Thursday, May 07, 2015

ဗြိတိန်မှာ မဲပေးကြဖို့ ပြင်ဆင်နေ


မနက်ဖြန်ကျရင် ကမ္ဘာ့ နံပါတ် ၅ စီးပွားရေး အတောင့်တင်းဆုံး ဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ဘယ်သူက အုပ်ချုပ် သင့်သလဲ ဆိုတာကို မဲပေးကြဖို့ ဗြိတိန်နိုင်ငံသားတွေ ပြင်ဆင်နေကြပါတယ်။ ဗြိတိန်ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ အပြတ်အသတ်အနိုင်ရတာမျိုး မဖြစ်ခဲ့ရင်တော့ ဗြိတိန်နိုင်ငံအရေးကို ရှေးရှုပြီး အကောင်းဆုံး လုပ်သွားမယ်လို့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်ကို မနက်ဖြန်လောက်မှာပဲ သိရမှာဖြစ်ပြီး အဲဒီမှာ ပါတီငယ်တွေ နေရာ ရလာတဲ့ အနေအထားရှိတာကြောင့် ဘယ်ပါတီမှ အပြတ်အသတ် အနိုင်မရတဲ့ hung parliament ဖြစ် လာဖို့ ရှိနေပါတယ်။

အဲဒီအခါကြရင် ပါတီတစ်ခုတည်းကပဲ ကြီးစိုးလို့ မရတော့ပဲ အုပ်ချုပ်ခွင့်ရဖို့ တခြားပါတီတွေနဲ့ အပေးအယူ လုပ်ရမှာ ဖြစ်ပါတယ်။

အခုလောလောဆယ် Scottish National Party ကလည်း နေရာရလာတဲ့ အနေအထားရှိတာကြောင့် ဗြိတိန်နိုင်ငံ ဆက်လက် ထားရှိရေး မထားရှိရေးနဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင် ဆက်ဖြစ်ရေး မဖြစ်ရေးတွေမှာ ပြဿ နာ ဖြစ်လာနိုင်ပါတယ်။

စကော့တလန်နိုင်ငံက လူတချို့က ဗြိတိန်နိုင်ငံကနေ ခွဲထွက်လိုသလို တချို့ကလည်း ဥရောပ သမဂ္ဂအဖွဲ့ဝင် ကနေ ရပ်စဲလိုနေတာ ဖြစ်ပါတယ်။

အခုလောလောဆယ် အဓိက အတိုက်အခံ ပါတီဖြစ်နေတဲ့ လေဘာပါတီခေါင်းဆောင် Ed Miliband ကတော့ ရွေးကောက်ပွဲမှာ မဲရတဲ့ ပါတီတစ်ခု ဖြစ်ရင်တောင် Scottish National Party နဲ့ ပူးတွဲပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အကြောင်းရင်းကတော့ အဲဒီပါတီက ဗြိတိန်ကို ကွဲပြားအောင်လုပ်မယ့် ပါတီဖြစ်တဲ့အတွက် ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List