Friday, May 08, 2015

ရုရှားဂြိုဟ်တု မေ ၈ ရက်နေ့ ကမ္ဘာမြေပေါ် ပြန်ကျမည်









နိုင်ငံတကာအာကာသစခန်းကို ရိက္ခာပို့လွှတ်လိုက်တဲ့ မောင်းသူမဲ့ ရုရှားဂြိုဟ်တုဟာ အာကာသစခန်းကို မရောက်ပဲ မေလ ၈ ရက်မှာ ကမ္ဘာမြေပေါ် ပြန်ကျလာတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က Kazakhstan နိုင်ငံ၊ ဒုံးပျံလွှတ်တင်ရေး စခန်းကနေ ရိက္ခာအစားအသောက်၊ လောင်စာနဲ့ တခြားထောက် ပံ့ရေး ပစ္စည်းတွေကို ဒုံးပျံနဲ့ တင်လွှတ်လိုက်တာပါ။

ဂြိုဟ်တုပတ်လမ်းထဲရောက်ရှိပြီး ခဏအကြာမှာ အဆက်အသွယ်ပြတ် သွားခဲ့ပြီး ရေဒါ အချက်အလက်တွေ အရ ကမ္ဘာမြေပေါ် ပြန်ကျလာတာကို တွေ့ရတာပါ။ မေလ ၈ ရက်နေ့ ဗြိတိန်စံတော်ချိန် မနက် ၉ နာရီမှာ ကမ္ဘာမြေပေါ် ကျရောက်မယ်လို့ အမေရိကန်လေတပ်က ဆိုပါတယ်။

ပြန်အကျမှာ ကမ္ဘာ့လေထုထဲ မီးလောင်ကျွမ်းသွားနိုင်ပြီး အပိုင်းအစတွေပဲ ပင်လယ်ထဲ ကျရောက်နိုင်ခြေများ တယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။

ဘာကြောင့် နိုင်ငံတကာအာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ပြန်ကျလာလဲ ဆိုတာကို စုံစမ်းနေပြီး မေလ ၁၃ ရက်နေ့မှာ ရုရှားအာကာအေဂျင်စီက ကနဦးတွေ့ရှိချက်တွေ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဒီရိက္ခာသယ်ဂြိုဟ်တု အာကာသစခန်းကို ရောက်မသွားပေမယ့် အာကာသယာဉ်မှူးတွေ အတွက် ၄ လစာ ရိက္ခာ အလုံအလောက်ရှိတယ်လို့ နာဆာက ပြောပါတယ်။

၁၉၇၉ ခုနှစ်က အမေရိကန် Skylab အာကာသစခန်းအပါအ၀င် အာကာသယာဉ် အပိုင်းအစတွေ အရင်က လည်း ကမ္ဘာမြေပေါ် အထိအခိုက်မရှိ ပြန်ကျခဲ့ဖူးပါတယ်။

DVB

No comments:

Post a Comment

My Blog List