Monday, May 04, 2015

မြန်မာရေလုပ်သားများကို မေလ ၁၅ ရက်အတွင်း ပြန်လည်ခေါ်ဆောင်ရန် သမ္မတဦးသိန်းစိန်ညွှန်ကြား


အင်ဒိုနီးရှားနိုင်ငံ ကျွန်းများပေါ်တွင် ထိန်းသိမ်းခံထားရသော မြန်မာရေ လုပ်သား ၅၀၀ ကျော်အား မေလ ၁၅ ရက်အတွင်း  ပြန်လည်ခေါ်ဆောင်ရန် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှား ခရီးစဉ်၌   စီစဉ်ညွှန်ကြား ခဲ့ကြောင်း မြန်မာရေလုပ်သားများအား နိုင်ငံသားစိစစ်ရေးများ သွားရောက်ဆောင်ရွက် ခဲ့သော မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လှကပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားကျွန်း၊ တူရယ်ကျွန်း၊ အင်ဘွန်းကျွန်းနှင့် ဘိုဒိုကျွန်းများပေါ်တွင် ထိန်းသိမ်းခံ ထားရသော မြန်မာ ရေလုပ်သား ၅၃၅ ဦးအား ပြန်လည်ခေါ်ဆောင်ရန် သမ္မတဦးသိန်းစိန်က ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော အာရှ-အာဖရိက ညီလာခံအစည်းအဝေးသို့ သွားရောက်စဉ် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ၊ အပြည်ပြည်ဆိုင်ရာရွှေပြောင်းအလုပ်သမားများ အဖွဲ့ချုပ်(IOM) နှင့် မြန် မာသံရုံးတို့ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီး ခင်မောင်လှကပြောသည်။

အင်ဒိုနီးရှားအာဏာပိုင်များ နှင့် IOM တို့က ကျွန်းများပေါ် ရောက်ရှိနေသော မြန်မာရေလုပ်သားများအား အင်ဒိုနီးရှားနိုင်ငံ အန်ဖုံမြို့သို့ ပို့ဆောင်ပေးရန်ဖြစ်ပြီး အန်ဖုံမြို့သို့ရောက်ရှိလာသော မြန်မာရေလုပ်သားများ အား မြန်မာအစိုးရက လေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်မည့်အစီအစဉ်ဖြစ်သည်။

ကျွန်းများပေါ်မှတစ်ဆင့် အန်ဖုံမြို့သို့ ပို့ဆောင်မည့်ခရီးစရိတ်ကို IOM က အကုန်အကျခံမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးခင်မောင်လှက ပြောသည်။ မြန် မာရေလုပ်သားများအား မေလ ၁၀ ရက်မှ ၁၅ ရက် အတွင်းလေ ယာဉ်ဖြင့် နှစ်ကြိမ် သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ကျန်ရှိသောသူများအားမေလ ၁၈ ရက်မှ ၂၂ ရက် အတွင်း ခေါ်ဆောင်ရန် စီစဉ်မှုများပြုလုပ်ထားကြောင်း မေလ ၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံကျွန်းများပေါ် ရှိ မြန်မာရေလုပ်သားများ အား စိစစ်ပြီး ပြန်ရောက်ရှိလာသော ဒုရဲမှူးကြီး ခင်မောင်လှ ကပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့က မြန်မာရေလုပ်သားတွေရှိတဲ့ ကျွန်းတွေပေါ်ကိုသွားပြီး စိစစ်မေးမြန်းတယ်။ မြန် မာတွေရှိလား။ ရှိရင် အကုန်လာပြီးပြောပြပါ။ အကုန်လုံးပြန်ခေါ်မယ်လို့ပြောပြီး သွား တွေ့တာပါ။ အင်ဒိုနီး ရှားကလည်း ဒီမြန်မာရေလုပ်သားတွေကို မခေါ်သေးဘူးလား မေးနေတာ။ သူတို့ကလည်း မထားချင်တော့ ဘူးပေါ့။ သမ္မတကြီး ခရီးစဉ်လာတော့ အကုန်လုံးပြန်ခေါ် မယ်လို့ ပြောသွားတာပေါ့။ မြန်မာ တွေအားလုံး ကိုလည်း နိုင်ငံသား စိစစ်မှုတွေ လုပ်ပေးခဲ့ပါပြီ။ အားလုံးကလည်း ကိုယ့်နိုင်ငံသားတွေ ပါပဲ’’ဟု ဒုရဲမှူးကြီး က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားကျွန်း၊ အင်ဘွန်းကျွန်း၊ တူရယ် ကျွန်းနှင့် ဘိုဒိုကျွန်းများပေါ်တွင် ထိန်းသိမ်းခံ ထားရသည့် မြန်မာ ရေလုပ်သားများအား စစ်ဆေး ခေါ်ဆောင်ရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှ ဒုရဲမှူး ကြီး ခင်မောင်လှဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင် ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်းများပေါ်တွင် နေထိုင်နေသော မြန်မာရေလုပ်သားများအနက် သုံးဦး သာ ပြန်လာရန်ငြင်းဆိုထားကြောင်း ဒုရဲမှူးကြီးကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း AP သတင်းဌာနက အင်ဒို နီးရှားရှိ ဝေးလံခေါင်သီသော ကျွန်းတစ်ခုတွင် ငါးဖမ်းလုပ်ငန်း အတွက် လူအများကို ကျွန်ပြုခိုင်း စေမှုများရှိနေကြောင်း ထုတ်ဖော် ရေးသားခဲ့သည်။ ၎င်းတို့ကို ထိုင်း ငါးဖမ်းသင်္ဘောများပေါ်တွင် ပြင်းပြင်းထန်ထန်  အဓမ္မခိုင်းစေခြင်း ဖြစ်ကြောင်း AP က ဓာတ်ပုံများ ဖြင့်ဖော်ပြခဲ့သည်။ အဆိုပါ သတင်းပျံ့နှံ့ လာပြီးနောက် အတင်းအဓမ္မခိုင်းစေခံနေရသည့် ကျွန်လုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List