ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်တယောက် လူမြင်ကွင်းကို ထွက်လာပါပြီ။ မစ္စယင်လတ်တယောက် အခုလို လူမြင် ကွင်း ထွက်လာတာဟာ မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ပါ တယ်။
မစ္စယင်လတ်ရဲ့ ကုန်တိုက်ကြီး တခုမှာ ဈေးဝယ်ထွက်လာတဲ့ မှတ်တမ်း ဓာတ်ပုံတွေဟာ ထိုင်း လူမှုကွန်ရက်တွေမှာ ဇွန်လ ၇ ရက်နေ့က ပျံ့နှံ့လာပါတယ်။
မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး မစ္စ ယင်လတ်အပါအဝင် အစိုးရ ဝန်ကြီးတချို့နဲ့ အတူ နိုင်ငံရေး ခေါင်းဆောင်တွေကို ထိုင်းစစ်တပ်က ယာယီထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ ပါတယ်။
ဒါပေမယ့် နိုင်ငံခြား ကိုတော့ ထွက်ခွာခွင့် မပြုထားပါဘူး။ အခုတော့ စစ်အာဏာ မသိမ်းမီကတည်းက ဝန်ကြီးချုပ် ရာထူး နုတ်ထွက်ခဲ့ရတဲ့ မစ္စယင်လတ်နဲ့ အစိုးရ ဝန်ကြီးတချို့ကိုလည်း အာဏာသိမ်း စစ်ကောင်စီက ထိုင်း လယ်သမားတွေဆီက စပါးအပေါင်ခံတဲ့ကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့စစ်ဆေးမယ့်ကိစ္စ ထိုင်းသတင်းတွေမှာလည်း ဆက်တိုက်ဖော်ပြနေပါတယ်။
ဧရာဝတီblog
No comments:
Post a Comment