Monday, May 04, 2015

အမေရိကန်ခရီးစဉ်တွင် ဆန္ဒပြသူများကို သူရဦးရွှေမန်း တွေ့ဆုံ


အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ပြည် ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း သည် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန်စောင့်ဆိုင်းနေ သော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် သွားရောက်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းသတင်းရရှိ သည်။
မေလ ၂ရက် ညနေက အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်စဉ်သံ ရုံးရှေ့တွင် ဆန္ဒပြရန်စောင့်ဆိုင်း နေကြသော မြန်မာ့အရေး တက် ကြွလှုပ်ရှားသူများနှင့်သွားရောက် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ယူခဲ့ ကြောင်း သူရဦးရွှေမန်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြ ထားသည်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်း သည် တင်ပြချက်များကို မှတ်တမ်းတင်ရယူခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပါက ဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဖော်ပြချက်၌ပါရှိသည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်း အား ၀ါရှင်တန်ဒီစီအခြေ စိုက်မြန်မာ့အရေးဆောင်ရွက်နေသူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ ရွေးကောက်ပွဲကော် မရှင်ပြန်လည်ဖွဲ့စည်းပေးရေးတို့ ပါဝင်သော အိတ်ဖွင့်ပေးစာတစ် စောင် ပေးအပ်ခဲ့ သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သမ္မတလောင်း အမည်စာရင်းတင်သွင်းပါကသမ္မ တနေရာဝင်ရောက် ယှဉ်ပြိုင်မည်ဟု အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော် ဥက္က ဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်း သည် အမေရိကန်ပြည် ထောင်စုသို့ ဧပြီ ၂၉ရက်တွင်သွား ရောက်ခဲ့ကာ ခရီးစဉ်မှာလေးရက် ခန့်ကြာမြင့် မည်ဖြစ်ပြီး မြန်မာ့အ ရေးဆောင်ရွက်နေသော အမေရိကန်ပြည်ထောင်စု အထက်လွှတ် တော်အမတ် များနှင့်လည်း တွေ့ဆုံခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List