Tuesday, June 10, 2014

နှစ်ပေါင်း ၂၀ စီးပွားရေးပိတ်ဆို့ခံရလို့တိုင်းပြည်ဆင်းရဲခဲ့ဟု နိုင်ငံတော်သမ္မတပြောကြား


ဇွန် ၇ ရက်နေ့က ပဲခူးမြို့ ရွှေမော်ဓောဘုရားဝင်းအနီး၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးရေးပွားဘ၀မြှင့်တင်ရေး အခမ်းအနားသို့နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အမှာစကား  ပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက်လုပ် ဆောင်ရာတွင် အောင်မြင်မှုများရှိသကဲ့သို့စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ ရကြောင်း စနစ်တစ်ခုမှတစ်ခုသို့ပြောင်းလဲရာတွင် ခြေလှမ်းတိုင်းသတိကြီးစွာဆောင်ရွက်ခဲ့ရ ကြောင်း ပြောကြားသည်။

သမ္မတ၏မိန့်ခွန်းတွင် နိုင်ငံ ရေးအကျဉ်းသားများမရှိတော့ဟု ဆိုနိုင်ကြောင်း၊ သို့သော်နိုင်ငံရေးအကျဉ်းသား အချို့ကျန်ရှိနေသေး သည်ဟုပြောဆိုချက်များအပေါ် စိစစ်နိုင်ရန်အတွက် လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကဆောင်ရွက်နေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍မကြာမီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကိုလက်မှတ်ရေးထိုးနိုင် တော့မည်ဖြစ်ကြောင်း၊ ယနေ့ သမ၀ါယမ၀န်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူး ပေါင်းဆောင်ရွက်သည့်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့်ပြည်သူဗဟိုပြုလုပ်ငန်းဖြစ် ကြောင်းထည့်သွင်းပြော ကြားခဲ့သည်။

“မိမိတို့နိုင်ငံဟာနှစ်ပေါင်းနှစ် ဆယ်လောက်စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံခဲ့ရတဲ့အတွက် တိုင်းပြည် ဟာဆင်းရဲ ခဲ့ရပါတယ်။ တိုင်းပြည်  ဖွံ့ဖြိုးတက်ဖို့အတွက် ဆင်းရဲနွမ်း ပါးမှုကိုလျှော့ချဖို့လိုပါတယ်။ နိုင်ငံ  တော်ရဲ့ရည် မှန်းချက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး၊ ကုလသမဂ်္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတို့ကို  လည်းထိရောက်စွာဆောင် ရွက်နေပါတယ်။ ပြည်သူများရဲ့ လူမှုစီးပွား   လည်းအမှန်တကယ်တိုးတက်လာ မှာဖြစ်ပါတယ်။ သမ၀ါယမ ၀န်ကြီးဌာနနဲ့ ဒေသတာဝန်ရှိသူများအပါ အ၀င်ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါတယ်”ဟု အခမ်း အနားသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများကို သမ်္မတက အမှာစကားပြောကြားသည်။

သမ္မတ မိန့်ခွန်းကို ကြိုဆိုသူများရှိသလိုနှစ်ပေါင်းနှစ်ဆယ်ခန့် စီးပွားရေးပိတ်ဆို့မှုဒဏ်ခံခဲ့ရသဖြင့် တိုင်းပြည်ဆင်းရဲရခြင်းဟူသည့် သမ်္မတ၏အကြောင်းပြချက်အပေါ် နှစ်ပေါင်းနှစ်ဆယ်ခန့်စစ်အစိုးရနှင့် အပေါင်းအပါတစ်ကိုယ်ကောင်း စီးပွားရေးသမားများ၏အနိုင်ကျင့်မှုများကြောင့် ပြည်သူများမြေမဲ့ ယာမဲ့ ဆင်းရဲခဲ့ရပုံကိုလည်း ထည့်သွင်းပြောကြားဖို့လိုကြောင်း၊ တိုင်းပြည်၏ဆင်းရဲမှုနှုန်းကို တိုင်းတာရာတွင် လည်းစိတ်သွားတိုင်း ကိုယ်မပါနိုင်သည့်ပြည်သူ့ဘ၀များကို မည်သည့်စံဖြင့်တိုင်းတာမည် နည်းဆိုသည် မှာမေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လေ့လာသုံးသပ် သူများကဝေဖန်လျက်ရှိကြသည်။

Hot News Journal 

No comments:

Post a Comment

My Blog List