Friday, May 08, 2015

ကမ္ဘာသို့ ပျက်ကျလာသည့် ရုရှအာကာသယာဉ် ပျက်စီးလောင်ကျွမ်း


ထိန်းချုပ်မှုမဲ့ပြီး ပျက်ကျလာသည့် ရုရှနိုင်ငံမှ အာကာသယာဉ်သည် ကမ္ဘာလေထုအတွင်း ပြန်လည် ဝင်ရောက်လာစဉ် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း ရုရှအာကာသ အေဂျင်စီက ပြောသည်။ပစိဖိတ် သမုဒ္ဒရာပေါ်ရှိ ကမ္ဘာလေထုအတွင်း ပြန်လည်ပျက်ကျ လာခြင်းဖြစ်ပြီး ယာဉ်လောင်ကျွမ်းအပိုင်းအစများက ပင်လယ်တွင်းသို့ ပျက်ကျခြင်းဖြစ်သည်။
အဆိုပါ Progress M-27M အာကာသယာဉ်ကို ဧပြီ ၂၈ ရက်က ကာဇက်စတန်မှ လွှတ်တင်ခဲ့ခြင်းဖြ စ်ပြီး နောက်တွင် ထိန်းချုပ်နိုင်မှုမဲ့ သွားရခြင်း ဖြစ်သည်။

လူမဲ့ယင်း အာကာသယာဉ်သည် နိုင်ငံတကာ အာကာသ စခန်းအတွက် လိုအပ်ရိက္ခာ သုံးတန်ကို တင်ဆောင်လွှတ်တင်လိုက်ခြင်း ဖြစ်သည်။

"မေ ၈ ရက် မော်စကို စံတော်ချိန် နံနက် ၅ နာရီ ၄ မိနစ်မှာ ကမ္ဘာလေထုတွင်း ဝင်ရောက်လာတာပါ။ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းကို ပျက်ကျသွားခြင်း ပဲ ဖြစ်ပါတယ်” ဟု ရုရှအာကာသ အေဂျင်စီ ရိုကိုမို့စ် က ပြောခဲ့သည်။

REF : BBC
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List