Wednesday, May 06, 2015

‘‘တစ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေပြီး တစ်ဖွဲ့ကရန်ကုန်မှာသွားပြီး လက်မှတ်ထိုးမယ့် ကိစ္စကို ကျွန်တော်တို့ စဉ်းစားမှာမဟုတ်ဘူး’’


‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မြို့တော်ပန်ဆန်းတွင် ပြု လုပ်နေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ များညီလာခံသို့ တက်ရောက်နေသည့် အဖွဲ့ (၁၂) ဖွဲ့တွင် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) လည်း အပါအ၀င် ဖြစ်သည်။ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) သည် တပ်မတော်နှင့်ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ လည်းဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည့်ကိစ္စ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများ၊ ကချင်ပြည်နယ်တွင်း လက်ရှိအခြေအနေများကို ပန်ဆန်းမြို့တွင် ညီလာခံတက် ရောက်နေသည့် ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒီအတောအတွင်း ကချင်ပြည် နယ်မှာ တိုက်ပွဲတွေအခြေအနေ ဘယ်လိုရှိပါလဲ။ ပြောပြပါဦး။

ကျွန်တော်တို့ မနေ့က မေလ ၁ ရက်နေ့ ညနေ ၄ နာရီကျော် ကျော်လောက်မှာ တပ်မဟာ(၂) လက်အောက် ခံ တပ်ရင်း(၂၆) မှာ ကျွန်တော်တို့ရဲ့ စခန်းတစ်ခုကို လာပစ်တာမျိုးလုပ်တယ်။ လာ ပစ်ခတ်တော့ မနေ့ည ၉ နာရီ အထိ တိုက်ပွဲတွေရှိတယ်။ ဒါပေမဲ့ အဲဒီနောက်တော့ နည်းနည်းငြိမ်သွား တယ်။ ဒီနေ့ မနက်(မေ ၄ရက်)လည်း ၉ နာရီ ကျော်ကျော်မှာဖြစ်တယ်။ တပ်ရင်း (၂၆) ဆိုတာ အင်းတော် မိုးညှင်းဘက်မှာ။ ဖားကန့်မှာ တိုက်ပွဲဖြစ်တာတော့ဒီရက်ပိုင်း မကြားမိသေးဘူး။

ပန်ဆန်းဆွေးနွေးပွဲ အချိန်တွေမှာ ရော ပဋိပက္ခညှိနှိုင်းရေး ဆွေးနွေး ပွဲပြီးတဲ့အချိန်တွေမှာရော ယခုလို မျိုးတိုက်ပွဲပြန်ပြန်ဖြစ်တာတွေ့ တယ်။ ဘာကြောင့်အဲဒီလို ဖြစ်ရ တယ်လို့ ထင်ပါသလဲ။

