Thursday, May 07, 2015

သမ္မတ အကြံပေးမှ နုတ်ထွက်၍ နိုင်ငံရေး ပါတီထောင်သူ ဒေါက်တာ နေဇင်လတ် နှင့် တွေ့ဆုံ မေးမြန်းခြင်း


နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်တစ်ဦး ဖြစ်သော ဒေါက်တာနေဇင်လတ် သည် အကြံ ပေး အဖွဲ့မှ မိမိ ဆန္ဒအလျောက်နုတ်ထွက်၍ နိုင်ငံရေးပါတီ တစ်ခုဝယ် နာယကအဖြစ် တာဝန်ယူ လိုက်သည်။ ယင်းပါတီကို ပူးပေါင်းတည် ထောင်ရာတွင်လည်း ပါဝင်နေပြန်သည်။ ပြည်သူ အများ မျှော်လင့် စောင့် စားနေကြသော ၂ဝ၁၅ ရွေး ကောက်ပွဲကျင်းပရန် လအနည်းငယ်မျှအလိုတွင် ပါတီတစ်ခု ယခုကဲ့သို့ ဗြုန်း စားကြီး ပေါ်ပေါက်လာသဖြင့် အားလုံး စိတ်ဝင်စားကြသည်။ 


သို့လော သို့လောတွေလည်း တွေးကြ ပြောကြသည်။ တီးတိုး တီးတိုး သဖန်းပိုးလေးတွေ လည်း ရှိကြသည်။ အဆိုပါ သို့လော သို့ လောများ၊ တီးတိုး တီးတိုး သဖန်းပိုး များ ဘ ဝင်နှင့် အမြင်ရှင်းသွားစေ ရန်အတွက် လည်းကောင်း၊ မိမိတို့ ထင်ထားသည်တို့နှင့် ကာယကံ ရှင်၏ဖြေကြားချက်များ မည်မျှတိုက် ဆိုင်မှုရှိသည်ကို စာဖတ်ပရိသတ် ကြီး သိရှိစေရန် အတွက် လည်း ကောင်း ဒေါက်တာ နေဇင်လတ်ကို စာဖတ် ပရိသတ် သိချင်ကောင်း သိချင်ကြမည့် စိတ်ဝင်စားဖွယ်မေး ခွန်းများအား Popular News ဂျာနယ် အယ်ဒီတာ အဖွဲ့က အား မနာတမ်း မေးမြန်းထားပါသည်။

ဆရာတို့ တည်ထောင်တဲ့ ပါတီနာ မည်လေး သိပါရစေ။ တစ်ဦးတည်း ဦးဆောင် တည်ထောင်တာလား အဖွဲ့ရှိပါသလား။ ဘယ်ရန်ပုံငွေနဲ့ ရပ်တည်မှာလဲ။

