနိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

လူမှောင်ခို ဂိုဏ်းသားများ သည် မြန်မာနိုင်ငံ အနောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဘင်္ဂါ လီလူမျိုး များကို မလေးရှားသို့ ခိုး သွင်းပေးရန် ခေါ်ဆောင်လာလေ့ ရှိသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံ ကိုဖြတ်ကျော် ကာ မလေးရှားသို့မ၀င်ရောက်မီ အတွင်းအကျဉ်းစခန်းသဖွယ် ဆောက်လုပ်ထား သည့် တောတွင်းလျှို့ဝှက် စခန်း များ၌ ဘင်္ဂါလီများကို ထိန်းသိမ်း ထားလေ့ရှိသည်။ ထို့နောက် ဘင်္ဂါလီများ၏ မိသားစုများထံ အ ကျပ် ကိုင် ငွေကြေးတောင်းခံပြီး ထိုငွေကြေးကို လက်ခံရရှိချိန်မှ ၎င်းတို့အား မလေးရှားဘက်သို့ တောလမ်းမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ပြန်ပေးငွေ မ ရောက်လာမီ ကျန်းမာရေး ဖောက်ပြန်မှုနှင့် ငတ်ပြတ်မှုများ ကြောင့် ဘင်္ဂါလီ များ သေဆုံးပါက စခန်းပြင်ပတွင် ဖြစ်ကတတ်ဆန်း မြေမြှုပ်လိုက်လေ့ရှိသည်။ ထို့အ ပြင် အာဏာပိုင်များက စုံစမ်းမှု များရှိနေကြောင်း သတင်း အစအ န ရလာပါကလည်း ကျန်းမာရေး ချွတ်ယွင်းနေသူများကို စခန်းတွင်ပင် ပစ်ထားပြီး အလျင်အမြန်တိမ်းရှောင်သွားလေ့ရှိသည်။ မေလ ၁ ရက်က ဆွန်ခလာရှိ လျှို့ဝှက်စခန်းကို ထိုင်းရဲတပ်ဖွဲ့နှင့် စစ်သားများက သွားရောက် စစ်ဆေးချိန်တွင် ကျန်းမာရေး ဆိုးရွားနေ သည့် ဘင်္ဂါလီတစ်ဦးကို အသက်ရှင်လျက်သား တွေ့ရှိခဲ့ရသည်။ မေလ ၄ ရက်တွင် အဆိုပါ စခန်းရှိ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းနေရာမှ ရုပ် အလောင်း ၂၆ ခုထိ တူးဖော် တွေ့ရှိထား ပြီးဖြစ်သည်။ ထို့အ ပြင် ဆွန်ခလာ၌ပင် လူမှောင်ခို သမားများ အသုံးပြုနေသည့် နောက်ထပ် တောတွင်း လျှို့ဝှက် စခန်းတစ်ခုကို မေလ ၃ ရက်၌ ရှာ ဖွေတွေ့ရှိခဲ့ပြီး ထိုနေရာတွင်မူ အ လောင်းများ မြှုပ်နှံထားသည့် သဲ လွန်စမတွေ့ရဟု ထိုင်းရဲတပ်ဖွဲ့ က ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ဆွမ်ယွတ်ပွမ်ပန်မောင်းက ယခုအမှုနှင့်ဆက်နွှယ်ပြီး ဒေသ ဆိုင်ရာ ထိုင်းအာဏာပိုင်သုံးဦးနှင့် မြန်မာတစ်ဦးကို ဖမ်းဆီးထား ကြောင်း အတည်ပြုခဲ့သည်။ သံသယတရား ခံ မြန်မာအမျိုးသားကို ၎င်း၏ အဖွဲ့သားများက အန်ဝါဟု ခေါ်ဝေါ်ကြပြီး ဘင်္ဂါလီမိသားစုများထံမှ အကျပ် ကိုင် ငွေ ကြေးတောင်းခံမှုကို အဓိကကြိုး ကိုင် ဆောင်ရွက်နေသူဟု ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေသည်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ်က ‘‘ဒီဒုစရိုက်မှာ ပါဝင် နေတယ်ဆိုရင် ဘယ်သူ့ကိုမဆို ကျွန်တော် တို့ ဖမ်းမှာပဲ။ ခြွင်းချက် မရှိစေရဘူး။ ဒီပြဿနာဟာ နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိပါးစေပါ တယ်’’ဟု ပြောကြား ခဲ့သည်။ လူ့အခွင့်အရေး အဖွဲ့အ စည်းများက ထိုင်းနိုင်ငံ၏ လူ မှောင်ခိုဂိုဏ်းများတွင် ထိုင်းအစိုး ရ ၀န်ထမ်းများပါဝင်လုပ်ကိုင်နေ သည်ဟု ကာလရှည်ကြာ စွပ်စွဲခဲ့ ပြီးယခုအခါ ယင်းဖြစ်ရပ်များ သည် အရှက်တကွဲပေါ်ထွက် လာပြီဖြစ်သည်။မေလ၄ ရက်တွင် ဒေသဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ဝင် ၁၃ ဦးကို ဌာန ပြောင်းရွှေ့မိန့်များ ထုတ်ပြန်ခဲ့သလို စုံစမ်းမေးမြန်းမှု များလည်း ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းအစိုးရသည် လူမှောင်ခိုဂိုဏ်းသားများကို ထိရောက်စွာ နှိမ်နင်းနိုင်စွမ်းအားနည်းခြင်း ကြောင့် အမေရိ ကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ထံမှ အ ကြီးအကျယ်ဖိအားပေးမှုနှင့် ကြုံ နေရသည်။ ထိုင်းတွင် လူမှောင်ခို တင်ပို့ခြင်း၊ ကျွန်ပြုပြီး အဓမ္မခိုင်း စေခြင်းများသည် ကုန်းပိုင်းတွင် ရော၊ ပင်လယ်တွင်း ငါးဖမ်းလုပ် ငန်းများ၌ပါ အခြေခိုင်ခိုင် တည် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသမှ ဘင်္ဂါလီ များသည် ထိုင်းနိုင်ငံသို့ ခိုးဝင်ပြီး ထိုမှတစ်ဆင့် မလေးရှားသို့ ခရီး ဆက်ရန် ကြိုးပမ်းမှုများမှာ ပြီးခဲ့ သည့် နှစ်ပိုင်းများအတွင်း သိသိ သာသာမြင့်တက်လာခဲ့သည်။

