Wednesday, May 06, 2015

နစ်မြုပ် ရုရှ သင်္ဘောပေါ်ပါ SEA RIDER ကုမ္ပဏီနှင့် စာချုပ်ချုပ်သူများကို မေ ၁၁ ရက် လျော်ကြေးပေးမည်ဟုဆို


ရုရှ Okhotsh ပင်လယ်တွင် နစ်မြုပ်ခဲ့သည့် ရုရှငါးဖမ်းသင်္ဘော Dalny Vostok ပေါ်သို့  SEA RIDER ကုမ္ပဏီမှ တာဝန်ယူ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၃ဦး၏  လုပ်ခလစာ ၂လစာနှင့် အချိန်ပိုကြေးကို မတ် ၁၁ရက်တွင် ကုမ္ပဏီ ပေးလျော်မည်ဟု သဘောင်္သား ကိုဖြိုးမင်းသန့်က မဇ္ဈိမကို ပြောသည်။
"သေတဲ့သူတွေလည်းပါတယ် အကုန်လုံးကို ပေးမယ်လို့ပြောတယ်။ ခုဆိုသဘောင်္ကနေ ပြန်လာတာ တစ်လရှိနေပြီ။ လျော်ကြေးပေးမယ်ပြောတာပဲရှိတယ်။ ဘယ်က ဘယ်လိုပေးမှာလဲကို မသိသေဘူး"ဟု နစ်မြုပ်သင်္ဘောပေါ်တွင် လိုက်ပါခဲ့ပြီး အသက်ရှင် ပြန်လာသည့် သင်္ဘောသား ကိုဖြိုးမင်းသန့်က ပြောသည်။

Sea Rider သဘောင်္ကုမ္ပဏီမှ တစ်ဆင့် စေလွှတ်ခဲ့သည့် သေဆုံးသူသဘောင်္သား ရှစ်ဦး နှင့် အသက်ရှင် သူ ငါးဦး စုစုပေါင်း ၁၃ဦး၏ လုပ်ခလစာ နှင့် အချိန်ပိုကြေး တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၈၀၀ ပေးလျော် မည်ဟု မတ်လ ၄ရက်က ကုမ္ပဏီပိုင်ရှင် ဦးစိုးတင်က ၎င်း၏ ရုံးခန်းတွင် ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ကိုဖြိုးမင်းသန့်က ပြန်ပြောပြသည်။

Sea Riderကုမ္ပဏီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူက "၁၁ရက်နဲ့ ၁၂ ရက် လောက်တော့ ရုရှား သဘောင်္ဘက်ကရမှာပါ။ ဟိုက ငွေပို့ကို စောင့်နေပါတယ်။ ကျွန်တော်တို့ သဘောင်္သားတွေ အတွက် ကို ပေးဖို့ကို စောင့်နေလို့ပါ။ ခုလောဆယ်တော့ လစာကတော့ရမှာ ကျန်းသေပါတယ်"ဟု ပြောသည်။

၎င်းတို့ ကုမ္ပဏီမှ စေလွှတ်ခဲ့ပြီး သင်္ဘောပေါ်တွင် သေဆုံးသူ ၈ဦး၏ နစ်နာကြေးအတွက် မြန်မာနိုင် ငံ ရေကြောင်းဦးစီးဌာန၊ မြန်မာ့ပင်လယ်ကူး သဘောင်္သားများ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာ သံရုံးတို့နှင့် ပူးပေါင်း၍ ကြိုးစားနေသည်ဟု ၎င်းကပြောသည်။

သင်္ဘောနစ်မြုပ်ပြီး သေဆုံးခဲ့သည့် သင်္ဘောသား ကိုကျော်သက်နိုင်၏ မိခင်ဒေါ်ဌေးကလည်း "ခုဆိုရင် တစ်လရှိနေပြီ။ ဘယ်ကပေးမှာလဲတော့ မသိဘူး။ ပေးမယ်လို့ပဲပြောတယ်။ ကုမ္ပဏီ ငါးခုမှာ sea rider ကုမ္ပဏီ တစ်ခုထဲပဲကျန်တော့တယ် ကျန်တဲ့ကုမ္ပဏီကတော့ လျော်ကြေးတွေပေးနေပြီ" ဟု ပြောသည်။

ယင်းသဘောင်္တွင် Sea Rider အပါအဝင် ကုမ္ပဏီ ငါးခုမှ ထွက်ခွာခဲ့သည့် သင်္ဘောသား ၄၂ဦး (သေဆုံးသူ ၁၆ဦး၊ ပျောက်ဆုံး ၄ဦး နှင့် အသက်ရှင်သူ ၂၂ဦး)၏ အချက်အလက်များနှင့် အိမ်ထောင်စု ဇယား၊ မှတ်ပုံ တင်၊ သေဆုံး သွားသူ၏ မိသားစုဝင် မှန်ကန်ကြောင်း ကျမ်းကြိမ်လွှာများကို မတ်၎ရက်က မြန်မာနိုင်ငံ ပင်လယ်ကူး သဘောင်္သားများ အလုပ်သမားအဖွဲ့ချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟုလည်း ဒေါ်ဌေးက ပြော သည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက မြန်မာသင်္ဘောသားများကို ငါးဖမ်း သဘောင်္ပေါ်သို့ ပို့ဆောင်ခွင့် မပြုထားသောကြောင့် ယခု တရားမဝင်စေလွှတ်ခဲ့သည့် Sea Rider ကုမ္ပဏီ၊ Top Chance ကုမ္ပဏီ၊ Asia Wave ကုမ္ပဏီ၊ Light Oasis ကုမ္ပဏီ၊ Star Global ကုမ္ပဏီ ၅ခုကို လုပ်ကိုင် ခွင့် ခေတ္တရပ်ဆိုင်းထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List