ဆွေးနွေးပွဲပြီးတိုင်းတိုက်ပွဲ ဖြစ်တဲ့သဘောတော့မဟုတ်ဘူး။ သူတို့ရဲ့စစ်ကြောင်းတွေက ကျွန် တော်တို့က တပ်စခန်းငယ်တွေကို လာချဉ်းကပ်တဲ့အခါကျတော့ အမြဲတမ်းတိုက်ပွဲဖြစ်နေတဲ့သ ဘောပါ။  ဆွေးနွေးပွဲ နဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတယ်လို့တော့ ပြော လို့ခက်မယ် ထင်တယ်။ နောက် တစ်ခုက ဧပြီလကုန်ပိုင်းမှာ တပ် ရင်း (၁၄) ဘက်မှာတိုက်ပွဲဖြစ် တယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ တပ်ရင်း (၁၄) စခန်းကိုဝင်ပြီးတော့ချောင်းတစ် ခု ကျော်ပြီးတော့ ပစ်ခတ်တဲ့အ တွက် စခန်းတစ်ခုကို ခေတ္တခဏ ဖယ်ပေး လိုက်ရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်။ အဲဒီအပေါ်မှာ ကျွန် တော်တို့လည်း ကချင်ပြည်နယ် ပဋိပက္ခအဖွဲ့ ဗိုလ်မှူးကြီးသန်း အောင်တို့အဖွဲ့ကို အကြောင်း ကြားတယ်။ သူတို့ကလည်း အ ကြောင်းပြန်လာတယ်။ ကျွန်တော် တို့ဘက်က နယ်မကျွံပါဘူး၊ချောင်း တစ်ဖက်ကို မကျော်ပါဘူးဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမှန်တကယ်ဖြစ်သွား တာဟာ သူတို့ အင်အားအလုံးအရင်းနဲ့ ၀င်လာပြီး ချောင်းကိုကျော်ပြီးမှ နမ့်ခမ်း သွားတဲ့ လမ်းမှာရှိတဲ့ စခန်းတစ်ခုကို ၀င်သိမ်းတဲ့ သဘောဖြစ်သွား တဲ့အခါမှာ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ဖယ်ပေးလိုက်ရတယ်။ နောက်ဆုံး တိုင်းမှူးဟာ ဘယ်လောက်အထိပြောလဲဆိုရင် အဲဒီမှာ သူတို့တပ်ဖွဲ့တွေ မ၀င်ဘူး။ နယ်ကျွံပြီး လာပစ်ခတ်တာမျိုးလည်းမရှိဘူး။ မယုံရင်လည်းသွား ပြီးတော့ စစ်ကြည့်ရအောင်ဆို ပြီးတော့ ပြောလာတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေဟာ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်မှာ ဆွေးနွေးမှုလုပ်ကြတယ်။

အပြန်အလှန်ဘာတွေပြောဆိုကြလဲဆိုရင် တပ်ရင်း (၁၄) ဖြစ်သွားတဲ့ ဖြစ် စဉ်ပေါ်မှာ နှစ်ဖက်ကိုယ်စား လှယ်တွေ သွားကြည့်မယ်ဆိုတဲ့ ဆွေးနွေးချက် တစ်ခုရှိတယ်။ ညှိနှိုင်းချက်အရ ကျွန်တော်တို့ဘက်ကတော့ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်တဲ့အဖွဲ့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမဲ့ ကချင်ပြည် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကနေ ကိုယ်စားလှယ်လွှတ်ပေးဖို့ တောင်း ဆိုတဲ့အခါ သူတို့က မလိုက်နိုင်ဘူး။ ခင်ဗျားတို့သွားကြပါ။ သွားပြီးရှေ့တန်းမှာ ရှိနေတဲ့ တပ်ရင်းတွေနဲ့ သွားညှိနှိုင်းပြီး သွားကြည့်ကြပါဆိုတဲ့ အကြောင်းကြား မှုတွေ ရှိတယ်။ဒါပေမဲ့ ဆွေးနွေးပွဲမှာပြောဆိုထားတာဘာလဲဆိုတော့ နှစ်ဖက်ကချင်ပြည်နယ် ညှိနှိုင်းရေးအဖွဲ့ပါ မယ်။ မြောက်ပိုင်းတိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေပါမယ်။ ကျွန်တော်တို့ ကေအိုင်အို အဖွဲ့ဖြစ်စဉ်မှာ သွားပြီးတော့ ကွင်းဆင်းစစ်ဆေးဖို့ သဘောတူခဲ့ကြပေမယ့် အမှန်တကယ် သွားမယ့် ကိစ္စရောက်လာတဲ့ အခါမှာ သူတို့ကနေပြီး ခေါင်းရှောင်ခေါင်းလွှဲတဲ့ သဘောဖြစ်တာပေါ့နော်။

ဆွေးနွေးပွဲမှာ ဒီလိုဒီလို သ ဘောတူညီချက်တွေရှိတယ်။ ဒါ ပေမဲ့ အခုလိုမျိုးသွားမယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့က အဆင် သင့်ဖြစ်နေပြီး ခင်ဗျားတို့ ဘာအ ကြောင်းပြချက်နဲ့ဒီလိုမလိုက်နိုင်တာလဲဆိုတာ ကို မေး ထားတဲ့စာ တစ်စောင် မနေ့ကပေးပို့လိုက် တယ်။ အခုထိတော့ တုံ့ပြန်စာ မလာသေးဘူး။ စာမလာသေးတဲ့ အတွက်ကေအိုင်အိုအဖွဲ့ကလည်း မြစ်ကြီးနားမှာ စောင့်နေဆဲပဲ။

