Tuesday, May 05, 2015

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်မနေပြင်ဆင်ရန် လက်နက်ကိုင်အဖွဲ့အချို့ ပန်ဆန်းညီလာခံတွင် စာတမ်းတင်သွင်း


‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တိုင်း၊ ပန်ဆန်းတွင်ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၏ ထိပ်သီး အစည်းအဝေးတွင် အချို့အဖွဲ့အ စည်းများက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် ၂၀၀၈ အခြေခံဥပဒေ မဖြစ်မနေ ပြင်ဆင်ရမည်ဖြစ် ကြောင်း အမြင်သဘောထားစာ တမ်းတင်သွင်း သူများ ရှိကြောင်း သတင်းရရှိသည်။
‘‘Ceasefireအရင်လုပ်ရ မယ်ဆိုတာကို သဘောတူတယ်။ Political Dialogueတွေမှာအတူ တကွလုပ်ရ မယ်ဆိုတာသဘော တူတယ်။ Political Dialogue တွေ ကတစ်ဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတူတကွလုပ်ရ မယ်။ နောက် ၂၀၀၈အခြေခံဥပ ဒေကို မဖြစ်မနေပြင်ရမယ်ဆိုတာ ကိုလည်း သဘောတူ တယ်’’ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်နာယက၊ NCCTအ ဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင် ဟံသာကလည်း ၂၀၀၈ဖွဲ့စည်းပုံ ကို မပြင်ပါက စစ်မှန်သည့်ဒီမိုက ရေစီနှင့် နိုင် ငံထူထောင်ရန်မဖြစ် နိုင်ကြောင်းနှင့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုကလည်း လက်ခံနိုင်မည် မဟုတ်သည့်အတွက် ပြင်ဆင်ရန်လိုအပ်သည်ဆို သည့်အချက်ကို အဖွဲ့အားလုံး လက်ခံထားကြကြောင်း လည်းဆို သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဖွဲ့အချို့ကို ချန်လှပ်ထားပြီးမှ ရသည့် အဖွဲ့နှင့်သာ သွားမည်ဆိုတာမျိုးမဖြစ် သင့်ကြောင်း၊အဖွဲ့အားလုံးအပစ်အခတ် ရပ်စဲရေး တွင် အားလုံးပါဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများလည်း အားလုံးအ တူတကွပါဝင်ရေးဆိုသည့် မူအ ပေါ်တွင်အတတ်နိုင်ဆုံး ရုန်းကန် တိုက်ပွဲဝင်ရန်လိုသည်ဟု ထင်မြင်ကြောင်းလည်း နိုင်ဟံသာက ဆက်လက်ပြောကြားသည်။

‘‘NCAကို အတည်ပြုလက် မှတ်ထိုးဖို့ကိစ္စမှာ အဖွဲ့တချို့ကိုချန်ထား လို့တော့မဖြစ်ဘူး။ ချန်ထားရင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုတာအဓိပ္ပာယ်မပြည့်စုံတော့ဘူးလေ။မမှန်ကန်တော့ဘူး’’ဟု နိုင်ဟံသာကဆိုသည်။

ထို့အပြင် NCAကိုလည်း ပြန်လည်ပြင်ဆင်ဖြည့်စွက်ရန်လို အပ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ ကြကြောင်း၎င်း ကပြောသည်။

ယင်း အစည်းအဝေးကို ‘၀’ပြည်သွေး စည်းညီညွတ်ရေး ပါတီဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် မေလ ၁ရက် က စတင် ပြုလုပ်နေ ခြင်းဖြစ်သည်။

ပန်ဆန်းတွင်ပြုလုပ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
7Day Daily

No comments:

Post a Comment

My Blog List