လူ့အခွင့်အရေး စောင့် ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Ara-kan Project မှ ခရစ်လျူဝါက အောက်တိုဘာ လနောက်ပိုင်းက အန်ဒမန်ပင်လယ်ကို စွန့်စား ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံသို့ ၀င် ရောက်ရန် ကြိုးစားခဲ့သူ ၅၇,၀၀၀ကျော်ထိ ရှိနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ အဆိုပါရွှေ့ပြောင်းအခြေချရန် အားထုတ်သည့်ဘင်္ဂါလီ များသည် လူမှောင်ခိုသမားများ၏ ပစ်မှတ်ဖြစ်လာပြီး ၎င်းတို့ကို ထိန်းချုပ်ကာ ခြိမ်းခြောက် ငွေတောင်းခံမှု များ ပြုလုပ်လေ့ရှိသည်။ အချို့သော အခြေအနေများတွင် လူမှောင်ခိုသမားများလက်ချက်ဖြင့် သေဆုံး
မှုများပင် ရှိတတ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက မှတ်ချက်ပြု ခဲ့သည်။

လတ်တလောတွင် ထိုင်းအာဏာသိမ်းစစ်အစိုးရအနေဖြင့် မလေးရှားနှင့် နယ်ခြားတွင် သစ် တော ဧရိယာ စောင့်ကြည့် စခန်းများ တည်ဆောက်ပြီး လူမှောင်ခို ဂိုဏ်းများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် အလေးအနက် စဉ်းစားနေပြီဖြစ်သည်။ ထိုင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အူဒွမ်ဒက်ဂ်ျ ဆစ်တာဘူ တာက ‘‘ဒီကဏ္ဍကို ကျွန်တော်တို့ဘက်က လေးလေးနက်နက် သဘောထား ပြီး ကိုင်တွယ်နေတယ်ဆို တာကို ပြချင်ပါတယ်။

တကယ်တော့ ဒီ ဖြစ်ရပ်ဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေတာ နှစ်ပေါင်းတော် တော်ကြာခဲ့ပါပြီ။ အခုတော့ ဒါကို ပြင်ဆင်ရပါတော့မယ်’’ဟု ပြော ကြားခဲ့သည်။

ဆာဒါအိုရှိ တောင်ကုန်းပေါ် မှ သင်္ချိုင်းမြေနေရာကို ဒေသခံ ရွာသားတစ်ဦးက မှိုခူးရင်း မ တော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လူမှောင်ခို တိုက်ဖျက် ရေး ကဏ္ဍတွင် ထိုင်းအစိုးရ၏ ၀တ်ကျေတန်းကျေမျှ သဘော ထားမှုကို ကြီးကြီးမားမား ပြောင်း လဲသွားအောင် သက်ရောက်စေဖွယ်ရှိနေသည်။ Bangkok Post သတင်းစာကလည်း မလေးရှား နယ်စပ်မှ ဖြစ်ရပ်သည် လူမှောင်ခိုပြဿနာတွင် သိသာသည့် အလှည့် အပြောင်း ဖြစ်လာမည်ဟု မှတ်ချက်ပြု ရေးသားခဲ့သည်။

