Wednesday, May 06, 2015

MECTELဆင်းမ်ကတ် ဂဏန်းခြောက်လုံးပူးနံပါတ် သိန်း ၂၀ဖြင့် လေလံအောင်


မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းမှ ထုတ်လုပ်သည့် မိုဘိုင်းဖုန်း(MECTEL) နံပါတ်အလှ ဆင်းမ်ကတ်များ အား လေလံစနစ် ဖြင့်ရောင်းချပေးခဲ့ရာ နောက်ဆုံး ဂဏန်းခြောက်လုံးပူးဆင်းမ်ကတ်ကို  ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ဈေးအများဆုံးပေးကာ ၀ယ်ယူ ခဲ့ကြောင်း သတင်းရရှိသည်။
MEC နံပါတ်အလှဆင်းမ် ကတ်များကို မေလ ၄ရက်နှင့် ၅ ရက်တို့တွင် လေလံစနစ်ဖြင့် ရောင်းချပေး ခဲ့ပြီး နှစ်ရက်အတွင်း ဆင်းမ်ကတ် ၄၆ကတ်ကို ငွေကျပ် ၁၃၇သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ စီးပွားရေးကော်ပို ရေးရှင်းမှလေလံစနစ်တာဝန်ခံတစ်ဦးကပြောသည်။

‘‘ဒီနှစ်ရက်အတွင်းမှာတော့ နံပါတ်အလှဆင်းမ်ကတ် ၄၆ကတ် ကိုရောင်းခဲ့ပါတယ်။ နောက်ပိုင်း မှာလည်း မကြာခဏလေလံစနစ် နဲ့ ရောင်းချပေးသွားဖို့ရှိပါတယ်’’ ဟု MECTELမှတာဝန်ခံတစ်ဦးက ပြောသည်။

MECသည် နောက်ဆုံးဂ ဏန်းလေးလုံးပူးမှစ၍ ဂဏန်း ခြောက်လုံးပူးအထိပါဝင်သည့်နံ ပါတ်အလှဆင်းမ် ကတ်ပေါင်း ၂၄၃ကတ်ကို လေလံစနစ်ဖြင့် ရောင်းချပေးရန်စီစဉ်ထားပြီး ကနဦးအနေဖြင့် နှစ်ရက်အတွင်း ဆင်းမ်ကတ် ၄၆ကတ်ကိုသာရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

MECTELမှ လက်ရှိသတ် မှတ်ထားသည့် ဖုန်းခေါ်ဆိုခနှင့် ၀န်ဆောင်မှုနှုန်းထားများမှာ MEC ဖုန်းအချင်း ချင်းခေါ်ဆိုပါက တစ် မိနစ်လျှင် ၃၅ကျပ်၊အခြားဖုန်းများ သို့ခေါ်ဆိုပါက တစ်မိနစ် ၅၀ကျပ်၊ SMSတစ်စောင် လျှင် ၁၅ကျပ်နှုန်း နှင့် အင်တာနက်အသုံးပြုခအနေ ဖြင့် တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်သည်။

MECTELမှ ထုတ်လုပ်သော  ဖုန်းဆင်းမ်ကတ်တစ်ခု၏ မူရင်းဈေးမှာ ကျပ် ၁,၅၀၀ဖြစ်ပြီး ဈေးကွက်တွင် ကျပ်ငါးထောင်ခန့်ဖြင့်ရောင်းချနေကြောင်း သိရသည်။


7Day News Journal

No comments:

Post a Comment

My Blog List