Wednesday, May 06, 2015

နာဂစ်မုန်တိုင်းကို သင်ခန်းစာယူ၍ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရန် ဒီချုပ် တိုက်တွန်း


နာဂစ်မုန်တိုင်းကျ ရောက်ခဲ့စဉ်က ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သည်များကို သင်ခန်းစာယူပြီး နောင်တွင် ကြုံတွေ့လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ(ဗဟို)က တိုက်တွန်းလိုက် သည်။


မေလ ၂ ရက်စွဲဖြင့် ထုတ်ပြန် သော အဆိုပါ ကော်မတီ(ဗဟို)၏ နာဂစ်နှစ် ပတ်နေ့ ထုတ်ပြန်ကြေ ညာချက်တွင် နာဂစ်မုန်တိုင်းကျ ရောက်စဉ်က ကြိုတင်ပြင်ဆင်မှု နှင့် ကုစားမှုများ၌ တာဝန်ရှိသူများ အားနည်း ခဲ့ကြောင်း ထည့် သွင်းဖော်ပြထားသည်။

နာဂစ်မုန်တိုင်းကျရောက်စဉ်က ကြိုတင်ပြင်ဆင်မှု၊ ကုစား မှုအားနည်းခဲ့သော တာဝန်ရှိသူ များ၏တာဝန် ပျက်ကွက်မှုများကို သင်ခန်းစာယူပြီး နောင်တွင် ကြုံ တွေ့လာနိုင်သေးသော သဘာဝ ဘေးအန္တရာယ် များအတွက် လိုအပ်သော စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊ တာဝန်ရှိသူများအနေ ဖြင့်လည်း တာဝန်သိ စိတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကော် မတီ(ဗဟို)က တိုက်တွန်းခြင်းဖြစ် သည်။

ထို့ပြင် ဆင်းရဲမွဲတေပြီး အစ စအရာရာ နောက်ကျနေသော မြန်မာနိုင်ငံ ကို ပြန်လည်ထူထောင်ရာတွင် နာဂစ်မုန်တိုင်းကျရောက်စဉ် က ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ညီညွတ်စွာ လက်တွဲလုပ်ဆောင် ခဲ့သကဲ့သို့ ပါဝင်ဆောင်ရွက်ပေး ကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ယခုလ ၂ ရက်သည် မြန် မာနိုင်ငံသမိုင်းတွင် ဆုံးရှုံးမှုအများဆုံး ဖျက်အားပြင်း မုန်တိုင်းအဖြစ် မှတ်တမ်းဝင် ခဲ့သည့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့သည်မှာ ခုနစ်နှစ် ပြည့်ဖြစ်သည်။

နာဂစ်တိုက်ခတ်ပြီးနောက် ကြိုတင်ပြင်ဆင်မှုများ အတန် အသင့် ကောင်း လာသော်လည်း ကမ်းရိုးတန်း ရှည်လျားစွာရှိသည့် မြန်မာနိုင်ငံတွင် မုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်ကျရောက်ပါက လုပ်ဆောင်ရမည့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများတွင် အားနည်းချက်များစွာ ရှိနေသေး ကြောင်း ပညာရှင်များ က ထောက် ပြထားသည်။

ပြီးခဲ့သည့် ၂၀၀၈ မေလ ၂ ရက်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်း ဒဏ်ကြောင့် မြန်မာပြည် သူလူထု သိန်းချီသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး လူနေအဆောက်အအုံများ ပျက်စီးမှုနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ရှိ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ် ပေါ်ခဲ့သည်။

ဧရာဝတီတိုင်း ဘိုကလေးဒေသတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
7Day Daily

No comments:

Post a Comment

My Blog List