Tuesday, May 05, 2015

အသစ်ဖွဲ့စည်းလိုက်သော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနနှစ်ခု တို့အတွက် ၀န်ကြီးဌာနဘတ်ဂျက်၏ ကိုးဆယ်ရာခိုင်နှုန်းကျော် အသုံးပြုမည်


ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်၏ ၉၁ ရာခိုင်နှုန်း ကျော်ကို အသစ်ပြောင်းလဲဖွဲ့စည်းလိုက်သော ပြည် သူ့ကျန်းမာ ရေးနှင့် ကုသရေးဌာန နှစ်ခုတို့အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကျန်း မာရေးဝန်ကြီးဌာန၏ သုံးစွဲငွေမှ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အတွက် ၂၅ ရာခိုင်နှုန်းနှင့် ကုသ ရေးဦးစီးဌာနအတွက် ၆၆ ဒသမ ၉ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၉၁ ဒသမ ၉ ရာခိုင်နှုန်း သုံးစွဲသွား မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခချုပ် ဒေါက်တာသက် ခိုင်ဝင်း ကပြောသည်။
‘‘ဦးစီးဌာနတွေကို ပြင်ဆင် ဖွဲ့စည်းလိုက်ပြီးတော့ ထောင်စု နှစ်ရည်မှန်းချက် ပန်းတိုင်တွေကို ရောက်ရှိဖို့ နဲ့ ဆောင်ရွက်ဖို့ရယ် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆေးဝါးတွေကို ပြည်သူလူထုလက်လမ်းမီနိုင် တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်ဖို့အတွက် ဆေးဝါးထုတ်ကုမ္ပဏီများ နဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာလည်း ပိုမို ကျယ်ပြန့် စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဘတ်ဂျက်ငွေကို ဦးစီးဌာနနှစ်ခုမှ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ ချို့တဲ့မှုပပျောက်စေ ရေး၊ ကလေး သူငယ်သေဆုံးမှု နှုန်းလျှော့ချရေး၊ မိခင်ကျန်းမာရေးမြှင့်တင်ရေး၊ HIV/AIDS ရောဂါနှင့် ငှက်ဖျားရောဂါ စသော အခြားရောဂါများကို တိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးဆောင်ရွက်ခြင်းနှင့် ပြည် သူလူထုလက်လှမ်းမီသော ဆေးဝါးများ ၀ယ်ယူအသုံးပြုနိုင်ရေးစသည့် လုပ်ငန်းများအတွက် သုံးစွဲသွား မည်ဖြစ်သည်။

မေလ ၅ ရက်က ကျန်းမာ ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဦးစီးဌာနအား ဖျက်သိမ်းကာ ပြည် သူ့ကျန်းမာရေးဦး စီးဌာနနှင့် ကုသရေးဦးစီးဌာနဟူ ၍ ဌာနနှစ်ခုကို ပြင်ဆင်ပြောင်း လဲဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ထို့အပြင် ဆေးသိပ္ပံပညာ ဦးစီးဌာနကို ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦး စီးဌာနအဖြစ်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန အောက် မြန်မာပြည်နှင့် အထက်မြန် မာ ပြည်တို့ကို ပေါင်းစည်း၍ ဆေး သုတေသနဦးစီးဌာနတစ်ခုတည်း အဖြစ်သို့လည်းကောင်း ပြန်လည်ပြင် ဆင်ဖွဲ့စည်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယခင် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်က ကျပ်ငွေသန်းပေါင်း ခုနစ် သိန်းတိုးချဲ့သုံးစွဲခဲ့ပြီး ၂၀၁၅-၁၆ တွင်မူ ကျပ်ငွေ သန်းပေါင်း ခုနစ်သိန်းခွဲအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်ထားသည်။

‘‘အခုလိုဌာနနှစ်ခုကို ဖွဲ့ စည်းလိုက်တာတို့ အသုံးစရိတ် တွေတိုးမြှင့်သုံးစွဲမှာတို့က ကောင်းတော့ ကောင်း ပါတယ်။ ဒါပေမဲ့ တကယ်တမ်း  ထိထိရောက်ရောက်နဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဒီဌာ နတွေ အနေနဲ့က တိကျသေချာတဲ့ အသေးစိတ်ပလန်လေး(Plan)တွေ  ရေးဆွဲထားသင့်တယ် မြင်တယ် ။  ဒါမှ တကယ်ထိရောက်တဲ့ဦးစီးဌာန တွေ ဖြစ်လာမှာပါ’’ဟု ကျောက် တံတားမြို့နယ်ရှိ အထွေထွေ ရောဂါကု ဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောကြားသည်။


7Day daily

No comments:

Post a Comment

My Blog List