Friday, May 08, 2015

သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်တို့ ကျိုင်းတုံ၌ တွေ့ဆုံမည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ကျိုင်းတုံ မြို့၌ မေလ ၈ ရက် ယနေ့ တွေ့ဆုံကြ မည်ဟု သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖိတ်ကြားချက်အရ ကျိုင်းတုံမြို့၌ တွေ့ဆုံကြရန် သျှမ်းပြည်တပ် မတော် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် အယောက် ၂၀ ခန့်ပါ RCSS အဖွဲ့သည် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ယနေ့ နံနက်ပိုင်း၌ ထွက်ခွါ သွား ကြောင်းသိရသည်။

“လောနိုင်ငံ နဲ့ သျှမ်းပြည်အရှေ့ပိုင်း အထက်ရွှေတြိဂံဒေသ ပါလျောင်း ၊ ကျိန်းလပ်ကို ပေါင်းကူး ဆက်သွယ် တဲ့ မဲခေါင်မြစ်တံတားဖွင့်လှစ်ဖို့လာရင်း ဒီဒေသထဲမှာ ရှိနေတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကို သမ္မတ က ဖိတ်ခေါ်တွေ့ ဆုံတာပါ။ ဘာအကြောင်း ရယ်ဆိုတာတော့ ခေါင်းစဉ်တိတိ ကျကျမရှိပါဘူး” - ဟု RCSS ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးအဖွဲ့ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ကျိုင်းတုံမြို့၌ နိုင်ငံတော် သမ္မတ ဖိတ်ခေါ် တွေ့ဆုံမှုတွင် RCSS/SSA အပြင် ဝ ပြည်သွေး စည်းညီ ညွတ်ရေးတပ်မတော် UWSA နှင့် အမျိုးသား ဒီမို ကရေ စီ မဟာမိတ် တပ်မတော် NDAA-ESS တို့ လည်းပါသည်ဟု သိရသည်။

ငြိမ်းချမ်းရေးတည်ဆောက်စဉ်ကာလ အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သည့် KNU တို့သည် တခြားတိုင်းရင်းသား တပ်ဖွဲ့များ ထက် မြန်မာအစိုးရနှင့် နီးနီးကပ်ကပ် ဝင်ထွက်လာသည့်အဖွဲ့ ဖြစ်သည်ဟု ဝေဖန်ခံနေရ သည်။

“RCSS လုပ်ဆောင်နေတဲ့ လုပ်ငန်းလုပ်ရပ်တိုင်းဟာ လူထုရဲ့ ဆန္ဒအတိုင်းဘဲ သွားနေတယ်။ ဝင်ထွက် ဆက်ဆံခြင်းမပြုရင် မိမိလိုရာကို ဘယ်လို လုပ်ပြီး ညှိယူ ရယူနိုင်မလဲ” - ဟု ဒု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

ငြိမ်းချမ်းရေးအတူတကွ တည်ဆောက်ရန် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် သမ္မတ ဦးသိန်းစိန်တို့သည် ပြည်ထောင်စုနေ့ ၁၂၊၂၊၂၀၁၅ က နေပြည်တော် ၌ သဘောတူလက်မှတ်ရေးထိုး ထားကြသည်။

ဓါတ်ပုံ- ၂၀၁၃ ဂျွန်လက ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်
Panglong(Burmese)

No comments:

Post a Comment

My Blog List