သွားကြည့်ဖို့ မလိုလားတဲ့သ ဘောပါ။ ကချင်ပြည်နယ် ပဋိပက္ခအဖွဲ့ကတော့ ရတယ်ဆိုတဲ့ သဘောပြောပေ မယ့် သူတို့ရဲ့ဆုံး ဖြတ်ချက်ကို မြောက်ပိုင်းတိုင်းကို တင်ပြတဲ့အခါမှာ တိုင်းမှူးက လိုက်လျောမှု မရှိဘူး ဆိုတာကို ခန့်မှန်းလို့ရသွားမယ်။ ဘယ်သူ ကမှားတယ်၊ ဘယ်သူကမှန်တယ် ဆိုတာကို ဘယ်သူက ကျွံတယ်ဆို တဲ့ကိစ္စပေါ်မှာ ပြဿနာဖြစ်သွား စေတဲ့ အကြောင်းရင်းကို ဖုံးကွယ်ချင်တဲ့သဘောရှိတယ်။

နောက်တစ်ခုက ဒီပန်ဆန်း အ စည်းအဝေးမှာ ကေအိုင်အိုက အဓိက ဘာတွေတင်ပြဆွေးနွေးမယ်။ ပြီးတော့ ဘာရလဒ်တွေရဖို့ မျှော်လင့်ထားပါလဲ။

ရလဒ်တွေက ဘာတွေ ထွက်လာမယ်ဆိုတာတော့ အခု ထိတော့ မသိသေးဘူး။ အားလုံး ရဲ့ဆွေးနွေးမှု လည်းမရှိသေးဘူး။ အဖွဲ့အစည်းတိုင်းရဲ့ သဘော ထားအခုဖြစ်နေတဲ့ မြန်မာနိုင်ငံ ရေး၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်ပြီးတော့ အမြင်သဘော ထားကိုစုပြီးတော့အမြင်စုတဲ့ သ ဘောပဲရှိသေးတယ်။ လာမယ့် ဆွေးနွေးပွဲကျတော့ ဒီကိစ္စပေါ်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ့် အကြောင်းအရာတွေ ထွက်ပေါ် လာမယ်လို့ မျှော်လင့်တယ်။ အဲဒီ အချိန်မှာ ဆွေးနွေးပွဲမှာ ဘာရ လဒ်ထွက်လာမလဲဆိုတာကို အား လုံးခန့်မှန်းလို့ရမှာပါ။ ကျွန်တော် တို့ ကေအိုင်အိုကတော့ အခု ပြည်တွင်းဖြစ်နေတဲ့ ပြဿနာတွေ အားလုံး ဟာ နိုင်ငံရေးပြဿနာ ဟုတ်တယ်။ ဒါကြောင့်လည်းနိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းရမည်ဆို တဲ့ အခြေခံ သဘောတရားကို လက်ဆုပ်လက်ကိုင်ထားတယ်။ ဒီအခြေခံအတိုင်းပဲ ဒီဆွေးနွေးပွဲ မှာလည်း ကေအိုင်အို ရဲ့သဘော ထားအမြင်ကို တင်ပြခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာ တွေ့ဆုံဆွေး နွေးရေးလုပ်တယ်ဆိုပေမယ့် အခု အချိန်မှာ ပြည်တွင်းရဲ့ မြန်မာနိုင် ငံရဲ့ အခြေအနေကို ကြည့်တဲ့အ ချိန်မှာ လက်နက်ကိုအားကိုး လက်နက်ကို အဓိကထားပြီးတော့ သူတို့ရဲ့ တွေ့ဆုံဆွေးနွေးတဲ့လမ်း ကြောင်းကို ဖော်ဆောင်နေတယ်။ တစ်ဖက်မှာ တွေ့ဆုံဆွေးနွေးရေး လုပ်ကြမယ်ဆိုပေမယ့် တစ်ဖက် မှာ ကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေကိုပေါ့ နော်။ တိုင်းရင်းသားအားလုံးဟာ ကိုယ့်ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ရှိတယ်။ ကိုယ်ပိုင်တပ်ဖွဲ့မှာလည်း လျော် ကန်တဲ့၊ အင်အားတောင့်တင်းတဲ့၊ သင့်တော်တဲ့တပ်ဖွဲ့တွေကို ထား ရှိရမယ်ဆိုတဲ့ အမြင်ကိုလည်း စာ တမ်းမှာ ထည့်ပြီးတော့ တင်ပြ ထားတယ်။ ဒါဟာ စစ်ကိုလိုလား တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့ အမြဲတမ်းရင်ဆိုင်ပြီး တော့ ဖြေရှင်းနေတဲ့ မြန်မာနိုင်ငံ အစိုးရဟာ တစ်ဖက်မှာ သူတို့ စစ် အင်အား ကို တောင့်တင်းအောင် လုပ်နေတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးဟာလည်းပဲ တစ်ဖက်မှာ နိုင် ငံရေးဆွေးနွေးရေး လမ်းကြောင်းကို ဖော်ဆောင်ကြိုး စားနေတဲ့အချိန်မှာ တစ်ဖက်မှာ ကိုယ့်ရဲ့တပ်ဖွဲ့အင် အားတွေကို တောင့်တင်းတဲ့ အင်အားတွေ ပြည့်မီအောင် ၀ိုင်းပြီးတော့ ကြိုး စားမယ်ဆိုတဲ့ အဆိုပြုချက်ကို အဓိကထားပြီးတော့ ထည့်တဲ့ ရည်ရွယ်ချက်လည်း တစ်ခုပါပါ တယ်။ ကျန်တာကတော့ အခုဒါ တစ်နိုင်ငံ လုံးအတိုင်းအတာ အ ပစ်အခတ်ရပ်စဲ ရေးမူကြမ်းကို ပထမအဆင့်တော့ ပြီးသွားပြီတဲ့။ ဒီမူကြမ်းပေါ်မှာ တိုင်းရင်းသား တွေအားလုံးရဲ့ အမြင်သဘော ထားကို စုစည်းနိုင်မယ့် ဆွေးနွေး နိုင်မယ့် ညီလာခံတစ်ခု ကိုလည်း အဆိုပြုထားတာရှိတယ်။

