Monday, May 04, 2015

MEC မိုဘိုင်းဖုန်း နံပါတ်အလှ ဆင်းမ်ကတ်များ လေလံတင်မည်


မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MECTEL) မှ ထုတ်လုပ်သော မိုဘိုင်းဖုန်းဆင်းမ်ကတ်များအနက် နံပါတ် အလှဆင်းမ်ကတ်ပေါင်း ၂၄၃ ကတ်ကို ပထမဆုံးအကြိမ်အဖြစ် မေလ ၄ ရက်တွင် လေလံတင်ရောင်း ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လေလံစနစ်နဲ့ ရောင်းသွားမှာဖြစ်တဲ့အတွက် ဂဏန်းအပူးများရင်များသလို လေလံကြမ်းခင်း ဈေးက လည်း မြင့်သွားမယ်။ ဘယ်ဆင်းမ်ကတ်ကိုဘယ်ဈေးနှုန်းတွေဆိုတာကတော့ လေလံစဖွင့်တဲ့အချိန်မှပဲ ကြေ ညာပေးသွားပါမယ်’’ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MECTEL) မှ ပြန်ကြားရေး တာဝန်ခံတစ်ဦး က ပြောသည်။

အဆိုပါ ဆင်းမ်ကတ်များသည် နောက်ဆုံးဂဏန်း လေးလုံး ပူးမှစ၍ ဂဏန်းခြောက်လုံးပူးအထိပါဝင်ပြီး အနည်းဆုံးကျပ်ငါး သောင်းခန့်မှ ကျပ်သိန်းနှစ်ဆယ်ခန့်အထိ လေလံကြမ်းခင်းဈေးများ သတ်မှတ်ကာ
 ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေလံတင်ရောင်းချခြင်းကို ရန်ကုန်မြို့ သတင်းအချက်အ လက်နှင့် မိုဘိုင်းဆက်သွယ်ရေး ကိုးမိုင်ရုံး တွင် မေလ ၄ ရက် နံနက်၁၀ နာရီ၌ စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MECTEL မှ လက်ရှိသတ်မှတ်ထားသည့် ဖုန်းခေါ်ဆိုခနှင့် ၀န် ဆောင်မှုနှုန်းထားများမှာ MEC ဖုန်း အချင်း ချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်၊ အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၅၀ ကျပ်၊SMSတစ်စောင် လျှင် ၁၅ ကျပ်နှုန်းနှင့် အင်တာနက် အသုံးပြုခအနေဖြင့် တစ်မိနစ်လျှင် ၄ ကျပ်နှုန်းတို့ဖြစ်သည်။

MECTEL မှ ထုတ်လုပ်သော တယ်လီဖုန်းဆင်းမ်ကတ်တစ်ခု၏ မူရင်းဈေးမှာ ကျပ် ၁,၅၀၀ ဖြစ်ပြီး ဈေးကွက် အတွင်း၌ ကျပ်ငါးထောင်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရသည်။


7Day News Journal

No comments:

Post a Comment

My Blog List