Monday, May 04, 2015

ချယ်လ်ဆီး ပွဲစဉ်မကုန်မီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု ဆွတ်ခူး


တနင်္ဂနွေညပိုင်း ပရီးမီးယားလိဂ်တွင် လိဂ်ကိုဦးဆောင်နေခဲ့သော ချယ်လ်ဆီးတို့ လန်ဒန်အိမ်ကွင်းတွင် မြို့ခံ ပြိုင်ဘက် ခရစ်စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်များ မပြီးဆုံးမီပင်အမှတ်ဖြတ်နိုင်ခဲ့၍ ချန်ပီယံဖြစ်သွားခဲ့သည်။
ချယ်လ်ဆီးသည် ပွဲတွင် ဘောလုံးပိုင်ဆိုင်မှုသာခဲ့ပြီး ခံစစ် ပိုင်းမှာလည်း ကောင်းမွန်ခဲ့ကာ ပဲလေ့စ်ကို စနစ်တကျ ကစားပြီး  စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းအသာစီးဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီး ရှေ့တန်းတွင် ကော်စတာမပါနိုင်၍ ဒရော့ဂ်ဘာ ကို တင်ကစားခဲ့ပြီး ဝီလျံ၊ ဟားဇတ်၊ ကွက်ဒရာ ဒိုတို့က ဖာဘရီဂတ်စ်၊ မာတစ်တို့ဖြင့် ကွင်းလယ်၌ ပွဲထွက်ခဲ့သည်။ နောက်တန်းတွင်လည်း ကပ္ပတိန် တယ်ရီ၊ ကာဟေး၊ အီဗန်နိုဗစ်၊ အက်ဇ်ပီကျူ ရေတာတို့ ပါဝင်ခဲ့ကာ ပဲလေ့စ်ကို ဖိအားပေးရန် ကြိုးစားခဲ့ သည်။

ချယ်လ်ဆီးအတွက်  အဖွင့်ဂိုးကို ယခုရာသီ အကောင်းဆုံးဆုရ ဟာဇတ်က ပထမပိုင်း ၄၅မိနစ်တွင် သွင်းပေးခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးသည် ပွဲအစပိုင်းတွင် တိုက်စစ်ဆင်နိုင်ခဲ့သော် လည်း ပဲလေ့စ် တိုက်စစ်ပိုင်းကထိ ရောက်မှုအနည်းငယ်ရှိခဲ့သည်။

ထို့နောက် ပွဲချိန် ၄၄ မိနစ် တွင် ဟားဇတ်နှင့် ဝီလျံတို့ ပဲလေ့စ်ဂိုးဧရိယာ အတွင်း ဝမ်းတူးရိုက်ရာတွင် မက်အာသာက ဟားဇတ်ကို လှဲချခဲ့၍ ပင်နယ်တီရခဲ့ရာဟာဇက်ကန်ချက်ပျော့၍ စပါရိုနီပုတ်ထုတ်နိုင်သော် လည်း ၎င်းထံ တည့်တည့်ပြန်အန်ထွက်ခဲ့ရာ ဟာဇက်က ခေါင်းတိုက်ပြီး  အဖွင့်ဂိုးရယူပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် ပဲလေ့စ်အတွက် ဇာဟာ ကန်ချက်များ ထိရောက်ခဲ့သော်လည်း  ချယ်လ်ဆီးဂိုးသမား ကော် တိုအစ်ကာကွယ်နိုင်ခဲ့ပြီး ချယ်ဆီးနောက် တန်းနှင့် အလယ်တန်း ခံစစ်ပိုင်း စုစည်းမှုရှိခဲ့သည်။

ဤသို့ဖြင့် ပွဲချိန်အပြည့်ကစားပြီးနောက် ချယ်လ်ဆီးတို့ ၂၀၁၀ မှစ၍ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ပရီး မီးယားလိဂ်ဖလားကို လက်ကျန်သုံးပွဲရလဒ်ကြည့်စရာမလိုတော့ဘဲ ဆွတ်ခူးနိုင်ခဲ့သည်။

‘‘ချယ်လ်ဆီးနည်းပြမော်ရင် ဟိုနဲ့ ကစားသမားတွေကို ဂုဏ်ပြု လိုက်ပါတယ်။ သူတို့ဟာ ချန်ပီယံဖြစ်ဖို့ ထိုက် တန်ပါတယ်။ သူတို့ဟာ ရာသီပထမပိုင်းမှာ ဟိတ်ဟန်များခဲ့ပြီး ဒုတိယပိုင်းမှာတော့ အလုပ်ကောင်းကောင်း လုပ်ခဲ့ပါ တယ်။ သူတို့ဟာ အနိုင်ရဖို့ လိုအပ်သမျှအရာအားလုံးရှိခဲ့တယ်။ဒီနေ့ပွဲမှာ သူတို့ ကစားရ ခက် အောင် ကျွန်တော်တို့ လုပ်ခဲ့တယ်။သူတို့ကို ထိန်းချုပ်ဖို့ ပွဲစီမံချက် ကျွန်တော်တို့ လုပ်ခဲ့တယ်။ အီဒင် ဟားဇတ်ကို ကျွန်တော်မဝေဖန်ချင်ပါဘူး။ သူက နည်းနည်းပဲ ထိ တွေ့မှုဖြစ်ပြီး လဲကျသွားခဲ့တာပါ’’

(ခရစ်စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူး)

‘‘ဒီခံစားချက်က မယုံနိုင် စရာဖြစ်ပါတယ်။ ကျွန်တော်တို့ကြိုးစားခဲ့ရတယ်။ ဒီတော့ ချန်ပီယံဖြစ်ရတာ ကြီးကျယ်ခမ်းနားပါတယ်။ ပဲလေ့စ်က အသင်းကောင်းဖြစ်ပြီး ခက်ခဲအောင် လုပ်ခဲ့တယ်။ အီဒင်ဟာဇက်ကို ဂိုးသွင်းပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့ နိုင်ခဲ့ပြီ။  ဒီဆုကို ကျွန်တော်တို့မရခဲ့တာ ငါးနှစ်ရှိခဲ့ပြီ။ ပထမဆုံး ဆုကတော့ စပယ်ရှယ်ဖြစ်ခဲ့ပြီး လေး၊ ငါးနှစ်လောက် ဆုမရဘဲ နေခဲ့ရတော့ နာကျင်ခဲ့ရပါတယ်။ ဒီတော့ ဒီနေ့ကျွန်တော် တကယ် ပျော်ရွှင်ရပါတယ်’’

ဂျွန်တယ်ရီ (ချယ်လ်ဆီး အသင်းခေါင်းဆောင်)

- စီးရီးအေတွင်လည်း ဂျူဗင်တပ်အသင်းက ဆမ်ဒိုးရီးယား ကို အဝေးကွင်းတွင် ဗီဒယ်လ်၏သွင်းဂိုးဖြင့် တစ်ဂိုး ဂိုးမရှိဖြင့် နိုင်ပြီး ၎င်းတို့၏ လေးနှစ်ဆက်တိုက် စီးရီးအေဖလားဆုကို မေလ ၂ ရက်က ရရှိသွား သည်။

7Day News Journal

No comments:

Post a Comment

My Blog List