Thursday, May 07, 2015

ရခိုင်တွင် White Card သုံးသိန်းကျော် လာအပ်


ရခိုင်ပြည်နယ်တွင် သက်တမ်းကုန် ယာယီသက်သေခံလက်မှတ် (White Card) ပြန်လည်လက်ခံမှု တစ်လကျော်တွင် လက်မှတ် ၃၄၃,၀၅၃ ခု (သုံးသိန်းကျော်) လာရောက်အပ်နှံခဲ့ကြောင်း မေလ ၅ ရက်နေ့ အထိ လာရောက်အပ်နှံမှုစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည် နယ် ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
White Card ပြန်လည်အပ်နှံသည့် မြို့နယ်များအနက် မောင်တောမြို့တွင် အပ်နှံမှု အများဆုံးဖြစ်ပြီး White Card တစ်သိန်းငါးသောင်းကျော် လာရောက်အပ်နှံကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်ပေးထားသည့် ယာယီသက်သေခံလက်မှတ် (White Card) များသည် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သဖြင့် ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အတွင်း White Card များကို ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

White Card အပ်နှံသူများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်မှု ခံယူလို ပါက မေလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နိုင်ငံသားစိစစ်မှု ခံယူရန် လျှောက်ထားနိုင်ကြောင်း ဦးခင်စိုးက The Voice သို့ ပြောဆိုထားသည်။

White Card များကို ပြန်လည်မအပ်နှံဘဲ ဆက်လက်ကိုင်ဆောင်ပါက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင် ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) ဖြင့် တရားစွဲဆိုနိုင်ပြီး ၆ (၃) ဖြင့် တရား
စီရင်နိုင်ကြောင်း၊ ပြစ်မှုထင်ရှားလျှင် ၂ နှစ်ထက် မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ အလုပ် မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေငါးရာထက် မပိုသော ပြစ်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်၊ ထောင်ဒဏ် နှစ်ရပ်လုံးကို ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်ထားသူ ဦးရေသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်အထိ စုစုပေါင်း ၅၉၀,၀၁၆ ဦးရှိပြီး ကိုင်ဆောင်သူများထဲတွင် ဘင်္ဂါလီဦးရေမှာ အများဆုံးဖြစ်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List