Wednesday, June 11, 2014

တောင်ကိုရီးယားက သင်္ဘော တိမ်းမှောက်တဲ့ အမှုကို တရားရုံးက စတင်ကြားနာ


အထက်တန်းကျောင်းသား ​အများအပြား ​ပါဝင်ပြီး ​လူပေါင်း ​၃ ​ရာ ​ကျော် ​သေဆုံးခဲ့ရတဲ့ ​ကိုရီးယား ​သင်္ဘော ​တိမ်းမှောက်မှုနဲ့ ​ပတ်သက်ပြီး ​တရားစွဲ ​ခံထားရတဲ့ ​Sewol ​ဖယ်ရီ ​သင်္ဘောဝန်ထမ်း ​၁၅ ​ဦးရဲ့ ​အမှုကို ​တောင်ကိုးရီးယားနိုင်ငံ ​Gwangju ​ပြည်နယ်မှာ ​စတင် ​ကြားနာနေပြီ ​ဖြစ်ပါတယ်။

အသက် ​၆၈ ​နှစ်အရွယ် ​သင်္ဘော ​မာလိန်မှူး ​Lee ​Joon-seok ​နဲ့ ​တခြား ​အကြီးတန်း ​၀န်ထမ်း ​၃ ​ဦးကို ​လူသေမှုနဲ့ ​စွဲချက် ​တင်ထားတာ ​ဖြစ်ပြီး ​သေဒဏ် ​ကျခံရ ​နိုင်ပါတယ်။

တခြား ​၀န်ထမ်း ​၂ ​ဦးကိုတော့ ​သင်္ဘောကို ​စွန့်ခွါပြေးမှု ​နဲ့ ​ကျန် ​၉ ​ဦးကိုတော့ ​ပေါ့ဆမှုတွေနဲ့ ​စွဲချက်တင်ထားပြီး ​ထောင်ဒဏ် ​ကျခံရနိုင်ပါတယ်။

ပထမနေ့ ​ကြားနာမှုကို ​တရားသူကြီး ​၃ ​ဦးပါအဖွဲ့ ​က ​စတင် ​စစ်ဆေးနေပြီး ​တရားခံ ​အများစုကတော့ ​ဂျူရီကြားနာမှုကို ​မရွေးချယ်ခဲ့ကြပါဘူး။

သင်္ဘောမာလိန်မှူးနဲ့ ​တခြား ​အကြီးတန်း ​၀န်ထမ်းတဦးက ​သူ့တို့ ​အပေါ် ​သက်ညှာပေးဖို့ ​အသားနားခံခဲ့ကြတဲ့ ​စာရွက်စာတမ်းတွေလည်း ​တရားရုံးမှာ ​တွေ့ရပါတယ်။

သင်္ဘော ​ထိန်းချုပ်ရေးကို ​ကိုယ်တွယ်တဲ့ ​Yoo ​Byung-un ​ဆိုသူဟာ ​သင်္ဘောတိမ်းမှောက်မှု ​ဖြစ်ပွားတဲ့ ​အခြေအနေမှာ ​လုံခြုံရေး ​ပေါ့ဆမှုရှိပြီး ​ထွက်ပြေးနေတဲ့ ​သူ့ကိုလည်း ​အာဏာပိုင်တွေက ​ရှာဖွေနေဆဲ ​ဖြစ်ပါတယ်။

Jeju ​အပန်းဖြေ ​ကျွန်းကို ​အသွား ​ဧပြီလ ​၁၆ ​ရက်နေ့ ​မှာ ​သင်္ဘော ​တိမ်းမှောက်ခဲ့တာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List