Wednesday, June 11, 2014

တရုတ် - ဗီယက်နမ် ရေပိုင်နက်အငြင်းပွားမှု ကုလရောက်


တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက်အငြင်းပွားရာက တင်းမာမှုတွေပေါ်ပေါက်နေတဲ့ကိစ္စ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြားဝင်ဖြေရှင်းပေးဖို့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေက
အကူအညီတောင်းခံခဲ့ကြပါတယ်။

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်းအသီးသီးပြောဆိုထားကြတဲ့ရေပိုင်နက်ထဲက တရုတ်နိုင်ငံရဲ့ရေနံ တူးဖော်ရေးလုပ်ငန်း တွေကိုဗီယက်နမ်နိုင်ငံက ဥပဒေမဲ့၊ အတင်းအကျပ် နှောင့်ယှက်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ကို တင်ပြခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဗီယက်နမ်နိုင်ငံကချိုးဖောက်ခဲ့သလို၊ တရုတ် အလုပ် သမားတွေကိုလည်းအကြီးအကျယ်ခြိမ်းခြောက်မှုတွေရှိခဲ့တဲ့အကြောင်း တရုတ်နိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး Wang Min က ပြောဆိုခဲ့ပါတယ်။

ထို့အတူပဲ ဗီယက်နမ်နိုင်ငံကလည်း အတွင်းရေးမှူးချုပ်ထံ တင်ပြရာမှာတရုတ်နိုင်ငံဟာ ဗီယက်နမ်ရဲ့အချုပ် အခြာအာဏာပိုင်ဆိုင်မှုကိုချိုးဖောက်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ရေနံတူးဖော်ရေးလုပ်ငန်းတွေနဲ့ သင်္ဘောတွေကို ပြန်လည်ရုပ်သိမ်းဖို့လည်းတောင်းဆိုခဲ့ပါတယ်။ 

တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံက ပေးပို့တဲ့စာတွေထဲမှာကုလသမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဆိုင်ရာ ဥပဒေအပါအ၀င် နိုင်ငံတကာ သဘောတူညီချက်တွေကို ကိုးကားထားကြပြီး၊ တင်ပြချက်တွေကို ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေဖို့လည်း အတွင်း ရေးမှူးချုပ်ကိုတိုက်တွန်းထားကြပါတယ်။

Source;Daily Telegraph 
The Myanma Age

No comments:

Post a Comment

My Blog List