Friday, May 08, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌက ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို







ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေ သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်း အခမ်းအနားကို မေ ၇ ရက် ဒေသစံတော် ချိန် ၀၉၁၅ နာရီ တွင် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည် ။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood က ခင်မင် ရင်းနှီးစွာ ခရီးဦးကြိုဆို နှုတ်ဆက်သည် ။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နှင့် ပူးတွဲစစ်ဦးစီးချုပ်များ ကော် မတီ ဥက္ကဋ္ဌ General Rashad Mahmood တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပြီး ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူအား အပြန်အလှန် မိတ်ဆက်ပေးကြသည် ။

အဆိုပါ ဂုဏ်ပြုဆိုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ တပ်ရောက်ကြပြီး ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် အတူ Lt.General Nagjib Ulah Khan, HI (M)၊ Maj.General Musarrad Nawaz Malik ၊ AVM Ahmer Shehzad, SI (M) ၊ Rear Admiral Ahmed Saeed SI (M) ၊ Maj.General Muhammad Ihsanullah ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်စစ်သံမှူး Col Azhar Yasin တို့ တက်ရောက်ကြသည် ။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပူးတွဲစစ်ဦးစီးချုပ် များ ကော်မတီဥက္ကဋ္ဌ General Rashad Mahmood မှ ဦးဆောင်သော အဆင့်မြင့် အရာရှိကြီးများနှင့် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီများ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးသည် ။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုခရီးစဉ်သည် လွတ်လပ်ရေးရပြီးသည်မှ အခုအချိန်အထိ တပ်မတော် အကြီးအကဲ တစ်ယောက်အနေဖြင့် လာရောက်သည့် ပထမဆုံးခရီး စဉ် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံရေးကို အုတ်မြစ်ချနိုင်သည်ဟု မှတ်ယူကြောင်း ၊ အစဉ်အလာအားဖြင့် အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန် လည်ပတ်မှုများ ရှိခဲ့သဖြင့် အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်မှု၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ၊ မြန်မာ့တပ်မတော်နှင့် ပါကစ္စတန် တပ်မတော်တို့ အကြား အတွေ့အကြုံများ အပြန်အလှန် ဖလှယ်နိုင်မည်ဟု ယုံကြည်ကြောင်း ၊ ယခု နှစ်ဘက်နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ၆၇ နှစ် ၊ စစ်ဘက် ဆက်ဆံမှု ၆၃ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း ၊ ပါကစ္စတန်နိုင်ငံသည် ဒေသတွင်း အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ၊ ပါကစ္စတန် တပ်မတော်ကဲ့ သို့ မြန်မာ့တပ်မတော်သည်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း ၊ မကြာမီ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံတော် အစိုးရမှ ဦးဆောင် အကောင်အထည်ဖော်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှု အခြေအနေများ ၊ လောက်ကိုင်ဒေသတွင်း ကိုးကန့် သောင်းကျန်းသူများ၏ အချုပ်အခြာအာဏာ ထိပါးမှုအား ဖြေ ရှင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန်စေ လွှတ်ရေး၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည် ။

ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌက မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ် သည် နှစ်နိုင်ငံလုံးအတွက် အရေးပါသော ခရီးစဉ်တစ်ခုဖြစ်ကြောင်း ၊ ပါကစ္စနိုင်ငံတွင်လည်း တစ်မတော် မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြောင်း ၊ ၁၉၇၁ ခုနှစ်တွင် မိမိတို့ အခက်အခဲ ရှိစဉ်က မြန်မာနိုင်ငံ အစိုးရမှ အကူအညီပေးခဲ့သည့် ကိစ္စရပ်များအပေါ် အမြဲတမ်း အမှတ်ရနေပြီး ကျေးဇူး တင်လျက်ရှိပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌတာဝန်နှင့် အာဆီယံ အစည်းအဝေးများ အား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုတိုးတက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ အပြန် အလှန် အတွေ့အကြုံ ဖလှယ်ပြီး ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ လေ့ကျင့်ရေး သင်တန်းများနှင့် ပတ်သက်၍ သင်တန်းသားများ စေလွှတ်နိုင်ရေး အဆိုပြု ကမ်းလှမ်း ပါကြောင်းနှင့် ကမ္ဘာ့နိုင်ငံအများစုမှာ တည်ငြိမ်သည့် အခြေအနေမှ မတည်ငြိမ်သည့် အခြေအနေသို့ ပြောင်း လဲ ပေါ်ပေါက်လျက် ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် မတည်ငြိမ်သည့် အခြေအနေမှ တည်ငြိမ်အေး ချမ်းသည့် အခြေအနေပေါ်ထွန်းလာသည်ကို တွေ့ရှိရသဖြင့် ဂုဏ်ပြုပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြော ကြားသည် ။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ပါကစ္စတန် တပ်မတော် စစ်ဆင်ရေးနှင့် စီမံရေးဌာနမှ ပါကစ္စတန်၏ လုံခြုံရေးအမြင် (Security Perspective of Pakistan) နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည် ။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပူးတွဲစစ်ဦးချုပ်များ ကော်မ တီ ဥက္ကဋ္ဌ General Rashad Mahmood တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက် ခဲ့ကြသည် ။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List