‘အမျိုးသားပါတီ’ ( National  Party) ပါ၊ နိုင်ငံရေး စီမံခန့်ခွဲမှု၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု၊ စီးပွား ရေး စီမံခန့်ခွဲမှုက သင်တန်းသား အများစုနဲ့ ဖွဲ့စည်းထားပါ တယ်၊ လောလော ဆယ်တော့ ရန်ပုံငွေကို အဖွဲ့ဝင်တွေက နိုင်သလောက် စိုက် ထုတ်ကြတယ်၊ လုပ်ငန်းရှင် တချို့ ကတော့ ပိုပြီးထည့်ကြတယ်ပေါ့။
ပါတီရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ် ချက်ကို အကျဉ်းသဘော သိပါ ရစေ။ ဘယ်လို လူမှု လူတန်းစားကို ကိုယ်စားပြုတဲ့ ပါတီဖြစ်ပါသလဲ။ ပန်းရောင်နိုင်ငံသား ကတ် မ ကိုင် ဆောင်သူတွေ ကိုရော ပါတီဝင်ခွင့် ပြု မှာလား။
ပါတီရဲ့အမည် ကပါတီရဲ့ ဦး တည်ချက်၊ ရပ်တည်ချက်ကို ကိုယ် စား ပြုထားပါတယ်။
- အမျိုးသားအားလုံးရဲ့ အကျိုး စီးပွား အပေါ် အခြေခံ သွားမှာပါ၊ တချို့က ‘အမျိုးသား’ ဆိုတဲ့ စကား လုံးကြောင့် တစ်ဖက်စွန်း ဖြစ်မလား လို့ ဝေဖန်ကြတယ်၊ ‘အမျိုးသား နေ့’  ဆိုတဲ့ အသုံး အသုံးအနှုန်းနဲ့ ယှဉ်တွဲသတိရလိုက်ရင် ရှင်းသွားပါ လိမ့်မယ်၊ အမျိုးသားထုတစ်ရပ်လုံး ရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ် ထားပါတယ်။
-    လူတန်းစား အားလုံးကို ကိုယ် စားပြုသွားမှာပါ၊ အခြေခံ လူတန်း စားဖြစ်တဲ့ တောင်သူ လယ်သမား၊ အလုပ်သမားတွေကိုတော့ ပိုပြီး အလေး ထားရမှာပေါ့၊
- ပါတီဝင်အဖြစ်ကတော့ ဥပဒေ က ခွင့်ပြုထားတဲ့အတိုင်း ဆောင် ရွက်သွားပါ့မယ်။
ဆရာက ပါတီမှာ ဘယ်နေရာက ပါဝင်ပြီးဘယ်လို တာဝန်ကို ယူထား တာပါလဲ။ ကိုယ်တိုင်ဝင် အရွေးခံဖို့ အစီအစဉ်ရော ရှိပါသလား။   
ကျွန်တော်က လောလော ဆယ် နာယကပါ၊ မူဝါဒ (Policy) နဲ့မဟာဗျူဟာ (Strategy) အပိုင်း ကိုပဲတာဝန် ယူ သွားမှာဖြစ်ပါတယ်၊ ကိုယ်တိုင် ဝင်အရွေးခံဖို့ အစီအစဉ် မရှိပါဘူး၊ Capacity မြှင့်ထားပြီးတဲ့ ပါတီ ဝင်တွေအတွက်  အထောက် အပံ့ပေးသွားဖို့ ရည်ရွယ်ပါတယ်။
ဘာဖြစ်လို့ ပါတီ ထောင်တာပါလဲ။ ဒီအစီအစဉ်ကို ကြိုတင်ပြင်ဆင် ထားတာ အချိန်ဘယ်လောက် ကြာ ခဲ့ ပါပြီလဲ။
ဒီဘက်ခေတ်မှာ လူ့အရင်း အမြစ်ဖွံ့ဖြိုးရေး ( Human Re- source Development) အတွက် သင် တန်းတွေ ဖွင့်ခဲ့တာ ၃ နှစ် ကျော်ခဲ့ပြီ၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်း တွေကို Certificate, Diploma, Master Courses တွေ အထိဖွင့်ခဲ့ တာ အခုဆိုရင် လူနှစ်ထောင်ကျော်၊ သုံးထောင်လောက် မွေး ထုတ်ပေး ခဲ့ ပြီးပြီ၊ အဲဒီထဲကမှ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်နိုင် ဖို့ နိုင်ငံရေးက တစ်ဆင့်ဖြတ်သန်းရ မှာမိုလို့ ပါတီ တည်ထောင် ကြတာ ပါ၊ သင်တန်း တက်ကြတဲ့ အထဲက သူတို့မှာ အစီအစဉ် နဲ့ ရည်ရွယ် ချက်တွေ ရှိနေကြပါလိမ့်မယ်။

