အီရန်နိုင်ငံ Khatam-ol-Anbiya လေကြောင်းရန် ကာကွယ်ရေး အခြေစိုက်စခန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေ ကို ကာကွယ်နိုင်ရေးအတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်များရဲ့ စွမ်းဆောင်နိုင်မှုကို
အကဲဖြတ်သုံးသပ်တဲ့ စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
Mesbah-ol Hoda အမည်ပေးထားတဲ့ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကိုနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ အဆိုပါဒေသဟာပါရှန်ပင်လယ်ကွေ့နိုင်ငံများနဲ့ အိမ်နီးချင်း ဖြစ်တဲ့အပြင် မဟာဗျူဟာအရအရေးပါတဲ့ဒေသဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Ali Reza Sabahi-Fard ကပြောပါတယ်။
ဒုံးပျံ ကာကွယ်ရေးစနစ်၊ အီလက်ထရွန်နစ်နဲ့ရေဒါစနစ်တွေကိုအဲဒီတစ်ရက်ကြာ စစ်ရေးလေ့ကျင့်ခန်း အတွင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သူက ထပ်ဆင့်ပြောကြားပါတယ်။
နိုင်ငံရဲ့အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ စစ်ရေးလေ့ကျင့်ခန်းနှစ်ခုကိုပြုလုပ်သွား မှာဖြစ်တယ်လို့ဗိုလ်မှူးချုပ် Ahmad Reza Pourdastan ကလွန်ခဲ့တဲ့ ဧပြီ ၁၈ ရက်တုန်းက ပြောကြား ခဲ့ကြောင်း သိရပါတယ်။
Source;Far News
The Myanma Age
No comments:
Post a Comment