‘‘အစိုးရအနေနဲ့ ဆာဒါအိုမှာ လူမသိသူမသိ သေဆုံးခဲ့သူတွေ အတွက် တရားမျှတမှုကို ဆောင် ယူပေးရပါ မယ်။ မဟုတ်ရင်တော့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အကြီးအကျယ် အရှက်ရပါ လိမ့်မယ်’’ဟု သတင်းစာ၏ အယ် ဒီတာ့အာဘော်၌ ဖော်ပြခဲ့သည်။

စစ်ဆေးတွေ့ရှိခဲ့သည့် တောစခန်းတွင် ၀ါးနှင့်ဆောက်လုပ်ထားသည့် အကျဉ်းခန်းဆန် ဆန် လှောင်အိမ် များရှိနေပြီး ညှဉ်းပန်းနှိပ်စက်ရာ အခန်းများ သဖွယ်ဖြစ်နေကြောင်း ထိုင်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆို သည်။ ၎င်းက နောက်ထပ် အ သေးစိတ်မှတ်ချက်ပေးရန်မူ ငြင်း ဆိုသွားခဲ့သည်။ စခန်းတွင် အသက်ရှင် လျက် ကျန်ခဲ့သူ၏ အဆို အရရဲများရောက်မလာမီ နှစ်ရက် ခန့်ထိ ဘင်္ဂါလီရာဂဏန်းမျှ အဆို ပါနေရာတွင် စုပြုံနေထိုင်ခဲ့သော်လည်း အာဏာပိုင်များစုံစမ်းမှုပြု လုပ်နေကြောင်း သတင်းရသည့် နောက် လူမှောင်ခို သမားများက လျင်လျင်မြန်မြန် ခေါ်ထုတ်သွား ကြောင်း သိရသည်။

‘‘အခုအချိန်မှာတော့ တော တွင်းထိန်းသိမ်းရေး စခန်းတွေ၊ အဲဒီမှာ မြှုပ်နှံထားတဲ့ လူသေအ လောင်းတွေ ဟာ လူမှောင်ခိုမှုတွေ နဲ့ တိုက်ရိုက်ဆက်နွှယ်တယ်ဆို တာ သေချာနေပါပြီ။ ပြီးတော့ ဒီကဏ္ဍကို ကိုင်တွယ် ရာမှာ စပ် ကူးမပ်ကူး စစ်ဆင်ရေး အခြေ အနေတစ်ခုဖြစ်လာပြီ ဆိုတာကလည်း မြင်သာနေပါတယ်’’ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲဆွမ်ယွတ်က ဆိုသည်။

Arakan Project မှ လျူဝါ က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ နှင့် ပဋိ ပက္ခဖြစ်ခဲ့သည့်နောက် ဘင်္ဂါလီများအနေဖြင့် ပင်လယ် ပြင်သို့ စွန့်စားထွက်ခွာရန်မှလွဲပြီး အခြားရွေးချယ် စရာ များများစား စားမရှိတော့ဟု မှတ်ချက်ပြုခဲ့ သည်။ ‘‘လူမှောင်ခိုသမားတွေ လက်ထဲ ဘ၀ကို ၀ကွက် အပ်လိုက်ဖို့ကလွဲပြီး သူတို့မှာ တခြားရွေးစရာ မရှိတော့ဘူးလေ။ အရင်က ကမ်းခြေဘက်ထွက်ပြီး လှေပေါ် မှာဖြစ်ဖြစ်၊ ရွက်ဖျင်တဲတွေမှာ ဖြစ်ဖြစ်နေခဲ့ပေမယ့် အခုတော့ တောတွင်း စခန်းတွေထဲ ရောက် လာကြ တာပေါ့။ ပြီးတော့ ပင်လယ်ထဲမှာ သေဆုံးခဲ့ရတဲ့ အရေအတွက်က အများကြီး ရှိနိုင်ပါသေးတယ်’’ဟု လျူဝါက ပြောကြားသွားသည်။

(ဇွဲရဲဝင့် ဘာသာပြန်သည်။) Ref:NY Times, BBC
7Day Daily

No comments:

Post a Comment

My Blog List