သမ္မတ အကြံပေး အဖြစ်ကနေ တောင်နုတ် ထွက်ပြီး ပါတီထောင် တာဟာ လက်ရှိ အာဏာရပါတီကို မယုံကြည်လို့လား။ အားမရလို့ လား။ ဒါမှမဟုတ် အတိုက်အခံ ပါတီ ဆီ ရောက်သွားဖို့သေချာတဲ့ အင်အားတွေ မဲတွေကို အမှည့်ခြွေ ခြွေယူဖို့ အသစ်ဆွဲလိုက်တဲ့ အာ ဏာရ ပါတီရဲ့ ကစားကွက် ကို ဖော် ဆောင်ပေးတာလား။
ကျွန်တော်တို့ ပါတီက အား လုံးကို ကြိုဆိုသွားမှာ၊ မူဝါဒတူပြီး လိုအပ်ရင် ဘယ် အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်း သွားနိုင်မှာ ဖြစ်ပေ မယ့် ဘယ်ပါတီ တစ်ခုခုရဲ့ သြဇာ ခံမှ မဟုတ်လို့ ဘယ်သူ့အတွက်ကို မှအကွက် ဖော်ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်မူဝါဒ၊ ကိုယ့်ရပ်တည်ချက် အရပါပဲ။ အာဏာရပါ တီရော၊ အတိုက်ခံ ပါတီရောက သူတို့ ယုံ ကြည်ရာ နည်းလမ်းနဲ့တော့ လျှောက် လှမ်းနေကြတာပဲလေ။ သူများကို ကျွန်တော် မဝေဖန်ချင်ဘူး။ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ပါပဲ။
ဘာဖြစ်လို့ ပြည်ခိုင်ဖြိုး၊ NLD တို့နဲ့ မပူးပေါင်းတာလဲ။
 ပြည်ခိုင်ဖြိုး၊  NLD ၊ တပ်မတော် ဆိုပြီး ခွဲခြားထားတဲ့ မူဝါဒ မရှိပါဘူး၊ နိုင်ငံ အေးချမ်းပြီး တိုးတက်အောင် လုပ်နိုင်မယ့် အဖွဲ့အစည်း အားလုံး ကိုကြိုဆိုပါတယ်။ တိုးတက်အောင် လုပ်ဆောင်ရာ မှာတော့ ချဉ်းကပ် တဲ့  မူဝါဒနဲ့ မဟာဗျူဟာ ကို တော့ လေ့လာညှိနှိုင်းရမှာပေါ့။
၂ဝ၁၅မှာ လက်ရှိ အာဏာရ ပါတီ အခြေအနေ မကောင်းနိုင်တာ သေ ချာလို့ အတိုက်အခံဆီ ကို မဲတွေ အကုန်စု မသွားနိုင်အောင် လုပ် တာလား။
၂ဝ၁၂- ကြားဖြတ် ရွေး ကောက်ပွဲမှာ ဖြစ်လာမယ့် ရလဒ်ကို ကျွန်တော် ကြိုတင် ခန့်မှန်းပေးခဲ့ပြီး အဲဒီ အတိုင်း ပဲဖြစ်လာခဲ့တယ်။ ပါတီ ကြီးနှစ်ခု ရဲ့အခြေအနေ က အ တက် ဘက်မှာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေး အနေနဲ့ အလွန် ရုန်း ကန်ရလိမ့်မယ်။ NLD လည်း အ တက်ဘက်မှာ မဟုတ်ပြန်ဘူး။ ပုံ ရိပ်ကောင်းတဲ့တတိယ အင်အားစု ကို ပြည်သူတွေ မျှော်နေတာ တစ် နှစ်လောက် ရှိသွားပါပြီ။ ဒါကြောင့် မဲပြန့်သွားတာ၊ မဲစု သွားတာတွေကို ကျွန်တော်တို့ အာရုံစိုက်စရာ မလို ပါဘူး။ အခုပြန် လာတဲ့ ခရီးစဉ် အ တွေ့အကြုံအရမှာပဲ ‘အမျိုးသား ပါတီ’ အပေါ် မျှော်လင့်တာထက် အများကြီး ပိုနေတာ အံ့သြစွာတွေ့ လိုက်ရတယ်။ ကိုယ့်ပါတီကိုယ်စိတ် ကုန်ပြီး ကျွန်တော် တို့ ‘အမျိုးသား ပါတီ’ကို ဝင်လာဖို့  ကမ်းလှမ်းထား တာတွေလည်း အများကြီးပါပဲ။ ကျွန်တော့် တပည့်တွေကို စင်တစ်ခု ဆီ ကျွန်တော် ထမ်းတင်ပေးသွား မှာပါ၊ ပြီးရင် ဘာသာရေး ဘက် အချိန်ပေးနိုင်အောင်လို့ နိုင်ငံရေး ထဲက ထွက်မယ့် အစီအစဉ်လည်း ရှိထားလို့ အကုသိုလ် အလုပ်ကို ကျွန်တော်လုပ်မှာ မဟုတ်ပါ ဘူး။ ပြော ရရင် အမျိုးသား အကျိုးစီးပွား အတွက် လုပ်ပေးနိုင်မယ့် တပည့် တွေအတွက် အုတ်မြစ်ချပေးလိုက် တာ။ ရွေးကောက်ပွဲပြီးရင် ပါတီ အမွေဆက်ခံမယ့် လူငယ် မျိုးဆက် သစ် ၂ ဆက်စာလောက်ကို ပြည် သူတွေဆီ ချပြပေးသွားပါဦးမယ်။
ပါတီက ကိုယ်စားလှယ် အတော် များများအနိုင်ရရင် ဘာလုပ်မလဲ၊ ရှုံးရင်ဘာဆက်လုပ်မလဲ။
အနိုင်ရမယ့် ကိုယ်စားလှယ် အရေအတွက်ပေါ် မှာ မူတည်ပြီး ဘယ်လောက်ရရင် ဘာလုပ်နိုင် တယ်ဆိုတဲ့ မဟာဗျူဟာ ရှိထားပြီး သားပါ။ ထုတ်ပြောဖို့ စောနေသေး ပါ တယ်။ ဘယ်ပါတီ ဘယ်လောက် ရနိုင်တယ် ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုမျိုးအထိ လေ့လာ ထားပါတယ်။ ပြီးတော့ ဖြစ်လာနိုင်တဲ့  မြန်မာ့ နိုင်ငံရေးမြင်ကွင်း ၃ မျိုးလောက်ကိုလည်း မျှော်မှန်းထားပါတယ်။

