Monday, May 04, 2015

အိုဘားမား စာကြည့်တိုက် ထားရှိမည့်နေရာအဖြစ် ချီကာဂိုမြို့ကို ရွေးချယ်


ချီကာဂိုသည် နယူးယောက်နှင့် ဟာဝိုင်ယီတို့ကိုကျော်၍ အိုဘားမား စာကြည့်တိုက် ထားရှိမည့် နေရာ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် သူ၏စာကြည့်တိုက် နှင့် ပြ တိုက်ထားရှိမည့် နေရာအဖြစ် ချီကာဂိုတက္ကသိုလ်ကို ရွေးချယ်လိုက် သည်ဟု သမ္မတနှင့် နီးစပ်သူတချို့ က ပြောခဲ့သည်။
သို့သော် အဆိုပါသတင်းကို အိုဘားမား အစိုးရဘက်က အတည် ပြု ပြောကြားခြင်း မရှိသေးပေ။

တရားဝင်ကြေညာချက်ကို လာမည့်သီတင်း ၂ ပတ်အကြာတွင် ထုတ်ပြန်မည်ဟုလည်း အမေရိကန် သတင်းဌာနများတွင် ဖော်ပြထား သည်။

စာကြည့်တိုက်တွင် အိုဘားမား ၏ စာတမ်းများကို သိမ်းဆည်းထားပြီး သမ္မတ၏ အမွေအနှစ်တစ်ခုအဖြစ် ထားရှိမည်ဖြစ်သည်။

အိုဘားမားသည် ချီကာဂို တက္ကသိုလ်တွင် ဥပဒေပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချီကာ ဂိုမြို့တွင် သူ၏ နေအိမ်ပင် ရှိနေသေး သည်။ အိုဘားမားသည် ၁၉၈၉ ခုနှစ်က ချီကာဂိုမြို့ရှိ ဥပေဒအကြံပေး ကုမဏီ တစ်ခု ၌ အလုပ်လုပ်ရင်း သူ၏ဇနီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရွေးချယ်မခံရသော မြို့များ သည်လည်း အိုဘားမားနှင့် ကြီးမား သော ဆက်နွယ်မှုများ ရှိခဲ့ဖူးသည်။ အိုဘားမားသည် ဟာဝိုင်ယီတွင် ကြီး ပြင်းခဲ့ပြီး နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်တွင် ပညာ သင်ကြားခဲ့ဖူး သည်။

သမ္မတက ချီကာဂို မြို့တော်ဝန် နှင့် ဖုန်းပြောခဲ့ရာတွင် စာကြည့်တိုက် ထားရှိမည့်နေရာအဖြစ် ချီကာဂို အား ရွေးချယ်ရန် စိတ်အားထက်သန်နေ သည့် သဘောသက်ရောက်သော စကားများကို အရိပ်အြ>ွ မက်ပြော ကြားခဲ့သည်။ ချီကာဂို မြို့တော်ဝန် Rahm Emanuel သည် အိုဘားမား၏ အနီး ကပ် အကြံပေး တစ်ဦးလည်းဖြစ်သည်။

၃၁ယောက်မြောက် အမေရိ ကန်သမ္မတဟားဗတ်ဟူးဗားမှ ဂျော့ ဒဗလျူဘုရှ် အထိ စုစုပေါင်း သမ္မတ စာကြည့်တိုက် ၁၃ ခုကို အမေရိကန် အမျိုးသားမော်ကွန်းတိုက်က စီမံခန့် ခွဲ အုပ်ချုပ်သည်။

အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၏ စာကြည့်တိုက် ကို လစ်တယ်ရောခ့် မြို့တော်တွင် ထားရှိပြီး ဂျော့ ဒဗလျူ ဘုရှ်၏ စာ ကြည့်တိုက်ကို ဒယ်လ်လက်စ်မြို့ရှိ Southern Methodist University တွင် တည်ဆောက်ထားသည်။

ယမင်းအိမ်
Source: BBC
The Myanma Age

No comments:

Post a Comment

My Blog List