Wednesday, June 11, 2014

သခင်ယေရှုပုံနဲ့ ကမ္ဘာ့ဖလား ကြော်ငြာ ဝေဖန်ခံရ


ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း ​မနက်ဖြန်ဆိုရင် ​စတင်တော့မှာ ​ဖြစ်တာကြောင့် ​လောင်းကစား ​ဒိုင်တွေ ကလည်း ​သူ့ထက်ငါ ​အပြိုင်အဆိုင် ​ကြော်ငြာနေကြပါတယ်။လောင်းကစားဒိုင် ​Sportsbet ​ကလည်း ​ဘရာဇီးလ် ​နိုင်ငံ ​ရီယိုမြို့က ​အထွဋ်အမြတ်ထားတဲ့ ​သခင်ယေရှုရဲ့ ​ရုပ်ပုံပုံစံတူ ​မိုးပျံပူပေါင်းလုပ်ပြီး ​Sportsbet ​စာတန်းပါ ​သြစတြေးလျ ​ဘောလုံးအသင်း ​အင်္ကျီကို ​၀တ်ဆင်ပေးထားသလို ​သြစတြေးလျ ​နိုင်ငံ ​မဲလ်ဘုန်း ​မြို့ပေါ်မှာလည်း ​မနေ့က ​ပျံသန်း ​ကြေညာခဲ့ပါတယ်။


အဲဒီအပေါ်မှာ ​ခရစ်ယာန် ​ဘာသာရေး ​ခေါင်းဆောင်တွေက ​အမျက် ​ဒါသ ​ထွက်ခဲ့ကြပြီး ​လောင်း ​ကစားဒိုင်တွေရဲ့ ​လုပ်ရပ်ဟာ ​ဘောင်ကျော် ​တယ်လို့ ​သြစတြေးလျ ​အသင်းတော်များ ​လောင်းကစားမှု ​ပပျောက်ရေး ​အဖွဲ့ ​ဥက္ကဋ္ဌ ​သိက္ခာတော်ရဆရာကြီး ​Tim ​Costello ​က ​ပြောကြားလိုက်ပါတယ်။

သခင်ယေရှုဟာ ​ခရစ်ယာန်တွေရဲ့ ​အထွဋ် ​အမြတ် ​ဖြစ်သလို ​လောင်းကစား ​မှုတွေကို ​ရှုတ်ချခဲ့သူ ​ဖြစ်တာကြောင့် ​လောင်းကစား ​ဒိုင်တွေရဲ့ ​အခု ​လုပ်ရပ်ဟာ ​ခရစ်ယာန် ​ဘာသာရေး ​နဲ့ ​လုံးဝ ​ဆန့်ကျင်နေတာ ​ဖြစ်ပြီး ​လောင်းကစားမှုကြောင့် ​ဘ၀ပေါင်းများစွာ ​ပျက်စီးခဲ့ ​ရတယ်လို့ ​သိက္ခာတော်ရဆရာကြီး ​Tim ​Costello ​က ​ထပ်လောင်း ​ပြောကြားလိုက်ပါတယ်။

လောင်းကစားဒိုင် ​Sportsbet ​ရဲ့ ​ပြောခွင့်ရသူကတော့ ​အခု ​လုပ်ရပ်ဟာ ​လောင်းကစား ​လုပ်ဖို့ ​အားပေးတာ ​မဟုတ်ကြောင်းနဲ့ ​နိုင်ခြေသိပ်မရှိဘူးလို့ ​လူတွေ ​ပြောနေကြတဲ့ ​သြစတြေးလျ ​အသင်းကို ​အားပေးတဲ့ ​လုပ်ရပ်သာ ​ဖြစ်တယ်လို့ ​တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List