NCA ကို ပဏာမသဘောတူထား တာရှိတယ်။ ဒါကို ကေအိုင်အို ဗဟိုအဖွဲ့ကလည်း ပြန်လေ့လာတယ် လို့ပြောတယ်။ဒီNCAအပေါ် မှာ ဘာတွေထပ်ဖြည့်စွက်ဖို့လို သေးတယ်လို့ထင်လဲ။

ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကပြန်လာပြီးတော့ ဗဟို ကော်မတီကို ဆွေးနွေးပွဲရဲ့အစီ ရင်ခံစာတော့ တင်ပြပြီးသွားပြီ။ ဒါကြောင့် ဒီပန်ဆန်းဆွေးနွေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗဟိုဌာနချုပ်မှာ NCCT လုပ် ဆောင်လာတဲ့ တစ်နှစ်ကျော်မှ သူ့ရဲ့လုပ်ငန်းစဉ်အားလုံးရယ်၊ နောက်ဆုံးထွက်ပေါ်လာတဲ့ ဒီမူ ကြမ်းအပေါ်မှာ အသေးစိတ်ဆွေး နွေးဖို့ အချိန်ယူပြီးတော့ ဆွေးနွေး တယ်။ ဆွေးနွေးချက်အရ ကျွန် တော် တို့ဟာ ဒီမူကြမ်းကို လက်ခံသင့်သလား၊ ဘာတွေထပ်ဖြည့် စွက်ပေးရမယ်ဆိုတဲ့ အချက်အလက်တွေပေါ် လာမယ်။ အချက်အလက်တွေအားလုံး စုစည်းတဲ့ အခါကျမှ၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးရဲ့ အချက်အ လက်တွေအားလုံး စုစည်းတဲ့အ ချိန်မှာကျမှ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းတွေအားလုံးရဲ့ ညီလာခံမှာ ဒီကိစ္စကို ကျွန်တော်ကေအိုင်အို တွေ အဲဒီကျမှပဲ အဆိုတင်ဖို့ရှိ တယ်။

