Tuesday, May 05, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် မိတ်ဆွေကောင်းများဖြစ်သလို ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်မည့်သူများဖြစ်ကြောင်း သူရဦးရွှေမန်းပြော


ဒေါ်အောင်ဆန်းစုကြည်နှင့်မိမိသည် လွှတ်တော်တွင် မိတ်ဆွေကောင်း များဖြစ်သလို လာမည့်ရွေးကောက် ပွဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်မည့်သူများဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တော်တွင် မေ ၁ရက်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် NLD ပါတီနှင့် USDP ပါတီအကြား ဆက်ဆံရေးကောင်းမွန်မှုကြောင့်၂ဝ၁၅ရွေးကောက်ပွဲအပြီး တွင် ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခြေရှိမရှိမေးမြန်းရာ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

''NLDခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ကျွန်တော် မိတ်ကောင်းဆွေကောင်း ဖြစ်သလို တစ်ဖက်က ပြိုင်ဆိုင်မှုကောင်းကြမယ့်ပြိုင်ဆိုင်မှုကြီးကြမယ့်သူများလဲဖြစ်ကြပါတယ်။ ရွေးကောက်ပွဲ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့နဲ့ပတ်သက်လို့ ကျွန်တော်ဖြေချင်တာက နိုင်ငံအတွက်၊အများပြည်သူ အတွက်ဆိုရင် ဒေါ်အောင် ဆန်းစု ကြည်နဲ့ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အနာဂတ်အတွက်ပါ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ်'' ဟု သူရဦးရွှေမန်းမှ ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် လာမည့်၂ဝ၁၅ရွေး ကောက် ပွဲအား စစ်တပ်မှသဘောမတူပါက ၁၉၉ဝ ရွေး ကောက်ပွဲကဲ့သို့ပင် NLD အနိုင်ရသော်လည်း ရွေးကောက်ပွဲရလဒ် တရားမဝင် ပျက်ပြယ်ခဲ့ရ ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ် အကျယ်ချုပ်ခံရသည့်အခြေအနေမျိုး ၂ဝ၁၅ ရွေး ကောက်ပွဲ ကြုံတွေ့ရဖွယ်ရှိ၊ မရှိမေးမြန်း မှုအား ယင်းက ''အများပြည်သူတွေ စိုးရိမ်မှုရှိတာကို ကျွန်တော့်အနေနဲ့ မစိုးရိမ်ပါနဲ့လို့တော့ မပြောချင် ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လွှတ်တော်အနေနဲ့ တော့ လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက် ပွဲကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်၊

အတည် ပြုပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို အ လေးထားရမယ်။ ပြည်သူ့ရွေးချယ်မှုကို ကျွန်တော်တို့ အတည်ပြုပေးရမယ်။ ဒါမှ ပြည်သူရဲ့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်''ဟု ပြန်လည်ဖြေကြား
ခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ရေးကိစ္စနှင့်ပတ်သက်၍ ''ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေး ကိစ္စများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆(ခ) နဲ့ဆိုင်တဲ့ကိစ္စများကို လွှတ်တော်တွင်းက ဆက်လက်ဆောင် ရွက်ပြီး အကယ်၍ ၄၃၆ (က)နဲ့ဆိုင်တဲ့ကိစ္စတွေပါလာရင် အမျိုးသားဆန္ဒခံယူပွဲကျင်းပပြီးတော့ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ၂ဝ၁၅ရွေးကောက်ပွဲမ တိုင်မီနဲ့ အလွန်ဆုံး ၂ဝ၁၅ အထွေထွေရွေးကောက် ပွဲကာလအတွင်းမှာ ပြီးမြောက်အောင်ဆောင် ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်''ဟု ၄င်းမှထပ်မံ ၍ပြောကြား ခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List