Monday, May 04, 2015

သံလွင်ရေကာတာစီမံကိန်းအတွက် သျှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီး က ပေးသော လက်ဆောင် ပစ္စည်းအား ဒေသခံမှပြန်လည်ပေးအပ်မည်


သျှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှု ၀န်ကြီးဦးစိုင်းထွန်းရင်မှပေးအပ်ခဲ့သော လက်ဆောင် ပစ္စည်းများအား ကွန်ဟိန်း ဒေသခံများမှ ပြန်လည်ပေး ပို့မည်ဖြစ် ကြောင်းသတင်းရရှိသည်။ ဧပြီလ ၂၇ ရက်နေ့က ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်ခန်းမတွင် လျှပ်စစ်ဝန်ကြီးနှင့် ကွန်ဟိန်းလူထုတို့ တွေ့ဆုံစဉ် လျှပ်စစ် ဝန်ကြီးက တွေ့ဆုံပွဲ တက်ရောက်သောဒေသခံ ပြည်သူလူထုများအား သံလွင်မြစ် အထက်ပိုင်း (မိုင်းတုံ ) ရေအားလျှပ် စစ်စီမံကိန်း တည် ဆောက်မည့် China Three Gorges Corporation ကုမ္ပဏီနှင့် SMEC ကုမ္ပဏီ၏ တံဆိပ် ပါလက်ဆွဲ အိတ်ဖြင့် အမျိုးသမီးဝတ် သျှမ်းဝတ်စုံ တစ်စုံစီပေးအပ် ခဲ့ ကြောင်း ကွန်ဟိန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်း ထံမှသိရသည် ။
" လျှပ်စစ်ဝန်ကြီးက ကွန်ဟိန်းမြို့ လျှပ်စစ်မီး ရရှိရေးအတွက် လူထုတွေ့ဆုံပွဲ လာလုပ်တာ လို့တော့ ပြော တယ် ၊ လျှပ်စစ်ဝန်ကြီးနဲ့အတူ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ China Three Gorges Corporation လည်း ပါတယ်၊ မိုင်းတုံ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှတော့ပြော မသွားဘူး ၊ ဘာအဓိပ္ပါယ် နဲ့ ဒါမျိုးတွေလုပ်သွားတာလည်းတော့မသိဘူး " ဟု ၄င်းကဆက် လက်ပြောသည်။

ယင်းအခန်းအနားသို့ ဒေသခံလူထုတစ်ရာကျော်တက်ရောက်ခဲ့ပါသည်။ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် မှ ယင်းတွေ့ဆုံပွဲတွင် China Three Gorges Corporation ကုမ္ပဏီသည် မိုင်းတုံ ရေကာတာ တည်ဆောက် ရေး လုပ်ငန်းတွင်ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဒေသခံလူထုအား မိတ်ဆက်ပေး ခဲ့သည်ဟု ကွန်ဟိန်းနေသူ စိုင်းဖ ကရှင်းပြသည် ။

" မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး သျှမ်းပြည်နယ်အစိုးရ ဆီ ကနေ အရင်တုန်းကဘာ အသံ မှ မကြားရဘူး။ ဒါပေမယ့် အခုလို လျှပ်စစ် ဝန်ကြီး ဦးစိုင်းထွန်းရင်က အဲ့ဒီ တရုတ်ကုမ္ပဏီရဲ့ စပွန်ဆာတံ ဆိပ် ပါတဲ့ ဟာနဲ့လူထုတွေကို လက်ဆောင်ပေးတယ် ဆိုတော့ မေးခွန်း ထုတ်စရာတွေ ရှိလာပြီ " ဟု ၄င်းကဆက်လက်ပြောသည်။

China Three Gorges Corporation ကုမ္ပဏီမှ ကာလိ ၊ နောင်ငင်း ကျေးရွာတွင်လည်း ရေအားလျှပ် စစ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ်သိန်း (တစ်ရာသုံး ဆယ်ငါးသိန်း )ထောက်ပံ့သွားကြောင်း ကာလိ ဒေသခံများထံမှ သိရသည် ။

ဓါတ်ပုံ- ဧပြီလ ၃၀ ရက်နေ့က သံလွင်ရေကာတာစီမံကိန်းအား ကွန်ဟိန်းဒေ သခံများက ဆန့်ကျင်ဆန္ဒပြစဉ်
Panglong(Burmese)

No comments:

Post a Comment

My Blog List