လက်ရှိသမ္မတ အပါအဝင် အစိုးရ အဖွဲ့ထဲက လူတွေ ကူးပြောင်း အားဖြည့်လာနိုင်ခြေ ရှိပါသလား။
CECç EC  စာရင်းကို အချိန်တန်လို့ ထုတ်ပြန်ပေးတဲ့ အခါမှာ အဲဒီမေးခွန်းကို ဖြေပြီးသား ဖြစ် သွားပါလိမ့်မယ်။ ပါတီရဲ့ ထိပ်ပိုင်း နေရာတွေမှာ ပညာရှင်တွေ နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ချည်းပဲ ဆိုတာ တွေ့လာမှာပါ။

လက်ရှိ အစိုးရရဲ့ပါတီခွဲ တစ်ခုလို့ သတ်မှတ်ကြတယ် ဆိုရင် ဆရာ့အ နေနဲ့ ဘာများပြောစရာရှိပါသလဲ။
လူတွေကတော့ တချို့လည်း အခုလိုမြင်နိုင် ကြမှာပဲလေ။ အဲဒါ က သူတို့ရဲ့ အခွင့်အရေးပဲ။ လက် ရှိအစိုးရ ရဲ့ ပါတီခွဲ တစ်ခုဆိုရင် သူ့ ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်နဲ့ ကျွန်တော် တို့ရဲ့ မူဝါဒ၊ ရပ်တည် ချက်တွေ တူကြရမှာပေါ့။ အခုမတူ ပါဘူး၊ ရပ်တည်ချက် တူတဲ့ အခြား မည်သည့် ပါတီနဲ့ မဆို ပူးပေါင်း၊ မဟာ မိတ်ပြုနိုင်ဖို့ ကျွန်တော်တို့ မူချ ထားတယ်။ သီးခြားလွတ် လပ်စွာ ရပ်တည် ပါတယ်။ ရန်ပုံငွေ တောင် ကျွန်တော်တို့ အခုမှစပြီး စုစည်းနေ ရပါတယ်။

PNews အဖွဲ့ တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List