Wednesday, May 06, 2015

လက်ငင်းနိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို NDF ပါတီ၏ ဆဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်း အဝေးဆွေးနွေးမည်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဆဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်း အဝေးကို ၂၀၁၅ခုနှစ်၊ မေလ (၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ 


ထိုအစည်းအဝေးတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ် များနှင့်အတူ နိုင်ငံနှင့်ပြည်သူတို့၏အကျိုးစီးပွားနှင့် ပတ် သက်သော ကိစ္စရပ် များကို ဗဟိုဦးစီးကော်မတီဝင်များအား ချပြဆွေး နွေးမည့် လက်ငင်းနိုင်ငံရေး ဆိုင်ရာ အစီအစဉ်တစ်ရပ်လည်းပါရှိပြီးထိုဆွေးနွေးမည့်အချက်များမှာ အောက်ပါ အတိုင်းဖြစ်ကြောင်း သိရှိရ ပါသည်။

တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းရာတွင် အင်အားသုံးဖြေရှင်းသည့် အနေအထားသို့ ရောက်ရှိစေခဲ့သော အစိုးရနှင့် လွှတ်တော်အပါအ၀င် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးတို့၏ လယ်သမား၊ အလုပ် သမားနှင့် ကျောင်းသားများအပေါ် ကိုင်တွယ်ဆောင်ရွက်ပုံအသီးသီးအား သုံးသပ်ချက်။

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတွင် အတိုက်အခံအင်အားစုများသည် ဒီမိုကရေစီအင်အားစုများ ဘက်ထက် အာဏာနိုင်ငံရေးဘက်သို့ အလေးပေးဆက်ဆံသည့် နိုင်ငံရေးအနေအထားအပေါ် သုံးသပ်ချက်။

ပီပြင်သောဈေးကွက်စီးပွားရေးစနစ်အစား လက်ဝါးကြီးအုပ်အရင်းရှင်ပုံစံ ကျင့်သုံးနေမှုနှင့် ဆက်စပ် နေ သည့် လယ်ယာမြေပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည့်အပေါ် သုံးသပ်ချက်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရောက်စေရန် လက်ရှိရောက်ရှိနေသော အပစ်အခတ်ရပ်စဲရေး အနေအထားအပေါ် သုံးသပ်ချက်။

ဗဟိုအာဏာလျော့ချရေးနှင့် အာဏာခွဲဝေကျင့်သုံးရေးတို့သည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီး ပွား ရေးဘ၀များကို မြင့်မားစေပြီး အမျိုးသားညီညွတ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ် ချက် စသည်တို့ကို နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကြီးတွင် ထည့်သွင်းဆွေး နွေး၍ ဗဟိုဦးစီးကော်မတီဝင်များ၏ သဘောထားများကို ရယူသွားမည်ဖြစ်ကြောင်း စသည့် နိုင်ငံရေး လုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးသွားကြမည်ဟု သတင်းရရှိပါသည်။

National Democratic Force(NDF)

No comments:

Post a Comment

My Blog List