Wednesday, May 06, 2015

ဒိုင်ဆုံးဖြတ်ချက် လက်မခံနိုင်သည့်အတွက် လောင်းကြေးမပေးဟု ကမ္ဘောဒီယားဝန်ကြီးချုပ်ဆို



မေ၀ယ်သာနဲ့ ပတ်ကွီရို တို့ရဲ့ လက်ဝှေ့ စိန်ခေါ်ပွဲမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အ တွက် လောင်းကြေးကို မပေးနိုင်ဘူးလို့ ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆင်က ပြောပါတယ်။


မေလ ၂ ရက်နေ့က လက်ဗီးဂတ်မှာ ရာစုနှစ်အတွင်း အကောင်းဆုံး လက်ဝှေ့ စိန်ခေါ်ပွဲကို ပြုလုပ်ခဲ့ပြီး ဟွန်ဆင်က ဖိလစ်ပိုင် လက်ဝှေ့ကျော်ဘက် အမေရိကန် ဒေါ်လာ ၅ ထောင် လောင်းခဲ့တယ်လို့ ဆိုပါတယ်။

ပွဲအပြီးမှာ လက်ဝှေ့ဒိုင် သုံးယောက်စလုံးက မေ၀ဲသာကို အနိုင်ပေးခဲ့လို့ ပရိသတ်တွေ အတော်များများ မကျေမနပ်ဖြစ်ခဲ့ကြသလို ကမ္ဘောဒီယား ၀န်ကြီးချုပ်ကလည်း မမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန် ပါတယ်။

တကယ်တော့ အနိုင်ရသူဟာ ပတ်ကွီရိုပဲ ဖြစ်သင့်တယ်လို့ ဟွန်ဆန်က ပြောတယ်လို့ Cambodia Daily သတင်းစာမှာ ဖော်ပြပါတယ်။ မေ၀ယ်သာ နေရာမှာ ကျနော်ဆိုရင် သရေပွဲအဖြစ် သတ်မှတ်မယ်လို့လည်း ဆိုပါတယ်။

အသက် ၆၂ နှစ်အရွယ် ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို အနှစ် ၃၀ ကျော် အုပ်ချုပ်လာသူ ဖြစ်ပြီး ဘောလုံး ၀ါသနာအိုးအဖြစ် သိထားကြပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားမှာ ဒီလို အလောင်းအစားတွေကို တရားမ၀င် သတ်မှတ်ထားတာကြောင့် လက်ဝှေ့ ပွဲ လောင်းကြေး ကိစ္စနဲ့ ပတ်သက်လို့ ဟွန်ဆန်ရဲ့ မှတ်ချက်ဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ ဆွေးနွေးဝေဖန် စရာ ဖြစ်နေပြီး အစိုးရ ပြောခွင့်ရသူက ၀န်ကြီးချုပ်က ဟာသပြောတာပါလို့ တယ်လီဂရပ် သတင်းဌာန ကို ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List