Monday, May 04, 2015

ကနေဒါဝန်ကြီးချုပ် အီရတ်သို့ လာရောက်


အီရတ်နိုင်ငံတစ်ဝန်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၃၀ ဦးထက်မနည်း သေဆုံးသွားစဉ် အိုင်အက်စ် အဖွဲ့ကို တိုက်ခိုက် ချေမှုန်းရာတွင် ဆက်လက်ကူညီသွားမည်ဟု ကတိပြုကာ ကနေဒါဝန်ကြီးချုပ် စတီဖန် ဟာ ပါသည် အီရတ်နိုင်ငံသို့ မေလ ၃ ရက်က မထင်မှတ်ဘဲ ရောက် ရှိလာသည်။
ကနေဒါအစိုးရက အီရတ်အတွက် ကတိပြုပြီးဖြစ်သည့်ကန်ဒေါ်လာ ၆၈ သန်း အကူအညီ ပေးအပ်ခြင်း အပြင် တိုက်ပွဲများ ကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်း ဒုက္ခသည် ပြဿနာကို ဖြေ ရှင်းရေး ထပ်ဆောင်း အကူအညီ ကန်ဒေါ်လာ ၁၃၉ သန်း ပေးမည်ဟု ကြေညာထားသည်။

ဘဂ္ဂဒက်မြို့တွင် ဟာပါကို အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီက လက်ခံတွေ့ဆုံခဲ့သည်။

အီရတ်စစ်တပ်အား လေ ကြောင်းတိုက်ခိုက်မှုများ၊ လေ့ကျင့်သင်ကြားပေးမှုများနှင့် လက်နက်တပ် ဆင်ပေးခြင်းဖြင့် ကူညီ နေသော အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ညွန့်ပေါင်းအ ဖွဲ့တွင် ကနေဒါနိုင်ငံ ပါဝင်သည်။

အီရတ်နိုင်ငံကို ကနေဒါအ စိုးရက ဆက်လက်ကူညီသွားမည် ဟု ဟာပါက ကတိပြုသည်။

ထိုအတောအတွင်း မေလ ၃ ရက်က ကားဖြင့် အသေခံဗုံးခွဲမှု နှစ်ခု ဘဂ္ဂဒက်မြို့ ကာရာဒါဒေသတွင် မိနစ် ပိုင်းခြား၍ ဖြစ်ပွားခဲ့သ ဖြင့် လူ ၁၇ ဦးထက်မနည်း သေဆုံးသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

နိုင်ငံအရှေ့ပိုင်း ဒီယာလာ ပြည်နယ်တွင် လမ်းဘေးဗုံးတစ် လုံးပေါက်ကွဲသောကြောင့် အမျိုး သမီး ငါးဦးနှင့် ကလေးငယ် နှစ် ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခုနှစ်ဆန်းက အိုင်အက်စ် အဖွဲ့ဝင်များစွာကို ယင်းပြည်နယ် မှ တိုက်ထုတ်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့က လမ်းဘေးတွင် ဗုံး ထောင်ကာ တိုက်ခိုက်မှုများ ပြု လုပ်နေကြဆဲဖြစ်သည်။

အန်ဘာပြည်နယ် ဂါမာမြို့ တွင် အသေခံဗုံးခွဲသူတစ်ဦးက ကားဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား သုံးဦးနှင့် အစိုးရလိုလား သော လက်နက်ကိုင် သုံးဦး သေ ဆုံးကာ အခြားကိုးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိခိုက်သေဆုံးသူအရေအ တွက်ကို အီရတ်ဆေးဘက်ဆိုင် ရာ အရာရှိများက အတည်ပြုထား ကြောင်း TOI သတင်းက ဖော်ပြ သည်။              

Ref: TOI
7Day News Journal

No comments:

Post a Comment

My Blog List