ဒါကြောင့် NCCTရဲ့နောက် ဆုံးရရှိထားတဲ့ မူကြမ်းအပေါ်မှာ ကျွန်တော်တို့ အသေးစိတ်လေ့ လာသုံးသပ် တာမျိုးတော့မရှိသေး ဘူး။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပေါ့နော် NCCT ထိုးဖြစ်မယ်လို့ ထင်လား။

ဒီ Nation Wide Ceasefire Agreement ဆိုတဲ့ အခေါ်အဝေါ် အရ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲရေးဖြစ်တယ်။ အခုချိန်မှာ ကချင်ဒေသမှာရော၊ နောက်ပြီးတော့ ရခိုင်နဲ့ ကိုးကန့် ဒေသ အထူးသဖြင့် ကိုးကန့်ဒေသ မှာ သူတို့ထိုးစစ် အနေနဲ့လုပ်နေ ကြတယ်။ စစ်ဆင်ရေး စစ်ရေး လုပ်ရှား မှုတောင် မဟုတ်တော့ ဘူး။ ဒါက သူတို့ရဲ့ ဒီရည်ရွယ် ချက် ကြီးကြီးမားမားနဲ့ Mega Operation လို့ပြော လို့ရ မည့် အခြေအနေပေါ့ဗျာ။ ဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ် စဲရေးဆိုတဲ့ စာချုပ်ကို ထိုးဖို့ဆို တာတော့ ဒါအားလုံးလည်း စဉ်း စားရမယ့်အချက်ဖြစ်ပါတယ်။ ဒါ ကျွန်တော် တို့ ကေအိုင်အိုရဲ့ သ ဘောထားကလည်း တခြားတိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း နဲ့ သဘောထား အတူတူပါပဲ။ ဒီမှာဆွေးနွေးသွား တဲ့ စာတမ်းမှာကြည့်တဲ့အခါ လည်း အချို့အချို့သော အဖွဲ့တွေ ဟာ အခုဒီရခိုင်တို့၊ ကချင်တို့၊ ပ လောင်တို့၊ ကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေ တဲ့အချိန်မှာ NCA လက်မှတ်ထိုး ရေးဆိုတဲ့ ကိစ္စအပေါ်မှာ စဉ်းစား သင့်တယ်ဆိုတဲ့အဆိုတွေ တချို့ စာတမ်းတွေမှာ တွေ့ရတယ်။ ကျွန်တော်တို့ကေအိုင်အိုရဲ့ သ ဘောထားကလည်း အဲဒီလိုပါပဲ။ တစ်ဖက်မှာ တိုက်ပွဲဖြစ်နေတယ်။ တစ်ဖက်မှာ လက်မှတ်ရေးထိုး တယ်ဆိုတဲ့ကိစ္စဟာ အဆင်ပြေ နိုင်တဲ့ကိစ္စမဟုတ်ဘူး။ တစ်နိုင်ငံ လုံး အကျုံးဝင်နိုင်တဲ့ကိစ္စမဟုတ် ဘူး။ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အ ဖွဲ့အားလုံးဟာ နိုင်ငံရေးအရ အားလုံးဟာ ဗဟိုဟာ ဘုံသဘောထားတစ်ခုတည်းမှာပဲ ရပ်တည် သွားကြတယ်။ အားလုံးဟာ ညီ နောင် တိုင်းရင်းသားတွေဖြစ်တဲ့ အတွက်ကြောင့် မဟာမိတ်တပ် ဖွဲ့အားလုံး တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ မဟာမိတ် အနေနဲ့လည်း ကျွန် တော်တို့ သဘောတူညီချက်ရယူ ပြီးထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဖြစ်ပါတယ်။ ဒါ ကြောင့် တစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်နေ ပြီးမှ တစ်ဖွဲ့က ရန်ကုန်မှာသွားပြီး လက်မှတ်ထိုးမယ့် ကိစ္စဟာ ကျွန် တော်တို့စဉ်းစားမှာ မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ ထိုးစစ်ကို အခုရောက်တဲ့နေရာမှာ ရပ်ဖို့ အစိုးရဘက်က ပထမအဆင့် လုပ်ရမယ့်အချက်ပေါ့ဗျာ။ ရပ်နေ တဲ့ထိုးစစ်ကို တပ်အင်အားကို ပြန်ဆုတ်ပေးဖို့။ ဒီကိစ္စတွေ ဖြစ် လာတဲ့အချိန်ကျမှ NCA လက် မှတ်ရေး ထိုးဆိုတာကို ၀ိုင်းပြီး စဉ်းစားကြမှာပါ။ ဒါပေမဲ့ ထိုးစစ် ဆင်တာတွေလုပ်နေလို့ ကျွန် တော်တို့ ဒီ NCA မှာ မစဉ်းစားဘူး ဆိုတာတော့ မဟုတ်ဘူး။NCA ရဲ့ မူကြမ်းအပေါ်မှာ အဖွဲ့အစည်း တိုင်းတော့ ၀ိုင်းပြီးစဉ်း စားကြမယ်။ တိုင်းရင်းသားညီလာခံမှာ ဒီအဖွဲ့အစည်းတိုင်း၏ သဘော ထားကို တင်ပြကြမယ်။ စုစည်း ကြမယ်။ အဲဒီအချိန်ကျမှ ဒီစစ် တပ်ရဲ့ ထိုးစစ်ဆင်မှုအပေါ်မှာ ဘယ်လိုရှိတယ်ဆိုတဲ့ သဘောထား ခိုင်ခိုင်မာ မာထွက်ပေါ်လာ မှာပါ။

