Thursday, June 12, 2014

သြစီရဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို အတုယူ သင့်ကြောင်း အိုဘားမားပြော



အမေရိကန် ပြည်ထောင်စုအနေနဲ့ သြစတြေးလျနိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို အတုယူသင့်တယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောဆိုလိုက်ပြီး တင်းကျပ်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ အမေရိကန် သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။
အော်ရီ ကန်မြို့ ကျောင်း တစ်ကျာင်းမှာ သေနတ် သမား တစ်ဦးက ၀င်ရောက် ပစ်ခတ် ခဲ့တာကြောင့် ကျောင်းသား တစ်ဦး သေဆုံး ခဲ့ပြီး အဆိုပါ သေနတ် သမားက ကိုယ့်ကိုယ်ကို အဆုံး စီရင် သွား ခဲ့ တဲ့ ဖြစ်ရပ် အပြီးမှာ အမေရိကန် သမ္မတ က အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ သေနတ်ပစ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီသီတင်းပတ်တွေ အတွင်း ၃ ကြိမ်မြောက် ဖြစ်ပွားခဲ့တာပါ။

အမေရိကန်ရိုင်ဖယ် အစည်းအရုံးကို လွှတ်တော်က ကြောက်လန့်နေကြတဲ့အတွက် ပြည်သူတွေရဲ့ တောင်းဆိုမှုကပဲ အပြောင်းအလဲတွေကို ဖြစ်လာနိုင်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List