Monday, November 24, 2014

လိပ်ကျွန်းအမှုအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးမည်



မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ် အဖွဲ့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာပါတယ်။ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့အမှုကို လိုက်ပါ ဆောက်ရွက်နေတဲ့ အထူးစုံစမ်းရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ် အပါအဝင်၊ ထိုင်းလွှတ်တော်အဖွဲ့ဝင်များ တွေ့ဆုံပြီး ကော့တောင်ကျွန်း လူသတ်မှုတွင် မတရားဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ယောက်ကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမှုကို ကူညီပေးနေတဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ လည်း တွေ့ဆုံဖို့ စီစဉ်ထားသလို ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မောင်ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဦးခင်မောင်မြင့်နဲ့အဖွဲ့ဟာ လူငယ် ၂ ယောက် အာမခံအတွက် ကုန်ကျမယ့် ငွေကြးတွေကို ကူညီပေးမှာ ဖြစ်ပြီး၊ အထူး စုံစမ်းရေးအဖွဲ့အတွက် လိုအပ်တဲ့ ကိစ္စအဝဝကို အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 

မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List