Wednesday, May 06, 2015

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်၏ အလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်












စတုထ္ထအကြိမ် လွှတ်တော်၏ နည်းပညာဆိုင်ရာ အရည်အသွေး တည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်ကုန်မြို့  အင်းယားလမ်းရှိ ပြည်ထောင်စုလွှတ်တော် (ရန်ကုန် - ရုံးခွဲ) တွင် ၅.၅.၂၀၁၅ ရက်နေ့  နံနက် (၉း၀၀)နာရီတွင်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တွင် ရဲ နှင့် စစ်တပ်၏ အခန်းကဏ္ဍ များပြောင်းလဲခြင်းနှင့် လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်း ခေါင်းစဉ်ဖြင့်  အလုပ်ရုံဆွေးနွေးပွဲကိုစတင်ကျင်းပ သည် ။

အဆိုပါဆွေးနွေးပွဲ ကို့ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏အိမ်ရှင်အဖြစ်လက်ခံတောင်းဆိုမှုဖြင့် ကျင်းပခြင်းဖြစ်ပြီးဥရောပသမဂ္ဂ မှငွေကြေးထောက်ပံသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး(၄ )ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်

အလုပ်ရုံဆွေးနွေးပွဲသို့  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်  ကော်မတီဝင် ဒေါက်တာဇော်မြင့် မောင်၊့ ပြည် သူ့ လွှတ်တော် တရားစီရင်ရေးကော်မတီဝင်ဦးခင်မောင်ဝင်း၊ပြည်သူလွှတ်တော် ပြည်သူ့ ရေးရာစီမံခန့် ခွဲ မှု့ ကော်မတီဝင် ဒေါက်တာ အောင်မိုးညို ၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုး ကြီး ဖေကြိုင်၊ ဗိုလ်မှုး အောင်သွင်စိုး၊ လွှတ်တော်ရုံး မှ ညွှန်ကြားရေးမှုး ဒေါက်တာထူးမောင်၊ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

NLD Chairperson

No comments:

Post a Comment

My Blog List