၂၀၁၅ ရွေးကောက်ပွဲဆိုတာ အစိုးရရဲ့ သတ်မှတ်ပြီးသားအချိန် နဲ့ လုပ်ရတဲ့လုပ်ငန်းတစ်ခုပါ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ NCA ထိုးရေးဟာ လမ်းကြောင်းတစ်ခုပါ။ ရောပြီး တော့ အဆော တလျင်လုပ်လို့ လည်း မရတဲ့ကိစ္စပါ။

အခုအစိုးရသက်တမ်းမှာ လက် မှတ်မထိုးနိုင်ရင် နောက်အစိုးရ ဆို ဘယ်လိုဖြစ်လာနိုင်လဲ။

တကယ်လို့များ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်ကြမယ်ဆို ရင်တော့ နိုင် ငံသစ်ကို တည် ထောင်ကြမယ်။ တိုင်းရင်းသား အခွင့်အရေးကိုလည်း အားလုံးကလည်း လေးစား လိုက်နာပြီးတော့ တောင်းဆိုနေတဲ့ အခွင့်အရေးကို ၀ိုင်းပြီးပေးကြမယ်ဆိုရင် ဘယ်အစိုးရပဲတက်တက် ဒီနိုင်ငံရဲ့အာ ဏာကို ဆုပ်ကိုင်ထားတဲ့အစိုးရဟာ ဒီကိစ္စကို စဉ်းစားကြရမှာပါ။ ဒီလမ်းကြောင်းပဲဆက်ပြီး သွားရ မှာပဲ။ ဒီလမ်းကြောင်းကို သွေဖည် ပြီး အခြားလမ်းကြောင်းမရှိဘူး။ ဒါကြောင့် နောင်လာမည့်အစိုးရ ဟာ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် စစ်တပ်ကိုကျောရိုးထားတဲ့အဖွဲ့ အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင် အားစုအာဏာရပါတီအနေနဲ့ ပေါ်ထွက်လာတယ်ဆိုပေမယ့် ပြည်တွင်းရဲ့ နိုင်ငံရေးဖြေရှင်းပုံ လမ်းကြောင်း ဟာ တွေ့ဆုံဆွေး နွေးမှုအတိုင်းပဲ သွားရမှာပါပဲ။

ကျေးဇူးတင်ပါတယ်။

ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်(ဓာတ်ပုံ - မရန်)
7Day Daily

No comments:

Post a Comment

My Blog List