Monday, May 04, 2015

ကိုးကန့်အဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ရေးသားထုတ်လွှင့်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်


"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင်ပြုလုပ်နေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးသို့ တက်ရောက်နေသည့် ကိုးကန့်တိမ်းရှောင်အဖွဲ့(MNDAA)၏ သတင်းထုတ်ပြန်ချက် များကို ရေးသားထုတ်လွှင့်ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ၃ရက်တွင် ထုတ်ပြန်လိုက်သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားသဖြင့် ပန်ဆန်းအစည်းအဝေးမှ ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်များကို သတင်းမီဒီယာများအနေဖြင့် ရုပ်သံထုတ် လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်စေရေးအသိပေးကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)ဟု အမည်ရသည့် ကိုးကန့်တိမ်ျးရှောင် တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ကြား သုံးလကြာ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ဦးထွန်းမြတ်လင်းကို တပ်မတော်နှင့်ပတ်သက်၍ သတင်းအမှားများထုတ်ပြန်ပြောဆိုမှုဖြင့် ၀ရမ်းထုတ်ပြန်ကြေညာထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List