Monday, May 04, 2015

တရုတ်နှင့် ရုရှား ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်


မေလအလယ်တွင် တရုတ်သည် မြေထဲပင်လယ်အတွင်း ရုရှားနှင့် ပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှု များ ပြုလုပ်မည်ဟု တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။ ယခုလေ့ကျင့်မှုသည် တရုတ်နှင့် ရုရှားနှစ်နိုင်ငံ ပထမဆုံး ပူးပေါင်း၍ လေ့ကျင့်ခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့်မှုပြုလုပ်မည့်ရက်နှင့် အသေးစိတ် အစီအစဉ်ကိုတော့ မထုတ်ပြန်သေးပေ။ တရုတ်နှင့် ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ များဖြစ်ပြီး စီးပွားရေးနှင့် နိုင်ငံရေးတွင် သံတမန်ဆက်ဆံရေး ရှိကြသည်။ တရုတ်သမ္မတ Xi Jinping သည် မော်စကိုတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဟုလည်း ခန့်မှန်းရသည်။

တရုတ်သမ္မတ Xi Jinping သည် ၄င်းအာဏာရသည့် ၂၀၁၃ ခုနှစ်မှစ၍ တပ်မတော်အင်အားကို တိုးမြှင့်ရန် ကြိုးပမ်းနေ၍ ထိုသို့ကြိုးပမ်းမှုသည် ငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုဖြစ်ပြီး မည်သူ့ကိုမှ ခြိမ်းခြောက်ခြင်း မရှိဟု ပြောခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သတ်၍ ရေတပ်အင်အားကို ချဲ့ထွင်ရန်ကြိုးစားနေသည်။ တရုတ်က ၁.၃၅ သန်း စတုရန်းမိုင်ရှိသည့် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းသည် ၄င်းတို့ပိုင်နက်ဖြစ်သည်ဟု ပြောခဲ့သည်။ 

ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့သည်လည်း ရေပိုင်နက် ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အငြင်းပွားနေကြသည်။

ယမင်းအိမ်
Source: Reuters
The Myanma Age

No comments:

Post a Comment

My Blog List