Wednesday, May 06, 2015

ဗေသလနှစ်ခြင်းအသင်းတော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ဘုတ်ထောင်အခမ်းအနားကျင်းပပြုလုပ်





မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်ထောင် အခမ်းအနားနှင့် အမြင်ဖွင့် ပြောကြားခြင်းအစီအစဉ်အား ယနေ့ မေလ ၆ရက်နေ့တွင် မြစ်ကြီးနားမြို့ယုဇနရပ်ကွက်ရှိ ဗေသလနှစ်ခြင်းအသင်းတော် ဘုရားကျောင်း ဝင်း၌ ကျင်း ပပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀၀ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

“ ရည်ရွယ်ချက်က အခုဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကချင်အမျိုးသားရေး နဲ့ ခရစ်ယာန်အ သင်းတော် တွေပဲ ပိုပြီးလုပ်ဆောင်နေတာကိုတွေ့နေရတယ်။

အဲဒါကြောင့် မြစ်ကြီးနားမြို့လယ်မှာပါဝင်တဲ့ အသင်း တော် တစ်ခု ဖြစ်နေတဲ့အတွက် ဘေးပတ်ဝန်းကျင်က ဘာသာမတူတဲ့ ဗုဒ္ဓဘာသာ ၊မွတ်ဆလင်တို့ အစ ရှိခဲ့သူတို့ပါဝင်လာနိုင်အောင်လို့ဒီနေ့ ဒီလောက်လူအင် အားနဲ့အမြင်ဖွင့်ပြောကြားခြင်းအစီအစဉ်တွေလုပ်တာ” ဟု မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး တာဝန်ခံ သိက္ခာတော်ရဆရာ ဒေါက်တာလဝေါမ်မှဆိုသည်။

အဆိုပါအစီအစဉ်တွင် လူငယ်၊ လူကြီးများသာမက ကလေးသူငယ်များလည်း ပါဝင်ခဲ့ကြောင်းလည်းသိရ သည်။

၎င်းတို့၏လှုပ်ရှားမှုတွင် မူးယစ်မသောက်စားသေးသည့်သူများအား ကြိုတင် ကာကွယ်တားဆီးခြင်းအား အဓိကလုပ် ဆောင်သွားမည်ဖြစ်ပြီး ယုဇန နှင့် မြေမြင့်ရပ်ကွက်တို့တွင်နေထိုင်သည့် လူမျိုးမတူ ဘာသာ မတူသည့်သူများအား လက်ကမ်းစာစောင်များဖြင့် တစ်အိမ် တက်တစ်အိမ်ဆင်းဝေငှ သွားမည် ဖြစ်ကြောင်း လည်းဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းဘုတ်များအား မြေမြင့် နှင့် ယုဇနရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ၊ လမ်းဆုံ လမ်းခွကြားများတွင် စိုက်ထူထားသည်။

Kachinwaves

No comments:

Post a Comment

My Blog List