Monday, May 04, 2015

ရိုဟင်ဂျာအလောင်းမှာ နှိပ်စက်တဲ့ ဒဏ်ရာမတွေ့ရ


ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလောင်း ၆ လောင်းမှာ နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ပြည်နယ်က တောတောင် တစ်နေရာမှာ အဲဒီအလောင်းတွေကို တူးဖော်ခဲ့တာ ဖြစ်ပါတယ်။
အလောင်း ၅ လောင်းကို သောကြာနေ့က ဖော်ထုတ်ပြီး ၂၁ လောင်းကိုတော့ စနေနေ့တုန်းက တူးဖော်ကြ တာ ဖြစ်ပါတယ်။

အရိုးတွေကို စစ်ဆေးကြည့်ရာမှာ အက်နေတာမျိုး၊ ကျိုးသွားတာမျိုး မတွေ့ရတဲ့အတွက် နှိပ်စက်ခံရ ပြီးမှ သေဆုံးသွားတာမျိုး မဖြစ်နိုင်ဘူးလို့ ထိုင်းရဲက ရိုက်တာ သတင်းကို ပြောပါတယ်။

ရောဂါတွေရလို့ ဒါမှမဟုတ် အစာအဟာရ ငတ်ပြတ်လို့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လူကုန်ကူး ခံရသူတွေကို ထိန်းသိမ်းထားတဲ့ စခန်းအနားမှာ အလောင်းတွေကို တွေ့ခဲ့တာ ဖြစ်သလို အသက်ရှင်ကျန်ရစ်သူ ဆယ်ကျော်သက်အရွယ် နှစ်ယောက်နဲ့ နောက်တစ်ယောက်ကိုလည်း ကယ်ဆယ်နိုင် ခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့အဆိုအရ လူကုန်ကူးသူတွေက အဲဒီစခန်းမှာ လူကုန်ကူးခံရသူတွေကို ထားပြီး အယောက် ၂၀၀ အထိ စခန်းက လက်ခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒီစခန်းနဲ့ ဆက်နွယ်မှုရှိတဲ့ လူကုန်ကူးသူ တစ်ယောက်ကိုလည်း ထိုင်းရဲတွေက ဖမ်းမိထားပြီး လူကုန်ကူးမှု ကျူးလွန်သူတွေကို ဖော်ထုတ်သွားမယ်လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List